Thax Soe & Dj Jay - ဆိုင်းကြိုက်တဲ့မောင်
Thax Soe, Thar Soe, DJ Jay, Remix, Myanmar MTV, Myanmar Saing, Myanmar Traditional Song, Myanmar Nat Doe, Burma
Friday, April 11, 2008 by tayzar funny , Music , music video
Thax Soe, Thar Soe, DJ Jay, Remix, Myanmar MTV, Myanmar Saing, Myanmar Traditional Song, Myanmar Nat Doe, Burma
Thursday, April 10, 2008 by tayzar guitar , Music , My fav Bands , Personal
ဒီနေ့ အခွေဆိုင်မှာ ကျွန်တော်ရှာနေတဲ့ အခွေတစ်ခွေတွေ့လို့ ၀ယ်ဖြစ်ခဲ့တယ်။ လမ်းဘေးက အခွေဆိုင်တွေထက်စာရင် ဈေးကြီးပေမယ့် ကျွန်တော် လိုချင်လို့ ရှာနေတဲ့ အခွေမို့ တန်ပါတယ်။ Children Of Bodom ဆိုတဲ့ band ပေါ့။ သူတို့ရဲ့ live show CHAOS RIDDEN YEARS ပေါ့။ အဲဒီ live show ခွေရှာနေတာကြာပြီ အခြား MTV တွေ show တွေရှိပေမယ့် အဲဒါမရှိသေးလို့။ အမျိုးအစားက နားငြီးတဲ့ music ပေါ့ Melodic Metal မျိုးတွေ Vocal Alexi Laiho ရဲ့ signature guitar အကြောင်းတောင် အရင်က ကျွန်တော်ရေးခဲ့သေးတယ်။ ကျွန်တော့်ရဲ့ အခု ဘလောခ့် Reaper's Blog ဆိုတာ သူတို့ သီချင်းတစ်ပုဒ်နားထောင်ရင်း ကျွန်တော် နာမည်ပေးလိုက်တာလေ =)။ ဒီနှစ် ဖေဖော်ဝါရီလောက်က ကျွန်တော် အခုပုံမှာ ပြထားတဲ့ သူတို့ logo Reaper ပုံလေးတောင် ကျွန်တော် banner မှာ သုံးလိုက်သေးတယ်။ ကျွန်တော်ကတော့ သူတို့ သီချင်းတွေ ကြိုက်ပါတယ် ခုနကတောင် အိမ်မှာ ဂစ်တာလိုက်တီးခဲ့သေးတယ်။ သူငယ်ချင်းတို့လည်း YouTube ဘက်ရောက်ရင် သူတို့ Mtv တွေ ရှာပြီး နားထောင်ကြည့်ပါဦး။ Needled 24/7 လို သီချင်းတွေ မိုက်တယ်။ ဂစ်တာကတော့ တကယ် ကျွမ်းကျင်ကြတာပဲ သီချင်းတစ်ပုဒ်တစ်ပုဒ်ကို တီးလိုက်တဲ့ solo တွေ မနည်းကျင့်ယူရတယ်။ နောက်မှ သီချင်းတစ်ပုဒ်ချင်းစီ အကြောင်း ထပ်တင်ပေးပါဦးမယ်။ =)
Children Of Bodom, COB, Alexi Laiho, Guitar Jackson, ESP Guitar, COBHC
Thursday, February 28, 2008 by tayzar Download , Music , Web , Web 2.0

ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းတွေထဲမှာ ရှေးရှေးက Hawaii 50 လိုသီချင်းတွေ နောက် When you believe (Prince Of Egypt), Go The Distance, I won't say i'm in love (Hercules), Lion sleep tonight လို ကာတွန်းကားက ဇာတ်ဝင်သီချင်းတွေလည်း အရမ်းကြိုက်ပါတယ်။ အဲဒီလို သီချင်းဟောင်းတွေ အရင်က ကျွန်တော့်ဆီမှာ ကတ်ဆက်ခွေတွေနဲ့ရှိခဲ့ပေမယ့် အခုချိန်မှာ mp3 နဲ့လိုချင်တဲ့ အခါ ကျွန်တော် Multiply ဆိုတဲ့ Social Networking site (expecially for Music lovers) ဆိုဒ်ကနေရှာပါတယ်။ အခုတော့ ၂ လလောက်ရှိသွားပါပြီ Multiply က Search မှာ Music ဆိုတာလေးမရှိတော့ဘူး။ အဲဒီတော့ အခက်တွေ့ပါတယ် နောက်တော့ ဒီ Seekmp3 dot Info ဆိုတဲ့ Mp3 search engine ဆိုဒ်လေးတွေ့ပါတယ်။ သီချင်းတွေ အထူးသဖြင့် ကျွန်တော် အရမ်းလိုချင်တဲ့ ရှားပါးသီချင်းတွေ၊ ရှေးတုန်းက သီချင်းတွေ 95 ရာခိုင်းနှုန်းလောက်ကို ရှာလို့ရခဲ့ပါတယ်။
သူက သီချင်းတွေကို အခြားဆိုဒ်တွေကနေရှာပေးတာ သူ့ဆိုဒ်မှာတင်ထားတဲ့ သီချင်းတစ်ခုမှ မရှိဘူးခင်ဗျ။ အထူးသဖြင့် ESnip ဆိုဒ်ကနေ ရှာပေးတာပါ။ အခြား Mp3 free download ဆိုဒ်တွေမှာဆို band တစ်ခုကို နာမည်ကျော်သီချင်း ၄ ပုဒ်လောက်သာလျှင် download ပေးလုပ်ပါတယ်။ ဒီဆိုဒ်မှာတော့ album တစ်ချပ်လုံး download လုပ်လို့ရပါတယ် (album ထဲက သီချင်းတွေအမည်နဲ့ တစ်ပုဒ်ချင်းစီတော့ ရှာရမှာပေါ့)။ ပြီး download လုပ်လို့ရသလို download မလုပ်ပဲလည်း နားထောင်လို့လည်းရပါတယ်။ နားထောင်ရင်လည်း အခြားဆိုဒ်တွေလို ပြတ်ပြတ်သွားပြီး (buffer) လုပ်တာကြာတာမျိုး မဖြစ်သလောက်ပါပဲ။ ပေါ့လည်းပေါ့တယ်။ အရင်က ကျွန်တော်သီချင်းနားထောင်ချင်ရင် Pure Volume မှာ နားထောင်ပါတယ်။ အဲဒီမှာက flash သုံးထားတော့ သီချင်းနားထောင်ရတာ သိပ်တော့အဆင်မပြေဘူး ပြီးတော့ သီချင်းက ၄ ၅ ပုဒ်လောက်ပဲ နားထောင်လို့ရတယ်။ ဒီမှာတော့ ကြိုက်သလောက် ကြိုက်ရာနားထောင်လို့ရတယ်။ တခုတော့ရှိတယ် သီချင်းရှာတဲ့အခါ တချို့လင့်တွေက နဂိုဆိုဒ်မှာ သီချင်းဖိုင်မရှိတော့တာမျိုးလေးတော့ ဖြစ်တတ်တယ်။ ဖြစ်ခဲပါတယ်။ ကျွန်တော်တော့ အဲဒီဆိုဒ်က နေ့စဉ်မ၀င်မဖြစ်ပါပဲ။
ကျွန်တော်ငယ်ငယ်က နားထောင်ခဲ့တဲ့ သီချင်းတွေ အထူးသဖြင့် disco dance ပုံစံသီချင်းတွေ အားလုံးနီးပါး download လုပ်လိုက်တယ်။ Vengaboys, Aqua, Cartoon, toy box, solid base တို့လိုသီချင်းတွေ နောက် Motley Crue, Ramones, Aerosmith, Deep Purple, Mr.Big, Jimi Hendrix, Metallica တွေ အများကြီး download ချပစ်လိုက်တယ်။ ဆိုဒ်နာမည်တော့ မမှားပါနဲ့ဦး Seekmp3 dot Info ပါ။ အခြားဆင်တူ seekasong တွေ ဘာတွေလည်းရှိသေးတော့။ လောလောဆယ်တော့ သူကနောက်ထပ်အနေနဲ့ SeekTV.com နဲ့ SoftwareDL ဆိုတဲ့ အခြားနှစ်ခုပါ စမ်းနေပါတယ်။ SeekTV က Music Videos တွေ free download ပေးတဲ့ဆိုဒ်ပါ။ Beta ပဲရှိပါသေးတယ်။ တကယ်တော့သူက YouTube က ဖိုင်ကိုပဲ ဒေါင်းလုဒ်လုပ်တာပါ။ သူဆီမှာ download လုပ်တာထက် ကျွန်တော်အရင်က ရေးခဲ့တဲ့ YouTube Download လုပ်တဲ့နည်း ၂ မျိုးကတောင် ပိုမြန်ပါလိမ့်ဦးမယ်။ ကျွန်တော်ကတော့ ဒီဆိုဒ်လေးကို မူပိုင်ခွင့်နဲ့ ညှိပြီး ရပ်သွားမှာတောင် စိုးရိမ်မိတယ်။ ဒါကြောင့် အားတိုင်း download ပဲလုပ်နေတော့တာပဲ =) ။
Thanks A lot To Go2Web2
Free Download MP3, Music, Mp3 Search Engine, Download Free Music Albums
Saturday, December 29, 2007 by tayzar guitar , Music , music video
ညဘက်လာတဲ့ ကိုရီးယားကားထဲက ချိုဝမ်ဆိုတဲ့ မင်းသမီးရဲ့ ဖုန်း ringtone သံကို သတိထားမိကြလား မသိဘူး။ အဲဒီ ringtone တေးသွားလေးက cannon rock လို့ခေါ်တဲ့ instrumental music လေးပါ။ ဒီ ringtone ကိုပဲ 5 series ကပြသွားတဲ့ ရွှေမင်းသားလေးရဲ့ အချစ်ဦး (First Love Of The Princes) ထဲက မင်းသမီးဖုန်းမှာလည်း သုံးထားပါသေးတယ်။ Cannon Rock က ကိုရီးယားမှာ popular ringtone လားမသိဘူး။ ဒီသီချင်းက မူရင်း Jerry C ရဲ့ သီချင်းပါ၊ Jerry C က တရုတ်က ဂစ်တာသမားပါ ဒီ Cannon Rock သီချင်းနဲ့ နာမည်ကြီးသွားတာပါ။ Youtube မှာ ရှာကြည့်တော့ ဒီသီချင်းကို ပြန်တီးထားတဲ့ ဂစ်တာသမားတွေရဲ့ ဗီဒီယိုတွေမှ အများကြီးပဲ။ ဒီသီချင်းnote ကြည့်တော့လည်း လွယ်သလားဆိုတော့ မလွယ်ပါဘူးဗျာ။ တော်တော် ကျင့်ယူရဦးမယ်။ Youtube မှာတော့ ကလေးတွေတောင် တီးနိုင်ကြတယ်။ သီချင်းရဲ့ တေးသွားနားထောင်ကြည့်တော့ သီချင်းက လွမ်းဖို့ကောင်းသလိုလို တမျိုးခံစားရတယ်။ instrumental ဂီတက တကယ်တော့ စာသားမပါပေမယ့် ဂီတတူရိယာတွေနဲ့ ခံစားချက်ကို ဖော်ပြနိုင်တဲ့ ဂီတပါပဲ။ တချို့ သီချင်းတွေက စိတ်ကြွစေတယ်၊ တချို့ကျတော့ တစ်ခုခုကို လွမ်းသလိုလို ခံစားရတယ်။ ကဲ cannon rock ကို မျက်လုံးလေးမှိတ်ပြီး ခံစားကြည့်ရအောင်။

Jerry C, Canon Rock, Cannon Rock, Guitar Tab
Saturday, October 13, 2007 by tayzar Download , Image , Music , My fav Bands

Arch Enemy ရဲ့ album သစ် Rise Of Tyrant ထွက်ပါတယ်။ ဒီအခွေမှာလည်း အရင် Doomsday Machine လိုပဲ သီချင်းမျိုးတွေ နားထောင်ရမှာပါ။ အမျိုးအစားက melodic death metal ပဲပေါ့။ ဂစ်တာသမားနှစ်ယောက်ဖြစ်တဲ့ Michael Amott နဲ့ Chris Amott တို့ရဲ့ လက်သံတွေကို ခံစားနိုင်ပါတယ်။ Chris Amott က အရင် Doomsday Machine ထွက်ပြီးတဲ့ အချိန်မှာ band က ထွက်သွားခဲ့ပါသေးတယ်။ အခုတော့ သူတို့ ပြန် ပေါင်းစည်းသွားကြပြီ။ အခု လောလောဆယ်တော့ အဲဒီ အခွေတင် မပေးနိုင်သေးပါဘူး။ ကွန်နက်ရှင်က ကျနေလို့ပါ။ နောက်တင်ပါ့မယ်။ ဒီ အခွေထဲက သီချင်းတွေနဲ့ ဂစ်တာ လေ့ကျင့်လို့ရပါတယ်။ နောက် အခု အခွေရဲ့ producer ဖြစ်တဲ့ Century Media ဆိုဒ်မှာ သီချင်းတွေ အမြည်းနားထောင်လို့ရနိုင်သလို Wallpapers, Buddy Icon, Banner တွေ download ရနိုင်ပါတယ်။

Thursday, October 11, 2007 by tayzar Download , Music , music video
Side bar က သီချင်းကို အသစ်ပြောင်းလိုက်တယ်။ Bowling For Soup ရဲ့ 1985 တင်လိုက်တယ်။ အဲဒီ သီချင်း စာသားလည်း မိုက်တယ်။ video လည်းမိုက်တယ်။ ကြည့်ပြီးပြီလား။ ရီရတယ်။ အခုတလော အဲဒီသီချင်းပဲ နားထောင်ဖြစ်တယ်။
Wednesday, September 19, 2007 by tayzar guitar , Music , music video , Soundtrack , web sites
Thursday, August 23, 2007 by tayzar Music , music video
ဒီ ဗီဒီယိုလေး ကြည့်ကြည့်ပါဦး။ ကလေးလေးက Tico Tico သီချင်းကို KB နဲ့ တီးထားတာ ပရော်ဖက်ရှင်နယ်တွေ အတိုင်းပဲ။ ကလေးက ငယ်ငယ်လေးရယ်။ ကျွန်တော်တောင် မတီးတတ်ဘူးဗျ။ တကယ်လေးစားသွားတယ်။ တပည့်သွားခံမှပဲ။ =) နောက်မှ ဒီ Tico Tico သီချင်း ဂစ်တာ နှတ် တင်ပေးပါဦးမယ်ဗျာ။
Tico - The most amazing videos are a click away
Technorati tags:
amazing kid, funny, keyboard, music, tico
Sunday, July 22, 2007 by tayzar Download , Music , Myanmar news


ဒီပို့စ်လေးကို အာဇာနည်နေ့မှာ တင်ဖို့ စဉ်းစားထားပေမယ့်။ နေမကောင်းလို့ အဲဒီနေ့ကော၊ နောက်နေ့တွေကော လမ်းမလျှောက်နိုင်လို့ မတင်လိုက်ရဘူး။ ဒီနေ့မှ သက်သာလို့ လာတင်တာပါ။ ကျွန်တော့်မှာ ရှိတဲ့ ပိုက်ဆံလေး scan ဖတ်ထားတာပါ။ နောက်တစ်ခုက မြန်မာနိုင်ငံတော် သီချင်း Ringtone လေးပါ။ နောက်တစ်ခုက တော့ မြန်မာနိုင်ငံတော် သီချင်း ရဲ့ tab နှတ်လေးပါ။ Guitar Pro ဆော့ဝဲနဲ့ ဖွင့်ရမှာပါ။
ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုလျှက်........
Saturday, May 12, 2007 by tayzar Awesome bands , Music

| Home | Subscribe | Bookmarks | Chat Box | Technorati | Contact
Copyright © 2007 Reaper's Death Notes @ Blogger.com