Search And Download Free Your Fav Music



ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းတွေထဲမှာ ရှေးရှေးက Hawaii 50 လိုသီချင်းတွေ နောက် When you believe (Prince Of Egypt), Go The Distance, I won't say i'm in love (Hercules), Lion sleep tonight လို ကာတွန်းကားက ဇာတ်ဝင်သီချင်းတွေလည်း အရမ်းကြိုက်ပါတယ်။ အဲဒီလို သီချင်းဟောင်းတွေ အရင်က ကျွန်တော့်ဆီမှာ ကတ်ဆက်ခွေတွေနဲ့ရှိခဲ့ပေမယ့် အခုချိန်မှာ mp3 နဲ့လိုချင်တဲ့ အခါ ကျွန်တော် Multiply ဆိုတဲ့ Social Networking site (expecially for Music lovers) ဆိုဒ်ကနေရှာပါတယ်။ အခုတော့ ၂ လလောက်ရှိသွားပါပြီ Multiply က Search မှာ Music ဆိုတာလေးမရှိတော့ဘူး။ အဲဒီတော့ အခက်တွေ့ပါတယ် နောက်တော့ ဒီ Seekmp3 dot Info ဆိုတဲ့ Mp3 search engine ဆိုဒ်လေးတွေ့ပါတယ်။ သီချင်းတွေ အထူးသဖြင့် ကျွန်တော် အရမ်းလိုချင်တဲ့ ရှားပါးသီချင်းတွေ၊ ရှေးတုန်းက သီချင်းတွေ 95 ရာခိုင်းနှုန်းလောက်ကို ရှာလို့ရခဲ့ပါတယ်။

သူက သီချင်းတွေကို အခြားဆိုဒ်တွေကနေရှာပေးတာ သူ့ဆိုဒ်မှာတင်ထားတဲ့ သီချင်းတစ်ခုမှ မရှိဘူးခင်ဗျ။ အထူးသဖြင့် ESnip ဆိုဒ်ကနေ ရှာပေးတာပါ။ အခြား Mp3 free download ဆိုဒ်တွေမှာဆို band တစ်ခုကို နာမည်ကျော်သီချင်း ၄ ပုဒ်လောက်သာလျှင် download ပေးလုပ်ပါတယ်။ ဒီဆိုဒ်မှာတော့ album တစ်ချပ်လုံး download လုပ်လို့ရပါတယ် (album ထဲက သီချင်းတွေအမည်နဲ့ တစ်ပုဒ်ချင်းစီတော့ ရှာရမှာပေါ့)။ ပြီး download လုပ်လို့ရသလို download မလုပ်ပဲလည်း နားထောင်လို့လည်းရပါတယ်။ နားထောင်ရင်လည်း အခြားဆိုဒ်တွေလို ပြတ်ပြတ်သွားပြီး (buffer) လုပ်တာကြာတာမျိုး မဖြစ်သလောက်ပါပဲ။ ပေါ့လည်းပေါ့တယ်။ အရင်က ကျွန်တော်သီချင်းနားထောင်ချင်ရင် Pure Volume မှာ နားထောင်ပါတယ်။ အဲဒီမှာက flash သုံးထားတော့ သီချင်းနားထောင်ရတာ သိပ်တော့အဆင်မပြေဘူး ပြီးတော့ သီချင်းက ၄ ၅ ပုဒ်လောက်ပဲ နားထောင်လို့ရတယ်။ ဒီမှာတော့ ကြိုက်သလောက် ကြိုက်ရာနားထောင်လို့ရတယ်။ တခုတော့ရှိတယ် သီချင်းရှာတဲ့အခါ တချို့လင့်တွေက နဂိုဆိုဒ်မှာ သီချင်းဖိုင်မရှိတော့တာမျိုးလေးတော့ ဖြစ်တတ်တယ်။ ဖြစ်ခဲပါတယ်။ ကျွန်တော်တော့ အဲဒီဆိုဒ်က နေ့စဉ်မ၀င်မဖြစ်ပါပဲ။

ကျွန်တော်ငယ်ငယ်က နားထောင်ခဲ့တဲ့ သီချင်းတွေ အထူးသဖြင့် disco dance ပုံစံသီချင်းတွေ အားလုံးနီးပါး download လုပ်လိုက်တယ်။ Vengaboys, Aqua, Cartoon, toy box, solid base တို့လိုသီချင်းတွေ နောက် Motley Crue, Ramones, Aerosmith, Deep Purple, Mr.Big, Jimi Hendrix, Metallica တွေ အများကြီး download ချပစ်လိုက်တယ်။ ဆိုဒ်နာမည်တော့ မမှားပါနဲ့ဦး Seekmp3 dot Info ပါ။ အခြားဆင်တူ seekasong တွေ ဘာတွေလည်းရှိသေးတော့။ လောလောဆယ်တော့ သူကနောက်ထပ်အနေနဲ့ SeekTV.com နဲ့ SoftwareDL ဆိုတဲ့ အခြားနှစ်ခုပါ စမ်းနေပါတယ်။ SeekTV က Music Videos တွေ free download ပေးတဲ့ဆိုဒ်ပါ။ Beta ပဲရှိပါသေးတယ်။ တကယ်တော့သူက YouTube က ဖိုင်ကိုပဲ ဒေါင်းလုဒ်လုပ်တာပါ။ သူဆီမှာ download လုပ်တာထက် ကျွန်တော်အရင်က ရေးခဲ့တဲ့ YouTube Download လုပ်တဲ့နည်း ၂ မျိုးကတောင် ပိုမြန်ပါလိမ့်ဦးမယ်။ ကျွန်တော်ကတော့ ဒီဆိုဒ်လေးကို မူပိုင်ခွင့်နဲ့ ညှိပြီး ရပ်သွားမှာတောင် စိုးရိမ်မိတယ်။ ဒါကြောင့် အားတိုင်း download ပဲလုပ်နေတော့တာပဲ =) ။

Thanks A lot To Go2Web2

Technorati TagFree Download MP3, Music, Mp3 Search Engine, Download Free Music Albums

AddThis Social Bookmark Button

Beware Of Computer Technician

သူငယ်ချင်းတစ်ယောက်ရဲ့ ဘလောခ့်မှာ Hong Kong က မင်းသား၊ မင်းသမီး အတွဲရဲ့ မတော်တရော် video အင်တာနက် ပေါ် ပြန့်နေတဲ့ သတင်းဖတ်လိုက်ရတယ်။ အင်း အဲဒီ မင်းသားက Edison က သူ့ computer ကို computer technician လက်ထဲကို ပြင်ဖို့ အပ်လိုက်ရာကနေ အဲဒီ ဗီဒီယိုက harddisk ထဲကနေ ရသွားပြီးပြန့်သွားတာပါတဲ့။ ကျွန်တော်တို့ဆီမှာလည်း အဲဒီလို အဖြစ်မျိုးတွေ တိုက်တိုက်ဆိုင်ဆိုင် ရှိတယ်ဗျ။ နာမည်ကျော် အဆိုတော်တစ်ယောက် ကွန်ပျူတာလည်း အဲဒီလိုပဲ ပျက်လို့ ပြင်ဆိုင်ပို့လိုက်တာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဗီဒီယိုဖိုင် အခုပြန့်နေပြီဗျ။ အခု Hong Kong ကမင်းသားကတော့ သူပြင်တဲ့ ကွန်ပျူတာဆိုင်ကို တရားစွဲနေတယ် ကြားတယ်။ ဒီမှာလည်း ကွန်ပျူတာဆိုင်ကို တရားစွဲနေတယ်လို့ သူငယ်ချင်းတစ်ယောက်ဆီက ကြားရတယ်။ ထားပါလေ ဒါက ဘာလဲဆိုတော့ ကိုယ်ဘာသာ ဂရုမစိုက်ကြတာပဲ ကွန်ပျူတာ ပြင်တဲ့အခါ ဆိုင်ပို့တဲ့အခါတွေမှာ ပထမဆုံးလုပ်ရမှာက ကိုယ့်ရဲ့ data တွေ back up လုပ် ပြီးရင် အရေးကြီးတာတွေ ဖျက်ရမယ်။


အရင်ကတည်းက ခဏတိုင်းဖတ်ခဲ့ရတယ် PC World, PC Mag တွေမှာ သတိပေးတဲ့ ဆောင်းပါးတွေ ကွန်ပျူတာ ပြင်ခါနီးရင် အရေးကြီး data တွေ backup လုပ်ဖို့ ပြီးရင် ဖျက်ထားဖို့တွေ။ ကျွန်တော်တို့ Hard Disk တစ်လုံးပျက်လို့ ပိုက်ဆံစုပြီးပြန်ဝယ်လို့ရပါတယ်။ အထဲက ဒေတာတွေ ဆုံးရှုံးသွားရင်တော့ (Recoverary Software တွေနဲ့တောင် မရခဲ့ရင်) ပြန်မရနိုင်တော့ဘူး။ ပြီးတော့ ထားပါ အခုက ပုဂ္ဂိုလ်ရေးဆိုင်ရာ video ပြန့်တာမို့ပေါ့ ဥပမာ - ကုမ္မဏီက ၀န်ထမ်းတစ်ယောက်က ကွန်ပျူတာပြင်ရကနေ ကုမ္မဏီရဲ့ အရေးကြီးလျှို့ဝှက်ဖိုင်တွေ ပြန့်သွားတယ်ဆိုရင် ကုမ္မဏီတစ်ခုလုံး ထိခိုက်သွားနိုင်သလို ၀န်ထမ်းလည်း တရားစွဲခံရပြီး ထောင်ကျသွားနိုင်တာပေါ့။ ကျွန်တော်တို့ကထင်လိမ့်မယ် files, folder တွေ lock လုပ်တဲ့ software တွေ သုံးထားရင် ပြင်ဆိုင်ရောက်သွားလည်း စိတ်ချရတယ်လို့ထင်မယ်။ တကယ်တော့ အဲဒီဆော့ဝဲတွေက တချို့က uninstall လုပ်လိုက်ရင် အကုန်ပြန်ပေါ်ပါတယ်။ တချို့ crack ပြန်လုပ်လိုက်လို့ရတယ်။ တချို့က နဂို HD ကို slave ထားလိုက်ရင် အကုန်ပြန်ပေါ်ပါတယ်။ My Documents အောက်ထဲထားရင်ကော ရမှာလားဆိုတော့ မရပါဘူး ၀င်လို့ရတဲ့နည်းတွေ အများကြီးရှိပါတယ်။ အခု Vista မှာဆို မူရင်း HD ကို slave ပြောင်းထားလိုက်ရုံနဲ့တင် အကုန်ဝင်ကြည့်လို့ ရပါတယ်။ အဲဒီတော့ ဘာလုပ်မလဲ။

အကောင်းဆုံးကတော့ ကိုယ့်ရဲ့ Data ကို ပြင်ဆိုင်မပို့ခင်မှာ back up (စိတ်ချရတဲ့နေရာ) ဥပမာ - cd, dvd ကူးပြီးဖွင့်လို့ရမရ စမ်းကြည့်ပြီး HD ကဖိုင်တွေဖျက်ပစ် အဲဒီလိုလုပ်ပြီးမှ ပို့တာအကောင်းဆုံးပါ။ ဒါမှမဟုတ်လည်း မိတ်ဆွေရဲ့ data ကို slave HD ထဲမှာပဲ သိမ်းပြီး ပြင်ဆိုင်ပို့ရင် အဲဒီ slave HD ဖြုတ်ထားလိုက်ပြီးမှ ပို့ပေါ့။ တစ်ခုတော့ သတိရှိပါ ၂ ခု backup လုပ်ထားရင် ၂ ဆပိုပြီးစိတ်ချရတယ်ဆိုတာပါပဲ။ ကျွန်တော်လည်း ပြင်ဆိုင်ကိုပို့ရမယ်ဆိုရင် slave ကိုပဲဖြုတ်လိုက်တာပါပဲ။ ကျွန်တော့်မှာတော့ အရေးကြီး data မရှိပါဘူး သီချင်းတွေ၊ ဂစ်တာနှတ်တွေ၊ mtv vidz တွေပဲရှိတာပါ ဒါပေမယ့် အဲဒါတွေက ပိုက်ဆံရှိလည်း ပြန်ဝယ်လို့မရနိုင်တဲ့ သီချင်းတွေ အများကြီးပါတယ်။ ဆိုင်က ရူးချင်ယောင်ဆောင်ပြီး format ချလိုက်ရင် ကုန်မှာစိုးလို့။ ကြုံတုန်းပြောပါဦးမှာ မိတ်ဆွေစက်မှာ virus ၀င်ခဲ့ရင် ပြင်ဆိုင်မပို့ပါနဲ့ ကိုယ့်ဘာသာရအောင် ဖြေရှင်းပါ။ ဘယ်လောက်ကြမ်းတယ်ဆိုတဲ့ virus ပဲဖြစ်ဖြစ် ကြိုးစားရင် အသေသတ်လို့ရပါတယ်။ ပြီးတော့ အင်တာနက်က anti-virus ဆိုဒ်တွေ၊ Internet security site တွေ၊ ဖိုရမ်တွေမှာ ကြည့်ကြည့်ပါ မိတ်ဆွေရဲ့ အကြမ်းဆုံးဆိုတဲ့ အကောင်ကို ၂ ပတ် ဒါမှမဟုတ် ၃ ပတ်လောက် အတွင်းမှာ စက်ကဒေတာ ဘာမှမဖြစ်ပဲ သတ်လို့ရတဲ့နည်းတွေ software တွေ update ရမှာပါ။ ဆိုင်ပို့လိုက်ရင်တော့ ဟိုကမနိုင်ရင် ရူးချင်ယောင်ဆောင်ပြီး format ပဲ ချပေးပါလိမ့်မယ်။ ဒီတော့ မိတ်ဆွေတို့ ကွန်ပျူတာကို ပြင်ဆိုင်ပို့ခါနီးရင် backup လုပ်ဖို့ စဉ်းစားပါ။ မိတ်ဆွေသိပါတယ် ကျွန်တော်တိှု့ဆီမှာ bluetooth နည်းပညာက ဘယ်လောက် တိုးတက်နေတယ်ဆိုတာ =) ဒီတော့ သတိထားပါ ကွန်ပျူတာပြင်ခါနီးရင်။ ပျော်ရွှင်ပါစေ။

AddThis Social Bookmark Button

Congratulations Firefox


Firefox just reached 500,000,000 downloads. This is an absolutely phenomenal milestone for Firefox. It is sort of hard to imagine what that number means. For some perspective, that’s roughly the audience size of 10,000 Rome Colosseums combined. It would be the weight, in kilograms, of 8,500 Boeing 747 airplanes. In dollars, for $500 million you and 15 of your friends can fly to the International Space Station. OR, you can affect change and invite 15 of your friends to play a game and feed 25,000 people. With your help we can break another milestone today with FreeRice.com –500,000,000 grains of donated rice in one day. Imagine helping to feed the hungry while picking up some new vocabulary too!

Firefox 3 T-shirt Design Competition

Via : Mozilla Blog

Technorati TagFirefox, Firefox Download, 500 Million Firefox

AddThis Social Bookmark Button

Today Fire Still Burning At Yadanabon Market (26.2.2008)

Update News :

  • Myanmar Yadanarpon Market Fire @ Globalvoicesonline
  • Yadanabon Market Fired @ Myo Kyaw Htun (Links Collection)
  • Fire At Yadanarbon Market @ Mgbaoo
  • Fire At Mandalay @ Mandalarthar Picasaweb
  • Fire At Yadanbon Complex @ Zinminswe
  • Photos From Mandalay Skywalk Fire @ Nettar


    Video Via Youtube


  • Photos Via Nettar







    Technorati TagPhotos From Mandaly Fire, Yadanarbon Fire, Mandalay News, Casualties, MDY MICT Fired

  • AddThis Social Bookmark Button

    Breaking : Fire At Skywalk Mandalay

    Today, Fire burn at Yadanarpon Mandalay. Fire start burning about 8:00 am morning. Most of shops from Skywalk were not open those time, and they can't do anything. I heard one of my teacher's relative shop (PC Notebook Shop) was also burn. I heard fire started from one famous supermarket (i'm not sure). So bad to hear that and make me upset today. I hope people to safe. Most of my relatives live in Mandalay but not nearby Yadanarpon Market.

    Yadanarpon market is located on the coner of 32st and 78 St and famous Manadlay MICT park (computer city) , Skywalk shopping complex, Orange Super Market, relax Snookers and restaurant and thousands of shops are located in that market. Yandanarpon is the second biggest market after Zaycho market and was opend in 2000 and contributes significantly.


    READ MORE
  • Mandalay News
  • Fire At Yadanarpon Market
  • Native Myanmar Forum
  • Fire In Mandalay @ Dawn 1o9 Xanga

    UPDATE NEWS
  • Myanmar Fire Accident @ Yahoo!! News
  • 2 Die From Fire At Market In Mandalay @ Shanland
  • Fire AT YadanaBon Market @ MgHla

    Watch Video Clip
  • Fire At Mandalay Skywalk @ Irrawaddy

    Yangon Fire Accident

    In Myanmar's main city Yangon, a fire erupted at a tea shop in the Hlaingthayar industrial area early Monday and spread through the surrounding neighbourhood.

    Firefighters spent more than two hours putting out the blaze, which destroyed 200 homes, many of them small shacks, authorities said.

    Photos From Mandaly Yadanabon Market Fire Accident
  • Images Via www.Anony.pictiger.com & Native Myanmar Forum






    Technorati TagFlame In Mandalay, Mandalay Skywalk, Burma, Mandalay MICT, Huge Fire Accident, Yadanabon

  • AddThis Social Bookmark Button

    Sony Ericsson PC Suite Update


    Sony Ericsson ရဲ့ PC Suite Version 3.107.00 ကို Download လုပ်လို့ရပါပြီ။ Windows XP, Windows Vista (32 bit) မှာ အလုပ်လုပ်ပါတယ်။ အရင် Suite က Vista မှာ အလုပ်မလုပ်ပါဘူး။ အရင်တုန်းက စက်နဲ့ အဆင်မပြေရင် သီချင်းတွေ၊ ဂိမ်းတွေသွင်းပြီး ဖုန်းပြန်ဖြုတ်ရင် blue screen ကျတတ်ပါတယ် အခု version မှာ မဖြစ်တော့ပါဘူး။ အခု version ကအရင် Suite တွေနဲ့ ဒီဇိုင်းအများကြီးကွာပါတယ်။ ပိုလှလာတယ်။ အရင်ကလို My Computer အောက်မှာ Folder အနေနဲ့ မပြတော့ဘဲ။ Run တော့မှ သီးသန့် explorer နဲ့ပြပေးတာပါ။ Messages တွေ၊ ဓာတ်ပုံတွေ၊ Contacts တွေ Back up လုပ်ရတာ အရမ်းအဆင်ပြေပါတယ်။ Cyber Shot ဖုန်းတွေ အတွက် တိုက်ရိုက် ဓာတ်ပုံကို print ထုတ်လို့ ရပါတယ်။ Bluetooth, USB Cable, Infarred နဲ့ PC ကို ချိတ်ဆက်နိုင်ပါတယ်။

  • Download Sony Ericsson PC Suite

    Technorati TagSE, Sony Ericsson, Cyber Shot

  • AddThis Social Bookmark Button

    Google Glossary Search



    Google ကိုတော့ ကျွန်တော် မိတ်ဆက်ပေးစရာလိုမယ် မထင်ဘူး =) ။ ကျွန်တော် အရင်က ရေးခဲ့တဲ့ အင်တာနက်ကို ရှာဖွေမွှေနှောက်ခြင်း ဆိုတဲ့ ပို့စ်ကို ဖတ်ပြီးပြီလို့ ထင်ပါတယ်။ အဲဒီမှာ Search Engine တွေမှာ ရှာဖွေနိုင်တဲ့ နည်းတွေရေးထားပါတယ်။ အခုကတော့ Google ရဲ့ Glossary Search အကြောင်းပါ။ ဒီရှာနည်းကတော့ အခြား Search Engine တွေမှာ အလုပ်လုပ်မယ်မထင်ဘူး Google မှာပဲ ရတယ်ထင်တယ်။ ကျွန်တော်တို့ မသိတဲ့ စကားလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို ရှာချင်တဲ့ အခါ Google မှာ ရိုက်ရှာလိုက်ရင် သူက dictionary ဆိုဒ်တွေ အခြားဆိုဒ်တွေက ကျွန်တော်တို့ ရှာလိုက်တဲ့ စာလုံးပါရင်ပြီးရော result ပြပေးမှာပါ။ ပြီးတော့ အဲဒီလင့်တွေမှာ ကိုယ်ရှာတဲ့ စာလုံးရဲ့ အဓိပ္ပာယ်ကိုလည်း သိပ်တိကျအောင် မတွေ့ရနိုင်ပါဘူး။ ဒီတော့ ဒီလိုရှာပါ ကိုယ်ရှာချင်တဲ့ စာကားလုံး (keyword) အရှေ့မှာ define:keyword အဲဒီလို ရှာလိုက်မယ်ဆို၇င် ကျွန်တော်တို့ရှာလိုက်တဲ့ စာကားလုံး အဓိပ္ပာယ်ကို တိတိကျကျရှာပေးမှာပါ။ ဥပမာ - Wikipedia, WorldNet တို့လို နေရာတွေကနေပေါ့။ အစက ဒီ glossary search က Google ရဲ့ lab project ပါ။ အခုတော့ Google Home Page မှာပါ ရှာလို့ ရနိုင်ပါပြီ။ ဒီ glossary search က ဘာသာစကား ၉ မျိုး support လုပ်ပါတယ်။ English, French, Italian, German, Spanish, Portuguese, Dutch, Chinese, Russian တို့ပါ။ ပျော်ရွှင်ပါစေ။

    Technorati TagGoogle, Glossary Search, SEO

    AddThis Social Bookmark Button

    Blog Juice



    Blog Juice ဆိုတာ ဘလော့ခ်မှာရှိတဲ့ Google Page Rank (PR), Alexa, Technorati Rank တွေကို တိုင်းတဲ့ widget ပါ။ သူက ဘလောခ့်ရဲ့ Page Rank (internal link, external link) တွေကို တိုင်းပြီး အဖြေထုတ်ပေးတာပါ။ Text Link Ads ကလုပ်ထားတာဖြစ်ပြီး အခုရတဲ့ Rank ဟာ Blog Ads တွေအတွက် အရေးပါပါတယ်။ ကိုယ့်ရဲ့ ဘလောခ့်မှာ ကြော်ငြာထည့်ချင်တယ် ၀င်ငွေရှာချင်တယ်ဆိုရင် ဒီ အခုရတဲ့ Rank များဖို့လိုပါတယ်။ ကျွန်တော်တော့ စမ်းကြည့်လိုက်တာ 1 တောင်မပြည့်ပါဘူး 0.9 ပဲရပါတယ်။ ဒီမှာ rank ကောင်းကောင်းရနိုင်ဖို့ မိတ်ဆွေ ဘလောခ့်က လူများများက link ချိတ်ထားဖို့လိုပါတယ်။

    My Blog Juice


    Technorati TagBlog Juice, Text Link ADS

    AddThis Social Bookmark Button

    Awesome Blog Roll (Blog List) Widget For Blogger


    Blogger In Draft မှာ ကျွန်တော်တို့ အခု widget အသစ်တစ်ခုရနိုင်ပါပြီ။ ဒီတစ်ခုက ကိုယ့်နှစ်သက်တဲ့ဘလောခ့်တွေရဲ့ လင့်ခ်ကို ဆိုဒ်ဘားမှာထည့်ပေးတာပါ။ Alphabetically အလိုက် စီထားလို့ရသလို update ဖြစ်နေတဲ့ ဘလောခ့် အလိုက်ပါစီလို့ရပါတယ်။ Google Reader က Subscribe လုပ်ထားတဲ့ ဘလောခ့်တွေလည်း ထည့်ပေးလို့ရပါတယ်။ ဘလော့ခ်လင့်တွေကို random စီအောင်လုပ်ထားလို့လည်း ရပါတယ်။ Update ဖြစ်နေတဲ့ ဘလော့ခ်တွေကို update ဖြစ်တဲ့ date ပါတွဲပြီးပြပေးနိုင်ပါတယ်။ နောက် ဘလောခ့်တွေရဲ့ Favicon လည်းပြပေးနိုင်ပါတယ်။ တကယ်ကို မိုက်ပါတယ် ကျွန်တော်လည်း အချိန်ရရင် အဲဒါလေးပြောင်းထည့်ပါဦးမယ်။ သူ့မှာ ပါတဲ့ feature တွေက -

    The widget is in beta testing but we can make use of it, entering from Blogger in Draft, some of the features of this widget are:

    * Gives the ability to include every blog your favicon automatically.
    * Allows add the date of the last published entry or even the title and an excerpt from that post.
    * You can limit the number of blogs on display.
    * It is possible to order the blogs according to its latest update or alphabetically.
    * The list of blogs can be imported directly from Google Reader.

    ဒီ widget ကို ဘလော့ခ်မှာ ထည့်ချင်တယ်ဆိုရင် -

    If you want to add this widget in your blog follow these steps:

    * Login to your blog from Blogger Draft (not from the normal blogger site).
    * Go to the "Template" and then to "Page Elements."
    * In the area where you want them to appear editable your blogroll click on "Add a page element." In the window with all the widget select "Blog list."



    Via : akoogle

    Technorati TagBlogger In Draft, widgets, blogspot

    AddThis Social Bookmark Button

    Red Alert 3 Attacking Soon!!

    ပြီးခဲ့တဲ့ တစ်ပတ်လောက်က သတင်းတွေထဲမှာ Red Alert 3 ထွက်တော့မယ်လို့ ကြားလိုက်ရတယ်။ ပထမဆုံး သတင်းစပြန့်တာက ဟန်ဂေရီ မဂ္ဂဇင်း PC Gamer ကဆိုတော့ သိပ်တော့မယုံဘူး unofficial ပဲဖြစ်မယ်ထင်နေတာ။ အခုတော့ အတည်ဖြစ်သွားပြီ တကယ်ထွက်တော့မှာပါ Game Spot မှာ Screen Shot တွေကြည့်လို့ရနေပါပြီ။ Action, FPS တွေ ကြာကြာဆော့ရင် ခေါင်းမှုးတတ်တဲ့ ကျွန်တော်က အခု ဒီ Strategy ဂိမ်းအသစ်ကို လုံးဝကို ကြိုဆိုပါတယ် =) ။ လောလောဆယ် C & C ထဲက Tiberium (Kane Edition) ကိုတော့ ဂရပ်ဖစ်ကောင်းပြီး ပေါ့လို့ တော်တော်ကြိုက်ပါတယ်။ အခုလောလောဆယ် ထွက်ထားတဲ့ World In Conflict (Gamespot rating 9 ) ကိုတော့ အခွေဝယ်ရမှာ ပျင်းလို့ မဆော့ရသေးဘူး။ C & C က ထွက်သမျှတွေ ဟိုးအရင် Sony PS1 ကတည်းက အကုန်ကြိုက်ပါတယ် အထူးသဖြင့် General (Zero Hour) ကို ပိုကြိုက်တယ် အပြင်လောကနဲ့တူတယ် သဘာဝကျတဲ့ အတွက်ကြောင့်ပါ။ Red Alert တွေလည်း ကြိုက်ပါတယ် ဒါပေမယ့် သူက ခေတ်ရှေ့ပြေးနေတဲ့ ပုံမျိုးဆိုတော့ General လောက်တော့ မကြိုက်ပါဘူး။ အခု RA 3 တော့ ဂရပ်ဖစ်ပိုကောင်းလာပါတယ် အရင်လိုပဲ အပြင်မှာ မရှိတဲ့ နည်းပညာတွေနဲ့ လက်နက်တွေတော့ ပါဦးမှာပါ။ RA 3 ရဲ့ Announcement Video ကိုလည်း အောက်ကလင့်မှာ download လုပ်နိုင်ပါတယ်။

    Screenshot Of Command Conquer Red Alert 3


  • Download Command Conquer Red Alert 3 Announcement Video

    Via : GameSpot, Softpedia

    Technorati TagRed Alert 3, Command Conquer Red Alert 3, World In Conflict, Strategy Game

  • AddThis Social Bookmark Button

    Money Isn't Everything


    အင်း ဒီဟာသလေး သဘောကျလို့ပြန်တင်ထားတာပါ။ ဟာသဆိုတာထက် တွေးစရာတွေ အများကြီးပါနေတာပဲ။ ကျွန်တော်တို့ အတွက် ပိုက်ဆံနဲ့ ၀ယ်လို့မရနိုင်တာတွေ ဘ၀မှာ အများကြီးပါ။ ဒီတော့ ကျွန်တော်တို့ ပိုက်ဆံ အတွက် မကောင်းမှုတွေ လုပ်သင့်သလား။ ပိုက်ဆံဆိုတာ တကယ်တော့ ကြားခံ ၀တ္တုတခုပါပဲ။ အဲဒီတော့ ...... မိတ်ဆွေ ပိုက်ဆံတွေ ကျွန်တော့်ကိုပဲပေးလိုက်ပေါ့ ကျွန်တော် အဲဒီ ဒုက္ခတွေ ခံစားပေးပါမယ် =) (နောက်တာ) ။

    Technorati Tagmoney, funny money

    AddThis Social Bookmark Button

    Mozilla release Firefox 3 Beta 3


    Mozilla release Firefox 3 Beta 3 for testing. FF 3 Beta 3 targeted to Web developers and our testing community to gain feedback before advancing to the next stage in the release process. This one've a lot of useful features. You know, I already posted about FF 3 beta 2 review. now, I'll not write review about 3 beta 3 this time. You can see the list of new features . You can also get FF 3 Beta 3 as portable apps now.

  • Firefox 3 beta 3 download
  • Portable Firefox 3 beta 3 download

    [Improved in Beta 3!] Firefox 3 Beta 3 includes approximately 1300 individual changes from the previous beta, including fixes for stability, performance, memory usage, platform enhancements and user interface improvements. Many of these improvements were based on community feedback from the previous beta.
    More Secure

    * [Improved in Beta 3!] One-click site info: Click the site favicon in the location bar to see who owns the site and to check if your connection is protected from eavesdropping. Identity verification is prominently displayed and easier to understand. When a site uses Extended Validation (EV) SSL certificates, the site favicon button will turn green and show the name of the company you're connected to.
    * [Improved in Beta 3!] Malware Protection: malware protection warns users when they arrive at sites which are known to install viruses, spyware, trojans or other malware.

    Easier to Use
    [Improved in Beta 3!] New Download Manager: the revised download manager makes it much easier to locate downloaded files, and you can see and search on the name of the website where a file came from. Your active downloads and time remaining are always shown in the status bar as your files download.
    [Improved in Beta 3!] Podcasts and Videocasts can be associated with your media playback tools.

    More Personal
    # [Improved in Beta 3!] Star button: quickly add bookmarks from the location bar with a single click; a second click lets you file and tag them.
    # [Improved in Beta 3!] Location bar & auto-complete: type in all or part of the title, tag or address of a page to see a list of matches from your history and bookmarks; a new display makes it easier to scan through the matching results and find that page you're looking for. New in Beta 3 is an improved search algorithm which calculates the recency and frequency of a visit to come up with a frecency score that is used to determine the most relevant results.
    [Improved in Beta 3!] Download & Install Add-ons: the Add-ons Manager (Tools > Add-ons) can now be used to download and install a Firefox customization from the thousands of Add-ons available from our community add-ons website. When you first open the Add-ons Manager, a list of recommended Add-ons is shown.

    Improved Performance
    # [Improved in Beta 3!] Speed: Major architectural changes (such as the move to Cairo and a rewrite to how reflowing a page layout works) put foundations in place for major performance tuning which have resulted in speed increases that continue to increase page drawing speed in Beta 3. This release also features over 90 changes that improve performance over the previous beta.
    # [Improved in Beta 3!] Memory usage: Over 350 individual memory leaks have been plugged, and a new XPCOM cycle collector completely eliminates many more. Developers are continuing to work on optimizing memory use (by releasing cached objects more quickly) and reducing fragmentation. Beta 3 includes more than 50 improvements to memory use over the previous beta.

    Technorati TagFirefox, Firefox 3 Beta 3

  • AddThis Social Bookmark Button

    Happy Singles Awareness Day



    ဒီနေ့ February 15 ရက် SAD နေ့ဖြစ်ပါတယ်။ SAD ဆိုတာ Singles Awareness Day ကို အတိုချုံခေါ်တာ ဖြစ်ပါတယ်။ တကယ်တော့ SAD နေ့က တချို့တွေက 13, 14, 15 လို့ တချို့ကပြောကြပါတယ်။ ဒါပေမယ့် 14 ရက်နဲ့ မရောချင်တာကြောင့် 15 ရက်ကိုပဲ အားလုံးက အတည်ပြုခဲ့ကြတာပါ။ SAD က Valentine's Day ကို ဆန့်ကျင်တဲ့သူတွေ တစ်ယောက်တည်း သမားတွေကို ဂုဏ်ပြုတဲ့နေ့ပေါ့။ ဒီနေ့မှာ တစ်ယောက်တည်းသမားတွေက စုပြီး အချင်းချင်း ရင်ဖွင့်ကြတဲ့နေ့ပါပဲ။ ဒီမှာတော့ ဘော်ဒါတွေက စုပြီး ၁၉လမ်းကို သွားကြလိမ့်မယ် ထင်တယ် =) ။ Wikipedia မှာ သွားကြည့်တော့ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယားတို့မှာ ချစ်သူတွေကို ဆန့်ကျင်တဲ့ အဖွဲ့တောင်လုပ်ထားကြတယ်ဆိုပဲ။ Japan မှာ Lovers-go-die club ဆိုပြီးရှိတယ်တဲ့။ သူတို့က manga ကာတွန်း စာအုပ်တစ်အုပ်ကနေ ဒီလို အုပ်စုဖွဲ့ဖို့ အကြံရသွားတာ ဆိုပဲ။ Korea မှာလည်း ဆင်တူအဖွဲ့ Unit Solo ရှိတယ်တဲ့။ ကျွန်တော်တို့ နိုင်ငံမှာတော့ မရှိသေးဘူး။ အခုစဖွဲ့လိုက်ရင် ကောင်းမယ်ထင်တယ် =) ။ နောက်ပြီးတော့ ၁၉ လမ်းကို ဗဟိုရုံးချုပ်ထားလိုက်မယ်လေ =) ။ မနေ့က ကျွန်တော်ပြောပါတယ် ဒီနေ့မှ ကျွန်တော့်နေ့ရောက်မှာလို့ =) ။ ဒီနေ့မှာ သူများနိုင်ငံတွေ singles တွေက စုပြီး party ပေးကြမယ်တဲ့။ ကျွန်တော့်တို့ကလည်း အဆင်ပြေရင် ပါတီလုပ်မယ် =) ။

    Valentine's Day က တကယ်တော့ အသုံးချခံနေ့ပါဗျာ အဲဒီနေ့မှာ အလုပ်ဖြစ်တာက စီးပွားရေးသမားတွေပဲ သူတို့ရဲ့ ရောင်းမစွံ ပစ္စည်းတွေကို Valentine Discount ဆိုပြီး အရောင်းထုတ်ကြမယ် နောက် date လွန်နေတဲ့ ရှေးခေတ်က ချောကလတ်တွေ ဖုန်သုတ်ပြီး ထုတ်ရောင်းကြတဲ့ ပွဲပဲ။ မိတ်ဆွေ ကံထူးရင် ချောကလတ်မှာ မှိုလေးတွေတောင် ပါလာနိုင်သေးတယ်။ ပြီးတော့ ဘယ်သွားသွား အတွဲတွေနဲ့ ရှုတ်ရှုက်ခတ်နေလိမ့်မယ်။ တက္ကစီသမားတွေလည်း ဈေးပိုတောင်းလိမ့်မယ်။ ကျွန်တော်တို့ SAD နေ့နဲ့ ကွာချင်တိုင်းကွာတယ်။ ကျွန်တော်တို့ SAD နေ့မှာ မိတ်ဆွေ မှိုတက် ချောကလတ်တွေ ရောဂါအဖြစ်ခံပြီး စားစရာမလိုဘူး လတ်လတ်ဆတ်ဆတ် ဟင်းလျာတွေနဲ့ ရွှေတံဆိပ်ဆုတွေ အပြွတ်လိုက်ရထားတဲ့ စည်ဘီယာ ကြီးတွေနဲ့ ဆင်နွဲရမှာ။ တကယ်တော့ ဘီယာသောက်တာက သောက်ချင်လို့ သောက်ကြတာ မဟုတ်ပါဘူး ကမ္ဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ အနေနဲ့ သောက်ကြတာ ခင်ဗျား မြင်မှာပါ အာဖရိကတို့၊ အန္ဒိယတို့မှာ ရေဘယ်လောက်ရှားသလဲ ကျွန်တော်တို့က သူတို့ကို ရေလှူချင်လို့ အနစ်နာခံပြီး ဘီယာပဲ သောက်ကြရတာ။ ပြီးတော့ နှစ်ချို့ ချောကလတ်အစား နှစ်ချို့ ၀ိုင် ကောင်းကောင်းတွေလည်း သောက်နိုင်တယ်။ ၀ိုင်က ကျန်းမာရေး အတွက်ကောင်းတယ်တဲ့ =၀ ။ ပြီးရင် စိတ်ပါရင် ကနေလို့တောင်ရသေးတယ်။ မိတ်ဆွေကို ချုပ်ချယ်မယ် နားပူနားဆာလုပ်မယ့် သူဘယ်သူမှမရှိဘူး။ ဆက်ပြောရရင် မဆုံးနိုင်လောက်ဘူး။ မိတ်ဆွေ စဉ်းစားကြည့်လို့ရမှာပါ Valentine's Day နဲ့ SAD နေ့ နဲ့ ဘယ်ရက်က ပိုကောင်းလည်းဆိုတာ။

    SAD နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ Wallpapers တွေ လုပ်ထားတယ်။ Photoshop နဲ့ပဲလုပ်ထားတာပါ။ Shape လေးတွေအတွက် s3venday ကိုလည်း ကျေးဇူးတင်ပါတယ် (Special Thanks To S3venday) ။ ဆိုဒ်က 1280 x 960 ပါ။ 7 ခုလောက်လုပ်ထားတာပါ။ ရိုးရိုးရှင်းရှင်း ပုံစံနဲ့ပါပဲ။


  • Singles Awareness Day @ Wikipedia
  • Official Singles Awareness Day



    Wallpapers (click on the image to get high resolution wallpaper)








  • Technorati Tagsad, singles, days for singles

    AddThis Social Bookmark Button

    Valentine's Day Wallpaper


    tayzar44 @ deviantArt


    မနေ့ညက အားနေတာနဲ့ Valentine's Day အတွက် dA မှာတင်ဖို့ Wallpaper တစ်ခုလုပ်ကြည့်ဖြစ်တယ်။ ဆိုဒ်က 1280 x 960 ပါ။ Gradient background, Heart Shape (csh), နောက် swirl brush, sun rise brush သုံးပြီးလုပ်ထားပါတယ်။ Valentine's Day အတွက် အပျော်လွန်ပြီးလျှောက်လုပ်နေတာ ထင်နေဦးမယ်။ အမှန်တော့ ဂိမ်းဆော့ဖို့ nVidia driver download မလုပ်ရသေးလို့ ဂိမ်းမဆော့ဘဲ လုပ်လိုက်တာ။ =) ပျော်ရွှင်ပါစေ။

    Technorati TagValentine's Day, Wallpaper

    AddThis Social Bookmark Button

    Google Celebrates Valentine's Day

    Today, Google celebrates Valentine's Day with Doodle Logo. Here

    Valentine's Day 2008


    Valentine's Day 2007


    Technorati TagDoodle, Google

    AddThis Social Bookmark Button

    Happy Valentine

    ဒီနေ့ Febuary 14 ရက်နေ့ဆိုတော့ Valentine's Day ပေါ့။ ဒီနေ့ ချစ်သူများနေ့ဆိုပြီး ဘယ်သူများ သတ်မှတ်ခဲ့ပါလိမ့် =) ကျွန်တော့် အတွက်တော့ ဘယ်သွားသွား အဆင်မပြေတဲ့နေ့ပဲ ဖြစ်လိမ့်မယ်။ ဘယ်နေရာသွားသွား စုံတွဲတွေတွေ့ရလိမ့်မယ်။ ကျွန်တော်ကတော့ တစ်ယောက်တည်းနေတာ အကျင့်လိုဖြစ်နေပါပြီလေ။ ဒီရက်တွေမှာ တကယ်တော့ နေရတာတမျိုးကြီးပဲ တစ်ယောက်ယောက်ကို သတိရနေရ သလိုပဲ သီချင်းနားထောင်ရင်လည်း အချစ်သီချင်းပေါ့သီချင်းတွေ နားထောင်မိတယ်။ မဖြစ်ဘူး သီချင်းနားထောင်ရင် စိတ်က တစ်ယောက်ယောက်ကို လွမ်းချင်လာလိမ့်မယ်ဆိုပြီး ခဏတိုင်း rock, metal, punk တွေနားထောင်ပြီး အော်ဆိုပြီး ပေါက်ကွဲနေလိုက်တယ်။ စိတ်ပျော့နေလို့တော့ မဖြစ်ဘူးပေါ့။ တကယ်တော့ ဒီရက်တွေရောက်တိုင်း တစ်ယောက်တည်းပဲ ဖြစ်နေတာ ငယ်ငယ်ကတည်းကပဲလေ။ တခါတလေတော့လည်း ကိုယ့်ကိုနားလည်ပေးမယ်သူတစ်ယောက်လောက် လိုချင်သလိုလိုဖြစ်တတ်တယ်၊ တစ်ခါတလေတော့လည်း တစ်ယောက်တည်းနေရတာ က ပိုကောင်းတယ်လို့ ခံစားမိတယ်။

    တကယ်တော့ ကျွန်တော်က မိန်းကလေးကို လိုက်ပြောလို့ ဘော်ဒါတွေ ပြောလည်း မလုပ်ရဲဘူး။ မျက်လုံးချင်ဆုံရင်တောင် ကျွန်တော်ကပဲ အရင် ခေါင်းငုံတယ်။ ဘော်ဒါတွေနဲ့ဆို ရယ်စရာတွေပဲမနားတန်းပြောနိုင်ပေမယ့် မိန်းကလေးတွေရှေ့မှာကျ စကားတောင်မပြောရဲဘူး။ အဲဒီတော့ တစ်ယောက်တည်းဖြစ်တာ အဆန်းမဟုတ်ပါဘူးလေ။ တခါတလေတော့လည်း စိတ်ကူးယဉ်ကြည့်တယ် ကျွန်တော့်ကို နားလည်ပေးနိုင်မယ် ပြီးတော့ အရယ်သန်မယ် ဘာလို့လည်းဆိုတော့ ကျွန်တော်က ရယ်စရာပြောရတာ ၀ါသနာပါတယ်လေ။ လမ်းလျှောက်ရတာ ၀ါသနာပါမယ် ကျွန်တော်က လမ်းအရမ်းလျှောက်တယ်။ စကားမပြောဘဲ နေ၀င်တာကို အတူကြည့်မယ်။ နောက် သီချင်းအတူတူနားထောင်မယ်။ အဲဒီလိုမျိုးတွေတော့ စိတ်ကူးယဉ်တတ်တယ်။ တကယ်တော့ အပြင်မှာတော့ ထပ်တူမကျနိုင်ဘူးလေ။ ဟား ဟား တစ်ခါတလေတော့လည်း တစ်ယောက်တည်းနေရတာ ကောင်းတယ်လို့ထင်တယ်။ တစ်ယောက်တည်းနေ တစ်စိတ်တည်းထားပေါ့။ ဘာလို့လည်း ဆိုတော့ တခါတလေ ကိုယ့်စိတ်နဲ့ ကိုယ်တောင် မတည့်ချင်ဘူးလေ သူများနဲ့ တည့်ဖို့နေနေသာသာ။ တခါတလေပေါ့ ကိုယ်က ဥပမာ စိတ်က ဂိမ်းဆော့ချင်တယ် ဒါပေမယ့် လူကနေမကောင်းတော့ မထနိုင်ဘူး အဲဒါမျိုးတောင်ဖြစ်သေးတာပဲ နှစ်ယောက်သာတွဲနေရရင် ပိုဆိုးမှာပဲ။

    တခါတလေတော့လည်း တစ်ယောက်ယောက်ကို မိုးတွေအုံ့ပြီးမှောင်ကျနေတဲ့ နေ့မှာ လက်အတူတွဲပြီး ကောင်းကင်ကို ကြည့်ချင်တယ်။ တခါတလေ မိုးရွာရင် တစ်ယောက်ဆောင်းထီးနဲ့ နှစ်ယောက်ဆောင်းပြီး သွားချင်ခဲ့တယ်။ အဲဒီအချိန်မှာ လမ်းပေါ်က လူတချို့က ကျွန်တော်တို့ကို သီချင်းလေးတစ်ပုဒ်ဆိုပြီး နောက်လိမ့်မယ်ထင်တယ်။ ပြီးရင် ပုဝါလေးနဲ့ ရေစိုနေတဲ့ ဆံပင်တွေကို ရေသုတ်ပေးချင်တယ်။ တခါတလေတော့လည်း သီချင်းတွေကို cdနဲ့ ကူးပြီး ပေးချင်ခဲ့တယ်။ Moffatts, M2M သီချင်းတွေနားထောင်ရင်းလည်း သတိရချင်တယ်။

    ဒီနေ့တော့ ကံဆိုးတဲ့နေ့ပဲ mp3 က နားကျပ်တစ်ဖက်ပျက်သွားတယ်။ ဒီတစ်ခါနဲ့ ၈ ခုလောက်ရှိပြီပျက်တာ။ Valentine ဆိုတာ တကယ်တော့ ပျင်းစရာကြီးပဲ =) ကျွန်တော့်အတွက်မှမဟုတ်တာ။ ချစ်သူရှိလည်း ဒီနေ့မှာ ဘယ်မှသွားမှာမဟုတ်ဘူး လူတွေကို မျက်စိနောက်လို့ နောက်ရက်မှ လျှောက်လည်မိမှာပဲ။ ဒီနေ့က အတော်ပျင်းဖို့ကောင်းတဲ့ရင်ပဲ သင်္ကြန်အကြိုမတိုင်ခင် ညလောက်တောင် စိတ်လှုပ်ရှားဖို့ မကောင်းဘူး။ တကယ်တော့ တစ်ယောက်တည်းနေတာပဲ ကောင်းပါတယ်လေ။ ထားလိုက်တော့ ဒီနေ့က ကျွန်တော့်အတွက် မဟုတ်ဘူး ကျွန်တော့်အတွက်နေ့က မနက်ဖြန်မှစမှာ =) ။ ဘာပဲပြောပြော Valentine's Day မှာ ချစ်သူတွေ ပျော်ရွှင်ကြပါစေ။

    AddThis Social Bookmark Button

    From Hackers With Love

    ဒီနေ့ Valentine's Day နေ့မှာ virus အမျိုးအစားတွေထဲက time bomb လို့ခေါ်တဲ့ အချိန်အခါကိုလိုက်ပြီးပေါ်တတ်တဲ့ virus အမျိုးအစားတွေ email တွေကနေ ပျံနေတယ်လို့ McAfee က သတင်းထုတ်ပြန်ပါတယ်။ အဲဒီမေးတွေက subject မှာ ဒီနေ့မှာ မိတ်ဆွေကြားချင်တဲ့ အကြောင်း အရာမျိုးတွေနဲ့ ခေါင်းစဉ်တပ်ထား ကြပါတယ်။ "Love Rose," "Rockin’ Valentine", "I Love YOU" or "Just You" စတာတွေပေါ့။ attachment အနေနဲ့ valentine.exe လေးပါနေပါလိမ့်မယ်။ သင်သိတဲ့ email က ဖြစ်နိုင်သလို မသိတာကလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့တွေမှာ မိတ်ဆွေ email စစ်တဲ့အခါ အဲဒီလို စာမျိုးတွေကို ဂရုစိုက်သင့်ပါတယ်။

    Greg Day, a security analyst at McAfee, told Web User that "This virus will try to steal the personal information you keep on your PC, try to bring down your security defenses and sign your machine up to an online army." Nobody likes joining the army. The attachment, however, isn’t the source of the infection, it only contains some piece of code that will ‘persuade’ your PC to search for the malware by itself. In case you have ever been faced with the pain of admitting your computer has been infected, you know the agony to have lost every little information you had to give up just to get it clean.

    Technorati TagValentine, Virus

    AddThis Social Bookmark Button

    ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့

    February 13 ရက်ဟာ လွတ်လပ်ရေးရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့တွေမှာ စဉ်းစားမိတယ် ဗိုလ်ချုပ်သာ ရှိခဲ့ရင် ကျွန်တော်တို့နိုင်ငံ ဘယ်လိုတိုးတက်နေလိမ့်မလဲ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေကို ငယ်ငယ်ကတည်းက စာအုပ်တွေထဲမှာ ဖတ်ခဲ့ရတယ်။ ဗိုလ်ချုပ်ဟာ သတ္တိရှိတယ်၊ ရဲရင့်တယ်၊ ဖြောင့်မတ်တယ်၊ ကိုယ်ကျိုးမဖတ်တဲ့ အကြောင်းတွေ ဗိုလ်ချုပ်ကို သိမှီခဲ့တဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေမှာ အမြဲဖတ်ခဲ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ မရှိခဲ့ရင် တပ်မတော်ဆိုတာ မရှိနိုင်ပါဘူး။ ဗိုလ်ချုပ်ဟာ စစ်ပညာသင်ဖို့ ဂျပန်ကို အသက်စွန့်ပြီး သွားခဲ့တယ်။ ရဲဘော်သုံးကျိတ်နဲ့ ဗမာ့တပ်မတော်ဆိုတာ ဖြစ်လာခဲ့တယ်။ တကယ်တော့ တပ်မတော်ရဲ့ ဖခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို့ ပြောလို့ရပါတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူကြိုးပမ်းခဲ့တဲ့ လွတ်လပ်ရေးရခဲ့တာကို မြင်မသွားရရှာပါဘူး။ ဗိုလ်ချုပ်ရဲ့ ရဲ့ရင့်တဲ့စိတ်ဓာတ် အကြောင်းကို ကျွန်တော်တို့ မမှီလိုက်ပေမယ့် ဘိုးဘွားတွေက လက်ဆင့်ကမ်းပြောခဲ့ကြတယ် နောက် မျိုးဆက်သစ်တွေရောက်လာခဲ့လည်း မေ့သွားကြလိမ့်မှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်းဆန်းဟာ သူသာသေခဲ့ပေမယ့် နာမည်ဘယ်တော့မှ သေသွားလိမ့်မှာမဟုတ်ပါဘူး။ တခါတလေတော့လည်း တွေးမိတယ် ဗိုလ်ချုပ်အောင်ဆန်းသာ ဒီနေ့အထိရှိခဲ့မယ်ဆိုရင် ..........

    Technorati TagGeneral Aung San, Burma, Myanmar

    AddThis Social Bookmark Button

    Online Love Letter Generator




    Myspace Lover Letter ဆိုတဲ့ ဆိုဒ်လေးမှာ မိတ်ဆွေတို့ မနက်ဖြန် အတွက် သက်ဆိုင်တဲ့ သူဆီ email ပို့ဖို့ flash နဲ့ love letter လေးတစ်စောင်လောက်ကို ဖန်တီးနိုင်ပါတယ်။ ကိုယ်ရေးချင်တဲ့ စာသားကို လိုတိုရှင်းရေး၊ ပြီးနောက်ခံ ကာတွန်းပုံလေးတွေရွေး ပြီးရင် သူ့အောက်မှာပေးထားတဲ့ code ကို ကော်ပီကူးပြီး သက်ဆိုင်သူရဲ့ blog, my space စတဲ့ page မှာ ထည့်လိုက်ရုံပါပဲ။ =) ပျော်ရွှင်ပါစေ။

    Technorati Tagloveletter, flash, Online Generator

    AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font