Making Flash Menu Bar
တစ်ရက်က ကိုသားဖြူ က သူ့ရဲ့ မိုးကုတ်မီဒီယာ အတွက် ကျွန်တော့် ဘလော့ခ်ကလို menu bar လုပ်ချင်လို့ ပါဆိုပြီး cbox မှာ လာအော်သွားပါတယ်။ ဒါနဲ့ ဒီပို့စ်ကို ရေးဖြစ်တာပါ။ ကျွန်တော် ဘလော့ခ်က menu bar ကို flash နဲ့ လုပ်ထားတာပါ။ အမှန်တော့ ကျွန်တော်က flash ကို မကျွမ်းပါဘူး။ ဒီလို့ပဲ menu bar လေး လုပ်ချင်လို့ အင်တာနက်မှာ လျှောက်ရှာရင်း ရလာတဲ့ ဆော့ဝဲလေးနဲ့ လုပ်ထားတာပါ။ ဆော့ဝဲက ယူဇာအတွက် အရမ်းကိုလွယ်ပါတယ်။ ဘာ flash အခြေခံမှ သိစရာမလိုပါဘူး။ အဲဒီ ဆော့ဝဲက Script Ocean က Horizontal Flash Menu Wizard v2.0 နဲ့ လုပ်ထားတာပါ။ အခု menu bar လုပ်ဖို့ အဲဒီ software ကို အရင်ဆုံး Download ချပါ။ Trial Version ရမှာပါ။ အဲဒီ trial version ကို ဒီ serial key နဲ့ register လုပ်ပါ။ S/N h84g39pm278k ဒါဆို စလုပ်လို့ရပါပြီ။
ပထမဆုံး software ကို စဖွင့်ပြီး အဲဒီမှာ ပေးထားတဲ့ template ၄ ခုထဲက ကြိုက်ရာ တစ်ခုရွေးလိုက်ပါ။
နောက် page မှာ flash size တွေ mouse over တွေ ဘက်ဂရောင်း ကာလာတွေ ရွေးပါ။
နောက် font ရွေးပါ။
button လုပ်ဖို့ page ရောက်ရင်တော့ button ရဲ့ စာသားနဲ့ link, နောက် target frame, button Width ရွေးပါ။ target frame မှာ _self ဆိုရင် user လက်ရှိဖွင့်ထားတဲ့ browser Windows ကပဲ လင့်ကိုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီမှာ _blank သုံးပါတယ်။ _blank သုံးရင်တော့ ကလစ်လုပ်တဲ့ လင့်ကို နောက်ထပ် browser Windows တစ်ခုနဲ့ လာပြပေးမှာပါ။ နဂို page က ပြောင်းမှာမဟုတ်ပါဘူး။
နောက် Menu Item Color တွေ Sub Menu Item Color တွေ ချိန်ပါ။ အဲဒီမှာ Gradient အရောင်လည်း သုံးလို့ရပါတယ်။
နောက် Icon တွေထည့်ဖို့လည်းပါပါတယ်။ button shape တွေ ချိန်ပါ။ preview ကြည့်ကြည့်ပါ။ စိတ်တိုင်းမကျသေးရင် ပြန်ပြီး ကာလာတွေပြင်ပါ။ ပြီးရင်တော့ Flash Menu Bar လေး တစ်ခုရပါပြီ။ အဲဒီက step 3 က Copy Files Into နဲ့ save လုပ်မယ့်နေရာရွေးလိုက်ပါ။ နောက် အဲဒီနေရာက .swf ဖိုင်ကို အောက်မှာပြထားတဲ့ ကုဒ်နဲ့ ထည့်လိုက်ပါ။ ဆော့ဝဲကပေးထားတဲ့ ကုဒ်ကသုံးလို့မရပါဘူး။ စက်တိုင်းမှာမပေါ်ပါဘူး။ ကျွန်တော်တောင် အဲဒီကုဒ်နဲ့ထည့်တုန်းက မပေါ်လို့ ဦးသိန်း ကို လိုက်မေးနဲ့ အတော်တိုင်ပတ်ခဲ့ပါသေးတယ်။
<OBJECT height=150 width=950> <PARAM NAME="movie" Value="http://yourname.googlepages.com/flash.swf">
<embed height='150' src="http://yourname.googlepages.com/flash.swf"
type='application/x-shockwave- flash' width='950'> </embed></OBJECT></DIV>
အခုပြထားတဲ့ ကုဒ်ထဲမှာ အနီရောင်နဲ့ပြထားတဲ့ height နဲ့ width နေရာတွေမှာ သင်လိုသလောက် menu bar အရှည်ကိုထည့်ပါ။ နောက် .swf ဖိုင်ရဲ့ hosting နေရာနှစ်ခုကို သင်တင်ထားတဲ့ .swf ဖိုင်ရဲ့ လင့် အစားထိုးထည့်လိုက်ပါ။ နောက် embed height နဲ့ width ကိုလည်း အပေါ်က ပြောင်းခဲ့တဲ့ height နဲ့ width အတိုင်း အတူပြောင်းလိုက်ပါ။ ဒါဆိုရင် လှပတဲ့ flash menu bar လေးရပါပြီ။ နောက် Script Ocean မှာ ဒီလို flash menu bar လုပ်တဲ့ software အပြင် အခြား flash software တွေရနိုင်ပါသေးတယ်။ Software အားလုံး serial key က ကျွန်တော် အပေါ်က ရေးထားတဲ့ key တစ်ခုတည်းနဲ့ အကုန်ဖွင့်လို့ရပါတယ်။ ကျွန်တော့် ဘလော့ခ် side bar က ညီအကို၊ မောင်နှမများဆိုတဲ့ flash လေးကလည်း အဲဒီက flash text fader ဆော့ဝဲ သုံးပြီးလုပ်ထားတာပါ။ အခုတော့ ကျွန်တော့် ဘလော့ခ်က အဲဒီ flash လေးဖြုတ်ဖို့ စဉ်းစားထားပါတယ်။ ဘာလို့လဲဆိုတော့ ညီအကို၊ မောင်နှမတွေများလာတော့ အဲဒီ flash နဲ့လုပ်ရင် ဆိုဒ်ကြီးနေမှာမို့လို့ပါ။ ရိုးရိုးလင့်ခ်နဲ့ပဲ ပြောင်းတော့မှာပါ။
Technorati Tags: flash, flash menu bar, horizontal flash menu, menu bar, scriptocean, making flash menu
