You Tube, Google & Metacafe က ဗီဒီယိုတွေ download လုပ်ရအောင်

ကျွန်တော် အရင်က ဗီဒီယို သီချင်း တွေကို အင်တာနက် မှာ ဒေါင်းလုဒ် လုပ်ချင်တာ ဘယ်ဆိုဒ်မှာ ဒေါင်းလုဒ် လုပ်လို့ ရတယ် ဆိုတာ အရင်က မသိခဲ့ဘူး။ အဲဒီတော့ ကျွန်တော် ဗီဒီယို သီချင်း တွေကို youtube မှာ ပဲသွားကြည့် ရတယ် အဲဒီဆိုဒ်မှာ က ဘယ် သီချင်း မဆို အားလုံးနီးပါး ရှိတယ်လေ။ အရင်က ကျွန်တော် အဲဒီဆိုဒ်က ဗီဒီယို တွေကို ဒေါင်းလုဒ် ပေးလုပ်ရင် ကောင်းမှာ လို့တွေး နေတာ နောက်တော့ သူငယ်ချင်း တစ်ယောက် ပြောလို့ ဒေါင်းလုဒ် လုပ်လို့ ရမယ့် ဆိုဒ် တစ်ခု ကို သွားတွေ့တယ်။ အဲဒီ ဆိုဒ်က KeepVid ပါ။ အဲဒါနဲ့ တစ်ခြားဆိုဒ် တွေ ရှိအုန်း မလား ဆိုပြီး ရှာလိုက်တာ တစ်ခြား ဆိုဒ်တွေ ရှိသေးတယ် ဆိုတာ တွေ့လိုက် ရတယ်။ အဲဒီ ဆိုဒ်တွေက ကိုယ် ဒေါင်းလုဒ် လုပ်ချင်တဲ့ ဗီဒီယို ကို အရင် ကြည့်ပြီး ဗီဒီယို link ကို အဲဒီ ဆိုဒ်ရဲ့ box ထဲမှာ ထည့်ပြီး ဒေါင်းလုဒ် လုပ်ရတာပါ။ အရင် နှစ် November လောက် ရောက်တော့ KeepVid က (တစ်ခြား youtube ဒေါင်းလုဒ် ဆိုဒ်တွေရော) ဒေါင်းလုဒ် ဖိုင်ကို flv တစ်မျိုးပဲ ပေးလုပ်တော့တယ်။ အရင်က အဲဒီ ဆိုဒ်တွေ အကုန်လုံး က ဖိုင်ကို သုံးမျိုးနဲ့ ဒေါင်းလုဒ် ပေးလုပ်တာ။ .mp4, .avi (Xvid), .flv ဆိုတဲ့ သုံးမျိုး နဲ့ပေါ့။ ကျွန်တော် အဲဒီတုန်းက ဆို .avi ဖိုင် အနေနဲ့ချည်း ဒေါင်းလုဒ် လုပ်တာ (ဟီး =) အကောင်း ကြိုက်တယ်လေ)။ အဲဒီတုန်းက ရတဲ့ ဗီဒီယိုဖိုင် က အရမ်း Quality ကောင်းတယ် youtube မှာ ကြည့်ခဲ့တဲ့ ဗီဒီယိုဖိုင် ထက်တောင် ကောင်းတယ်။ တစ်ချို့ VCD ခွေမှာ ပါတဲ့ .DAT ဖိုင် ထက်တောင်ကြည် သေးတယ်။ အဲဒီဖိုင် သုံးမျိုးလုံး ကြိုက်ရာရွေး ဒေါင်းလုဒ်လုပ်လို့ရတာ အဲဒီတုန်းက KeepVid တစ်ခုထဲ တင် မဟုတ်ပါဘူး။ တခြား YouTubeX လို တစ်ခြား ဒေါင်လုဒ် ဆိုဒ်တွေ အကုန်မှာ ရနိုင် တာပါ။ နောက်တော့ သူတို့ Google ရဲ့ youtube နဲ့ ကွိုင် တက်ကြ သလား မသိဘူး။ နောက်တော့ .flv တစ်မျိုး ပဲ ဒေါင်းလုဒ် ပေးလုပ် တော့တယ်။ အခုပေးတဲ့ .flv ဖိုင်က အရင်က ဖိုင်တွေလိုမကြည့်တော့ဘူး။ ဒါပေမယ့် ကိုယ့်မှာ မရှိတာ ထက်စာရင် ရှိတာ လေးက နည်းနည်း ပိုကောင်းတာ ပေါ့ဗျာ။

  • www.KeepVid.com

  • www.youtubex.com

  • www.Javimoya.com

  • www.DownloadYouTubeVideos.com

  • www.TopYouTubeVideos.com

  • www.KissYouTube.com

    Technorati tags:
    , , , , , , , ,

  • AddThis Social Bookmark Button

    မြန်မာ့ ရိုးရာ အကွာအဝေး တိုင်းပုံ

    ဘာရယ် မဟုတ်ပါဘူး မြန်မာ့ ရိုးရာ အကွာအဝေး တိုင်းပုံကို စာအုပ် တစ်အုပ် မှာဖတ်မိလို့ ပြန်ကူး ထားတာပါ။ ဒါမျိုးတွေ သုံးတယ် ဆိုတာ ကျွန်တော် အရင်က ကြားတောင် မကြားဖူးဘူး။ ယူဇာနာ ဆိုတာတောင် ဇာတ်တော်တွေ ထဲမှာပဲ ဖတ်ဖူးတာ။

    ၁၀ ဆံချည် = ၁ နှမ်း (ဆံပင်ဆယ်ချောင်း = နှမ်းတစ်စေ့)
    ၆ နှမ်း = ၁ မုယော (မုယောစပါး ၁ စေ့)
    ၄ မုယော = ၁ လက်သစ်
    ၈ လက်သစ် = ၁ မိုက်
    ၃ မိုက် = ၁ တောင်
    ၄ တောင် = ၁ လံ
    ၂ တောင် = ၁ ကိုက်
    ၇ တောင် = ၁ တာ
    ၂၀ တာ = ၁ ဥသဘ
    ၂၀ ဥသဘ = ၁ ကောသ
    ၄ ကောသ = ၁ ဂါဝုဒ်
    ၄ ဂါဝုဒ် = ၁ ယူဇနာ
    ၁၀၀၀ တာ = ၁ တိုင်
    ၆ တိုင် နှင့် တာ ၄၀၀ = ၁ ယူဇနာ

    Technorati tags:
    , ,

    AddThis Social Bookmark Button

    Zakk Wylde

    Zakk Wylde ကို Bayonne, New Jersey မှာ ဇန်န၀ါရီ ၁၄ ရက် ၁၉၆၆ ခုနှစ်က မွေးဖွားခဲ့တယ်။ Zakk ဟာ ၁၅ နှစ် အရွယ်မှာ ဂစ်တာ စတီးခဲ့ပြီး ဆေးဗားတွန်း မြို့မှာ ရှိတဲ့ ဆေးဗားတွန်း ဂီတ ထုတ်လုပ်ရေး မှာ အလုပ် လုပ်ခဲ့တယ်။ သူဟာ တစ်နေ့ကို ၁၂ နာရီ လောက် ဂစ်တာ လေ့ကျင့်တယ်။ အရွယ်ရောက် လာတော့ ပထမဆုံး band "Stone Hinge" ကိုစဖွဲ့ခဲ့တယ်။ နောက်တော့ Zyris ဆိုတဲ့ New Jersey local band ထပ်ဖွဲ့တယ်။ နှစ်အနည်းငယ် ကြာပြီးတဲ့ နောက်မှာ တော့ Zakk ဟာ Ozzy Osbourne အဖွဲ့မှာ လိဒ် ဂစ်တာ သမားအနေနဲ့ ဂီတ လောက ကို ပြန်လည် ခြေချ လာတယ်။ သူဟာ Ozzy အဖွဲ့ကို ၁၉၈၇ မှာ သူ့ရဲ့ demo အခွေပေး နားထောင် စေခဲ့ပြီး သူ့လက်သံကို နားထောင် စေခဲ့တယ်။ နောက်တော့ Ozzy ဟာ အရင် ဂစ်တာ သမားဟောင်း Jake E. Lee နေရာမှာ အစားထိုးဖို့ ငှားခဲ့တယ်။


    Zakk Wylde's ရဲ့ ဂစ်တာ တီးတဲ့ စတိုင်ကို ပြောရရင် သူက pinch harmonics သံကို အသုံးများတယ်။ နောက် chicken pickin ဆိုတဲ့ နည်းကလည်း သူ တီထွင်ထား တာပါပဲ။ သူ့ရဲ့ ဂစ်တာ သံမှာ များသော အားဖြင့် country အရိပ်အငွေ့ သံမျိုးတွေ ကြားရမယ်။
    သူ့ကို လူသိများ စေတာ ကတော့ bulls-eye ဂရပ်ဖစ် ဆွဲထားတဲ့ သူ့ရဲ့ Gibson Les Paul Custom model ဂစ်တာ ကြောင့်ပါပဲ။ ဒါဟာ သူ့ကို အမြင် အားဖြင့် Randy Rhoads နဲ့ ခြားနား စေတဲ့ အချက်ပါ။ နောက် ဂစ်တာ တစ်လက် ကတော့ Rebel Flag ကို မီးလောင် နေတဲ့ အောက်ခံ ပေါ်မှာ ဘီယာ ပုလင်း အဖုံး ၂၄ ခုရိုက်ထားတဲ့ Gibson Les Paul တစ်လက် လည်းရှိပါသေးတယ်။ Zakk ဟာ Pride & Glory ဆိုတဲ့ album ကို လည်း Ozzy မှာ တီးရင်းနဲ့ ထုတ်ခဲ့ ပါသေးတယ်။ နောက် သူ ဖွဲ့ထားတဲ့ Black Label Society အဖွဲ့ နဲ့လည်း အခွေ ပေါင်းများစွာ ထုတ်ခဲ့တယ်။
    ဇန်န၀ါရီ ၁၇ ရက် ၂၀၀၆ ခုနှစ် မှာတော့ Zakk Wylde ဟာ သူ့ရဲ့ ဂစ်တာ ကျွမ်းကျင်မှုတွေ၊ ဂီတလောကမှာ လူသိများ အောင်မြင်ခဲ့ တာတွေ ကြောင့် Hollywood Rock Walk of Fame 7425 Sunset Blvd မှာ တခြား ကြယ်ပွင့် အနုပညာရှင် တွေလို သူ့ရဲ့ လက်ရာ နဲ့ လက်မှတ် ထိုးထား နိုင်ခဲ့တယ်။

    သူ့အကြောင်း၊ သူ့အဖွဲ့၊ သူ့ပရိတ်သတ်တွေရဲ့ လင့်တွေကတော့

  • www.ZakkWylde.com

  • www.BlackLabelSociety.com

  • www.BlackLabelSociety.net (U can download some Zakk Wylde & Ozzy Music Video there)

  • www.SDMFworldwide.com



  • Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    ပြောရဦးမယ် ဒီ ဂစ်တာ ၀ယ်ချင်ရင် FMI က Jolly Bird ဂစ်တာ ဆိုင်မှာ ဟိုတစ်လောက တွေ့တယ်။ EMG-HZ pick up နဲ့ Gibson တော့ မဟုတ်ဘူး။ Epiphone ပါ ကိုရီးယား မိတ်ထင်တယ်။ 700 $ ကျော်ဆိုလားပဲ။ Epiphone လည်းမိုက်တာပဲ။

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Technorati tags:
    , , , , ,

    AddThis Social Bookmark Button

    How to make eot

    ဘလောခ်တွေကို မြန်မာဖောင့် သွင်းထား ဖို့မလိုပဲ မြန်မာ လိုဖတ်လို့ရမယ့် eot လုပ်နည်းအကြောင်းကို ကိုမောင်လှ ဘလောခ်မှာ အရင်ကရေးထားပါတယ်။ အခု ကိုမောင်လှ ဘလောခ် က လစ်မစ်တပ်ယူဇာ ပဲကြည့်လို့ရတော့လို့ eot လုပ်ချင်တဲ့ သူငယ်ချင်းတွေ အဆင်ပြေအောင် ကျွန်တော်ဘလောခ်မှာ အသစ်ပြန်ရေးထားလိုက်ပါတယ်....အဆင်မပြေတာရှိရင် ကျွန်တော်သိသလောက် ပြောပြပေးပါမယ်

    1. eot (Embedded Open Type ) file ကို လုပ်ဖို့ ပထမဆုံး Microsoft ၀ဘ်ဆိုဒ်က WEFT (Web Embedded Font Technology) Software ကို Download (Right Click-Save Target As) လုပ်ပါ. ဒီ software ဟာ Microsoft ရဲ့ အခမဲ့ ဆော့ဝဲ တစ်ခုပါ အဲဒီ software ကို install လုပ်ပါ.

    2. Notepad ကို ဖွင့်ပါ. Notepad မှာ ကိုယ် သုံးမယ့် font (ဥပမာ - ဇော်ဂျီဖောင့်နဲ့ လုပ်ချင်တာ ဆိုရင် Zawgyi-One ဖောင့်နဲ့) အောက်ကပြထားတဲ့ စာတန်းကို copy လုပ်ထည့် လိုက်ပါ.

    1. Bold 2. Italic 3. Bold+Italic 4. Normal

    ဒီစာတန်းကို copy လုပ်ထည့်ပါ. ပြီးရင် save မှတ်ရင် ဖိုင်ကို eot.html လိုရေးပြီး html ဖိုင် အနေနဲ့ save လုပ်ပါ.

    3. WEFT program ကို ဖွင့်ပါ Welcome! This wizard will guideyou.. စတဲ့ ပေါ်လာ တာတွေကို နားလည်အောင် ဖတ်ပါ ပြီးရင် Next ကိုနှိပ်ပါ
    နောက် ပေါ်လာတဲ့ dialog box က အရေးကြီး ပါတယ် ရှေ့က list boxထဲမှာ ကိုယ်သုံးမယ် ခုဏ ကလုပ်ခဲ့တဲ့ eot.html ဖိုင်ကို ညွန်းပေးပါ ကွန်ပျူတာ ထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုရင်တော့ file:// ကိုရွေးပါ... Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp:// တစ်ခုခုကို ရွေးပေးဖို့ လိုပါတယ်.

    Photo Sharing and Video Hosting at Photobucket

    အဲဒီအောက်က Do not add linked pages ဆိုတဲ့ check box ကို ကလစ် မလုပ်ပါနဲ့
    နောက်ပေါ် လာမယ့် Skip analysis ဆိုတာကို လည်း ကလစ် မလုပ်ပါနဲ့
    ပြီးရင် Next ကို ကလစ် လုပ်ပါ.. Analyze Web Pages dialog box ပေါ်လာရင် Next ကို နှိပ်ပါ... The page file:..... It may not display on Win9xand MacOS. Unicode and Uniscribe is required. Do you want to continue? ဆိုတဲ့box လာပြရင် Yes ကို ကလစ် လုပ်ပါ...
    Font to Embed box ကိုရောက်ရင်...subsetting ကို 7. No subsetting ထားလိုက်ပါ.. ပြီးတော့ ညွှန်ပြ လိုက်တဲ့ web page ထဲမှာ embed လုပ်စရာမလိုတဲ့font တွေ ပါလာတယ် ဆိုရင် အဲဒီ font ကို select လုပ်ပြီး Don't embed ဆိုတာလေး ကိုclick လုပ်ပါ...
    Create Font Objects ဆိုတဲ့ box ပေါ်လာရင် Edit button ကိုနှိပ်ပြီး eot သုံးမယ့် web site တွေရဲ့ address ကို ထည့်ပေး ရပါတယ်... ထည့်တဲ့ အခါ သိထားရမှာက http://tayzar44.blogspot.com/ လို့ပဲ ထည့်ထားရင် http://www.tayzar44.blogspot.com/ နဲ့ ဖတ်တဲ့ သူတွေ အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး အဲဒါကြောင့် လိပ်စာ ထည့်တဲ့အခါ wwwပါတာတဲ့ လိပ်စာရော ၊ မပါတဲ့ လိပ်စာပါ ထည့်ပေးစရာ လိုပါတယ်... ပြီးတော့ အဲဒီ URL List ထဲမှာမပါတဲ့ ဆိုဒ်တွေ ကလည်း ဒီ eot ဖိုင်ကို ယူသုံးလို့ ရမှာ မဟုတ်ပါဘူး

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    ပြီးရင် ပုံထဲမှာ ပြထား တဲ့အတိုင်း အပေါ်က check box ၂-ခုကို အမှန်ခြစ် ခြစ် ပေးပါဦး... ပြီးပြီ ဆိုရင်တော့ Next ကို နှိပ်တော့ဗျာ...ခဏတော့ စောင့်နော် ...ဟော ပေါ်လာပါပြီ... CSS Style dialog box ဆိုပြီး ပေါ်လာပါပြီ...အဲဒီထဲက အောက်မှာ ပြထားတဲ့ code တွေကို copy ကူးထား လိုက်ပါ...


    Photo Sharing and Video Hosting at Photobucket

    @font-face {
    font-family: Zawgyi-One;
    font-style: normal;
    font-weight: 700;
    src: url(ZAWGYIO3.eot)
    }
    @font-face {
    font-family: Zawgyi-One;
    font-style: oblique;
    font-weight: normal;
    src: url(ZAWGYIO2.eot);
    }
    @font-face {
    font-family: Zawgyi-One;
    font-style: oblique;
    font-weight: 700;
    src: url(ZAWGYIO1.eot);
    }
    @font-face {
    font-family: Zawgyi-One;
    font-style: normal;
    font-weight: normal;
    src: url(ZAWGYIO0.eot);
    }

    ပြီးရင်တော့ Close ကိုနှိပ်တယ်... Next ကိုနှိပ်တယ်... အဲဒီမှာ နာက်ဆုံး ပ်ါလာတဲ့ Do not upload modified pages to server ဆိုတဲ့ check box ကို ကလစ် လုပ်ပါနဲ့။

    Photo Sharing and Video Hosting at Photobucket

    You all are done.... ဘာညာ လာပြတော့ Finish ကို နှိပ်လိုက်တယ်... eot.htm ရှိတဲ့ folder ထဲသွား ကြည့်တော့ ZAWGYIO0.eot, ZAWGYIO1.eot, ZAWGYIO2.eot, ZAWGYIO3.eot ဆိုပြီး ဖိုင် ၄-ဖိုင် ထွက်လာတာ တွေ့ရတယ်... ဘာဖြစ်လို့ ၄-ဖိုင် ထွက်တာ လဲဆိုတော့ eot.htm ဖိုင်ထဲမှာ Bold, Italic, Bold+Italic, Normal ဆိုပြီး စာ ၄-မျိုး ထည့်ထားခဲ့ လို့ပါ

    4. နောက်ပြီး ရင်တော့ အဲဒီ .eot ဖိုင်လေးဖိုင် ကို တစ်ခါတည်း လှမ်းယူ လို့ ရမယ့် hosting ဆိုဒ်.. ဥပမာ - www.fileden.com, www.ripway.com တို့မှာ တင်ထားပါ www.rapidshare.com လို download လုပ်ဖို့ စောင့်ရတဲ့ ဆိုဒ်တွေ ကတော့ အဆင်ပြေ မှာ မဟုတ်ပါဘူး

    5. နောက်ဆုံး အဆင့် ကတော့ ကိုယ့် blog ရဲ့ HTML edit ထဲဝင်ပါ ပြီးရင်
    အပေါ်မှာပြထားတဲ့ code တွေကို
    ကိုယ့် blog HTML ထဲက body ဘာညာ စတာတွေ ရေးထားတဲ့ CSS ရဲ့ အပေါ်မှာ ထည့်လိုက် ပြီးတော့ code မှာပါတဲ့ src: url(ZAWGYIO1.eot); ဆိုတဲ့ URL အနောက်က လက်သည်း ကွင်းထဲမှာ ကိုယ်တင်ထားတဲ့ eot ဖိုင်တွေရဲ့ link တွေ ပြောင်းထည့် လိုက်ပါ..
    ဒါ ဆိုရင်တော့ မိတ်ဆွေ ရဲ့ ဘလောခ်ကို မြန်မာဖောင့် မရှိတဲ့ စက်ကတောင် ကြည့်လို့ ရပါပြီ...

    တစ်ခုတော့ ရှိတယ် ဒီ eot ဖိုင်က Internet Explorer နဲ့ နောက်ထွက် Morzilla Fire Fox version အသစ်တွေ မှာပဲ အလုပ်လုပ် ပါတယ် Opera လို Browser မှာတော့ ရလိမ့်မှာ မဟုတ်ပါဘူး။


    Technorati tags:
    , , ,

    AddThis Social Bookmark Button

    လူအများကို အသက်ရှည်စေသူ

    ကျွန်တော် ကြိုက်တဲ့ ပုဂ္ဂိုလ် တစ်ယောက် အကြောင်း ကို ဒီဘလောခ် မှာ ရေးမယ်လို့  စိတ်ကူး ရတာနဲ့ ပထမဆုံး စဉ်းစား မိတာက Mr.Bean အကြောင်းကို ရေးဖို့ပါပဲ။ ဒီ Mr.Bean အကြောင်း ကို www.wikipedia.org, www.mrbean.co.uk, www.bbc.co.uk ကနေ ရတဲ့ အချက်အလက် ပေါ်မှာ အခြေခံပြီး ဘာသာပြန် ရေးထားတာပါ။ ဘာသာပြန်တာ ညံဖျင်းခဲ့ရင် ကျွန်တော်ကို ခွင့်လွှတ် ပေးပါဦး။ ကျွန်တော် က အင်္ဂလိပ်စာ ညံတယ်ဗျ။

    Mr.Bean

    Mr.Bean လို့ လူသိများ တဲ့ Rowan Sebastian Atkinson ကို january 6 1955 မှာ County Durham, England မှာ မွေးဖွား ခဲ့ပါတယ်။ သူဟာ လူသိများ တဲ့ ဟာသ ဇာတ်ကောင် ဖြစ်သလို စာရေး ဆရာ တစ်ဦး လည်း ဖြစ်ပါတယ်။ Atkinson ဟာ Sunetra Sastry နဲ့ ၁၉၉၀ မှာ လက်ထပ် ခဲ့ ပြီး အခု ချိန် မှာတော့ Benjamin နှင့် Lily လို့ ခေါ်တဲ့ ကလေး နှစ်ယောက် ဖခင်ပါ။ သူဟာ Mr.Bean ဇာတ်ကောင် မဖြစ်လာခင် ကတည်းက သရုပ် ဆောင် တစ်ယောက် ဖြစ်ပါတယ် James Bond ရဲ့ Never Say Never Again (1983) စတဲ့ ဇာတ်ကား တွေမှာ သရုပ် ဆောင်ခဲ့ ပါတယ်။ သူနာမည် ကျော်လာမယ့် နာရီဝက် စာ Mr.Bean ဇာတ်ကား တွဲတွေ ကို ITV ချန်နယ် ကနေ January 1, 1990 မှာ စတင် ထုတ်လွင့်ခဲ့ ပါတယ်။ သူရဲ့ နောက်ဆုံး အတွဲ ဖြစ်တဲ့ Goodnight, Mr.Bean ကိုတော့ 31 ရက် October 1995 မှာ ပြသ ခဲ့တယ်။ ဇာတ်လမ်း တွဲ ပေါင်း 14 တွဲရှိတဲ့ အဲဒီ ဇာတ်လမ်း တွဲတွေကို အင်္ဂလန်မှာ ၅ နှစ် ကျော်ခန့် ထုတ်လွှင့် ပြီးတဲ့ အခါ မှာတော့ များစွာသော အင်္ဂလန် ပရိသတ်တွေ ရဲ့ အားပေးခြင်း ခံရတယ်။ ၁၉၉၂ မှာ ထွက်ခဲ့တဲ့ The Trouble With Mr.Bean အတွဲဟာ 18.74 သန်းကျော် ရောင်းချ ခဲ့ရတယ်။ သူရဲ့ Mr.Bean ဇာတ်လမ်း တွဲတွေဟာ ကမ္ဘာ့ နိုင်ငံ ပေါင်း ၂၀၀ ကျော်မှာ ယနေ့ အထိ ရောင်း နေရဆဲ ဖြစ်ပါတယ်။ Mr.Bean ရဲ့ ပုံစံ ကတော့ tweed ဂျက်ကတ် နဲ့ အနီ ရောင် နက်ကတိုင် ပါပဲ။ သူဟာ စကား ပြောခဲ ပါတယ်။ Teddy ကတော့ သူရဲ့ အညိုရောင် ၀က်ဝံရုပ် လေးပါ ပြီးတော့ သူရဲ့ အခင်ဆုံး သူငယ်ချင်း လည်း ဖြစ်ပါတယ်။ Mr.Bean ရဲ့ ကား ကတော့ Mr.Bean's Mini လို့ ခေါ်တဲ့ 1970 နောက်ပိုင်း ထုတ် MK IV 1000 ကား ပါပဲ။ အစိမ်းနဲ့ အ၀ါ ရော ထားတဲ့ အရောင် ပုံစံ ရှိပြီး ဘောနတ် ကတော့ အနက်ရောင် ပါ။ ဒီ ကားက ပထမ Mr.Bean အတွဲ Back To School ဇာတ်လမ်း မှာ တင့်ကား ကြိတ်ခံ ရလို့ ပြားသွား ပါတယ်။ နောက် ဇာတ်လမ်းတွဲ တွေမှာ ပါတဲ့ ကား ကတော့ 1977 ထုတ် SLW 287R ဖြစ် ပါတယ်။ ဒီကား ကလည်း အရင် ကားနဲ့ ပုံစံ တူပါပဲ။ Mr.Bean ဇာတ်ကား တွဲတိုင်းမှာ အစပိုင်း ကို အမြဲတမ်း သန်းခေါင်ယံ အချိန်မှာ လန်ဒန်မြို့ လမ်းမ ပေါ်ကို အလင်းရောင် နဲ့ Mr.Bean ကျလာတဲ့ ပုံစံနဲ့ အင်ထရို ၀င်ပါတယ်။ အင်ထရို ၀င်တဲ့ အချိန် မှာ နောက်ခံ ဆိုတဲ့ သီချင်း က Ecce homo qui est faba လို့ လက်တင် ဘာသာနဲ့ ဆိုထားတာ ဖြစ်ပြီး အင်္ဂလိပ် လို "Behold the man who is a bean" လို့ အဓိပါယ် ရပါတယ်။ Mr.Bean ခေါ် Atkinson ရရှိ ခဲ့တဲ့ ဆုတွေ ကတော့ Mr.Bean ပထမ အတွဲ မှာတင် Golden Rose ဆု နောက် The Curse Of Mr.Bean မှာ BAFTA ဆုနဲ့ 1992 မှာ အကောင်း ဆုံး ဟာသ သရုပ်ဆောင် ဆု နှင့် Best Light Entertainment Performance ဆုကို 1991, 1992, 1994 တို့မှာ ရရှိ ခဲ့ပါတယ်။ Mr.Bean animation ဇာတ်ကားတွေ ကိုတော့ 2002 မှာ Mr.Bean ကိုယ်တိုင် အသံနှင့် သရုပ်ဆောင် ပြီး ဖြန့်ချိ ခဲ့ပါတယ်။ နောက် James Bond ကို သရော် ထားတဲ့ Jonny English ဇာတ်ကား ကိုတော့ 2003 မှာ ဖြန့်ချိ ခဲ့ပါတယ်။ အချိန် အတော်ကြာ နားထား ခဲ့တဲ့ Mr.Bean ဇာတ်လမ်း တွဲတွေဟာ October 2005 မှာ Mr.Bean's Holiday ဇာတ်ကား နဲ့ ပြန်ပေါ်လာ ပါတယ်။ ဒါ ကတော့ အရင် အတွဲ တွေလို နာရီဝက်စာ ဇာတ်လမ်းမျိုး မဟုတ်ပဲ ၂ နာရီ ခန့်ကြာမယ့် ဇာတ်လမ်း မျိုးပါ။ ပြင်သစ် ကို အလည် သွားတဲ့ Mr.Bean ရဲ့ အားလပ်ရက် ခရီး အကြောင်း ပေါ့။ ၀မ်းနည်းစရာကောင်းတာက ဒီကားဟာ Mr.Bean ရဲ့ နောက်ဆုံး ကားလည်း ဖြစ်နိုင် ပါတယ်တဲ့။ Atkinson သရုပ်ဆောင် ခဲ့တဲ့ ဇာတ်ကား တွေကတော့

    The Secret Policeman's Other Ball (1982), himself and various roles
    Dead on Time (1983), Bernard Fripp
    Never Say Never Again (1983), Nigel Small-Fawcett
    The Appointments of Dennis Jennings (1989), Dr. Schooner
    The Tall Guy (1989), Ron Anderson
    The Witches (1990), Mr. Stringer
    Hot Shots! Part Deux (1993), Dexter Hayman
    Four Weddings and a Funeral (1994), Father Gerald
    The Lion King (1994), Zazu (voice)
    Bean (1997), Mr. Bean
    Maybe Baby (2000), Mr. James
    Rat Race (2001), Enrico Pollini
    Scooby-Doo (2002), Emile Mondavarious
    Johnny English (2003), Johnny English
    Love Actually (2003), Rufus
    Keeping Mum (2005), Reverend Walter Goodfellow
    Mr. Bean's Holiday (2007), Mr. Bean

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Technorati tags:
    , ,

    AddThis Social Bookmark Button

    ကျွန်တော် လက်ဆောင် ရတဲ့ ကဗျာ တစ်ပုဒ်

    မြန်မာတီးရှော့ဖိုရမ် မှာ အမ ပင့်ဂိုး ကျွန်တော် အတွက် ကဗျာလေး တစ်ပုဒ်ရေး ပေးထားတာကို ဒီဘလောခ်မှာ back up လုပ်ထား လိုက်တယ်... ကျွန်တော့် တစ်သက်မှာ ကျွန်တော့်ကို သူများက စပ်ပေးတဲ့ ကဗျာ ဆိုလို ဒီတစ်ခု ပဲရှိတယ်ခင်ဗျ.... ကျေးဇူးပါပဲ အမ ပင့်ဂိုး ရေ.....

    မောင်လေး ဘလင့်ခ် အတွက်ပါ

    မြူးဇစ်သံကြား သူမနေနိုင်
    ကလိုက် ခုန်လိုက် သီချင်းနဲ့အပြိုင်
    တေးသံနဲ့အတူ စီးမျော
    ဘယ်လောက်ကြာကြာ သူမမော
    ယိမ်းထိုးလှုပ်ရင်း ခေါင်ကခါ
    ဆံပင်တွေက တစ်ဖွာဖွာ
    Rocker တွေလိုခုန်ပေါက်
    Rapper တွေလိုအော်ငေါက်
    Pop ကိုလည်းကြိုက်တဲ့သူ
    ပန်ခ့် ဆိုလည်းအကြိုက်ချင်းတူ
    Hip-hop လည်းဆိုမပြီး
    ဂစ်တာကိုလည်း ထိုင်ကာတီး
    ဂီတကို ချစ်တဲ့ကောင်လေး
    တစ်ခါတစ်ရံမှာ သီချင်းတွေထိုင်ရေး
    မြူးဇစ်အတွက် သူကအသင့်
    အဲဒါတို့ရဲ့ မောင်လေး Blink

    Technorati tags:
    , , ,

    AddThis Social Bookmark Button

    Me Playing Godfather Theme

    ကျွန်တော် တီးထား တဲ့ သီချင်းလေး တင်ထား လိုက်ပြီ slash တီးထား တဲ့ သီချင်းလေ Godfather Theme သူနဲ့ တော့ မတူဘူးပေါ့ သူက ကမ္ဘာ ကျော် ဆိုတော့ ကျွန်တော့် လို ရက်ကွက်တောင် မကျော်တဲ့ ကောင်က တစ်ထပ်တည်း တူအောင် တော့ လိုက် မတီး နိုင်ဘူးပေါ့ ကျွန်တော်က ဂစ်တာ လည်း ဆရာနဲ့ မသင်ဖူးတော့ နည်းတော့ မကျဘူးဗျ ဒီ သီချင်းကို မြန်မာပြည် က အဆိုတော် အသက် ငယ်ငယ် ကောင်မလေး တစ်ယောက် rapper တစ်ယောက် နဲ့ ဆိုထား သေးတယ်ဗျ နားထောင် ကြည့်လေ ဘယ်သီချင်း ဆိုတာ သိမှာပါ မသိ ရင်တော့ ကျွန်တော်တီးတာ ညံတာ သေချာ ပါတယ်...



    Technorati tags:
    , , , ,

    AddThis Social Bookmark Button

    New Search Engine

    search engine အဆန်း တွေတွေ့လို့ အားလုံးကို ပြန်ဝေမျှ ပါရစေ သူတို့က တစ်ချိန် ထဲမှာပဲ နာမည်ကျော် search engine တွေရဲ့ result ကို တစ်ချိန်ထဲမှာ ပြပေးနိုင်တယ် image တွေရှာရင်လည်း google တို့ yahoo, msn တို့မှာ ရှာတဲ့ result တွေကို တစ်ချိန်ထဲ တစ်ဆိုဒ် ထဲကနေ ပြပေး နိုင်တယ် တစ်ချို့တွေမှာဆို google, yahoo, msn တို့မှာတောင်မရတဲ့ site မျိုးစုံက video တွေ audio တွေပါ ရှာယူ နိုင်တယ် အဆင် ပြေတယ် ကြိုက်တယ် ဆို tool bar ပါ download လုပ်ယူ လိုက်လို့ ရတယ်...

    www.dogpile.com (အားလုံးထဲမှာ အမိုက်ဆုံးတစ်ခုပဲ တစ်ချိန်ထဲမှာ google, yahoo, msn ကိုရှာလို့ရတဲ့အပြင် audio ရော video ပါရှာလို့ရတယ်)

    www.doubletrust.net (ဒါက ဂျပန် က ကျောင်းသား တစ်ယောက် လုပ်ထားတာ)

    www.gahooyoogle.com

    Technorati tags:
    , , , , , ,

    AddThis Social Bookmark Button

    Ultimate Guitar

    Guitar Pro ဆော့ဝဲ ရှိပြီဆိုရင်တော့ လေ့ကျင့်ဖို့ gp5 ဖိုင်တွေ ဒေါင်းလုဒ်လုပ်ဖို့လို ပါတယ် အဲဒီဖိုင်တွေ ဒေါင်းလုဒ်လုပ်ဖို့ ဆိုဒ်တွေ အများကြီး ရှိတဲ့ထဲက အဆင်ပြေတဲ့ နေရာတစ်ခုကတော့ Ultimate Guitar ပါပဲ အဲဒီဆိုဒ်မှာ ဟိုးအရင် Ramones, AC DC တို့ကနေ ဒီနေ့  MCR , Linkin Park လို နောက်ပေါ် band တွေ အထိ နောက်ဆုံးထွက် album တွေရဲ့ ဖိုင်တွေပါရနိုင်တယ် သီချင်း title နဲ့ ရှာလို့ရသလို band name နဲ့ရော တစ်ခြား လေ့ကျင့်ခန်း တွေပါရနိုင်တယ် ဒီဆိုဒ်မှာ ကိုယ့်သီချင်းနှတ် လည်းတင်ချင် တင်လို့ရတယ် ပြီးတော့ နာမည်ကျော် သီချင်းနှတ် တွေကိုလည်း တီးကြည့်ပြီး rating ပေးလို့ ရတယ် နာမည်ကျော် သီချင်း ဒါမှမဟုတ် လူသိများတဲ့ သီချင်း ဒါမှမဟုတ် themes တွေ (ဥပမာ X'mas လို သီချင်းမျိုး) ရှာချင်တယ် ဆိုရင်တော့ search မှာ Misc လို့ရိုက်ပြီး band name ကိုရွေး search လုပ်လိုက်ပါ...


    Photo Sharing and Video Hosting at Photobucket


    Technorati tags:
    , , ,

    AddThis Social Bookmark Button

    Guitar Pro 5.0

    ဂစ်တာ တီးဖို့ ၀ါသနာ ပါသူတွေ အတွက် ဆော့ဝဲ ကောင်းလေး တစ်ခု အကြောင်း အသိပေးပါရစေ။ သိပြီးသားလည်း ဖြစ်ချင် ဖြစ်မှာပါ Guitar Pro 5 ဆိုတဲ့ ဆော့ဝဲပါ နောက်ဆုံး ထွက်ထားတဲ့ version က 5.0 ပါ သီချင်းတွေရဲ့ guitar tab နှတ်လို့ ခေါ်တဲ့ tablature ကိုပြပေးနိုင်တယ် ပြီးတော့ သူမှာပါတဲ့ play ခလုတ်ကို နှိပ်လိုက်ရင် မူရင်း သီချင်းသံကို midi သံနဲ့ နှတ်ကို အချိန်ကိုက် ပြပေးနိုင်တယ် ဂစ်တာ နှတ်အပြင် တခြား bass, drum, piano, keybord, violin, Flute စတဲ့ တူရိယာတွေ ရဲ့ နှတ်တွေပါ ပြပေးနိုင်တယ် ကိုယ်တိုင် စပ်ထားတဲ့ သီချင်း တွကိုလည်း အဲဒီ ဆော့ဝဲ နဲ့ လိုအပ်တဲ့ အသံတွေ ထပ်စပ်လို့ ရတယ် သူရဲ့လိုချင်တဲ့ သီချင်း နှတ်ဖိုင်မှန်သမျှကို အင်တာနက်မှာ အလွယ်တကူ ရှာယူနိုင်တယ် ဖိုင်ဆိုဒ် ကလည်း တစ်ခု တစ်ခုမှ 30.0 KB တို့ 50 KB တို့လောက်ပဲ ရှိတယ် ဘယ် band မဆို နာမည်မရှိတဲ့ band က အစ သူတို့ ရဲ့ မူရင်း နှတ်တွေကို ရှာယူ ပြီး လေ့ကျင့်နိုင်တဲ့ ဘက်စုံ သုံး ဆော့ဝဲကောင်း တစ်ခုပေါ့ သုံးမယ်ဆိုရင် ဂစ်တာ သိပ် ကျွမ်းကျင်စရာ မလိုပါဘူး chord တီးတတ်ရုံ ကြိုးညွှိ တတ်ရုံလောက်နဲ့ တင်ရပါတယ် သူတီးပုံနဲ့  tab နှတ် ဘယ်လို ကြည့် ရတယ် ဆိုတာ သိရင် အဆင် ပြေပါတယ် အဆင် မပြေတာ ရှိရင် ကျွန်တော့် ကိုမေးပါ ကျွန်တော် သိသလောက်ရှင်း ပြပေးပါမယ် ကျွန်တော် ဂစ်တာကို ဆရာ နဲ့ မသင်ဖူးဘူး အဲဒီ ဆော့ဝဲတွေ သုံး စာအုပ်တွေ ဖတ်နဲ့ပဲ နဲနဲပါးပါး တီးတတ် သွားတာ...

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    AddThis Social Bookmark Button

    Arch Enemy-Doomsday Machine (2005)

    သူငယ်ချင်း အားလုံးကို band တစ်ဖွဲ့ အကြောင်း ပြောချင် ပါတယ် နာမည်က Arch Enemy ပါ ဆွီင်္ဒင်က အဖွဲ့ ဗျ ဒါပေမယ့် အခု သူတို့ က ကမ္ဘာကျော် ဖြစ်နေပြီ အမျိုးအစားက နဲနဲကြမ်းတယ် death metal အများစုပေါ့ သူတို့ကို ကျွန်တော် စတွေ့တော့ youtube မှာ My Apocalypse နဲ့ စတွေ့တယ် တစ်ခါထဲ နားမထောင်ရ မနေနိုင်အောင် ဖြစ်သွားတယ် နောက်တော့ သူတို့ ဆိုဒ် မှာ fan သွားဝင် လိုက်တယ် သူတို့ က ၁၉၉၇ လောက် ကတည်းက ရှိခဲ့တာတဲ့ဗျ နောက်အခု အဆိုတော် Angeli က ၂၀၀၁ ခုလောက်ကမှ ပါလာတာပါ သူအသံကလည်း အံသြရလောက်အောင် ကြောက်စရာကောင်း ပါတယ်... နောက် သူတို့ ရဲ့ lead guitar သမား Michael Amott ကလည်း ကျွန်တော့် အကြိုက် ဂစ်တာသမား တစ်ယောက်ပဲ သူရဲ့ skill ကို တစ်ပုဒ်လောက် နားထောင်ရုံနဲ့ သိနိုင်ပါတယ် သူတို့ရဲ့ ၂၀၀၅ တုန်းကထွက်ခဲ့တဲ့ album Doomsday Machine ကို ကျွန်တော် တင်ထား တယ်ဗျ အဲဒီ album ထဲက သီချင်း အကုန်လုံး ကောင်းတယ်ဗျ ကျွန်တော် ညွန်းချင်တဲ့ သီချင်းတွေက
    Nemesis, My Apocalypse, I Am Legend, Slave Of Yesterday ပါ ဒီ album ထဲက Nemesis နဲ့  My Apocalypse နှစ်ပုဒ်ကို music video
    ရိုက်ထားတယ် သူတို့ ရဲ့ album သစ်ကိုတော့ ဒီနှစ်ထဲမှာ ဖြန့်လိမ့်မယ် ထင်တယ်

  • Click Here To Download Album


  • Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    AddThis Social Bookmark Button

    ရွာလိုက်တဲ့မိုး

    အခုတစ်လော ရန်ကုန်မှာ မိုးတွေ အရမ်းရွာတယ်.... လူတွေလည်း သေကြတယ်လို့ ကြားတယ် အလုံ၊ သစ်တောလမ်း ဘက်မှာဆိုလား မိသားစု လေးယောက် မိုးရွာလို့ ရေတွေတက်လာပြီး ဓာတ်လိုက် သေကြတယ်တဲ့သေတဲ့အထဲမှာ ILBC တက်နေတဲ့ ကလေး နှစ်ယောက် ပါတယ်ဆိုပဲ သူတို့ တွေက အမေသူငယ်ချင်း ရဲ့ ညီမတွေတဲ့ အဲဒီရက်တွေမှာဆို မီးလည်းပျက် ရေတွေကလည်း မြို့ ထဲမှာ တောင်ကြီးတယ် အလုံဘက်က တစ်ချို့ အိမ်တွေက ရေမြုတ်တာ ပစ္စည်းတွေလည်း ပျက်ဆီး လူတွေလည်း နေစရာမရှိနဲ့ ဒုတ်ခရောက်ကြတယ် ကျွန်တော်တောင် ယုဇနပလာဇာ သွားတုန်းက မနက်က သွားတုန်းက မိုးမရွာဘူး ပလာဇာထဲမှာ တစ်နာရီလောက် နေပြီးပြန်ထွက် လာတော့ ပလာဇာရှေ့မှာ ရေက ပေါင်လောက် ရောက်နေရော လူတွေလည်း ကားလမ်း ပေါ်ဆင်းမရနဲ့  ဒုတ်ခရောက်နေကြတယ် ကားလမ်းဘေးက ပုလက်ဖောင်းက နဂိုတည်းက အပေါက်တွေနဲ့  ရေတက်တော့ အပေါက်တွေ မမြင်ရတော့ ဘယ်သူမှမဆင်းရဲကြဘူး taxi တွေက ဂွင်တွေ့ပြီးဈေး တက်တောင်း ကုန်ကြတယ်အမှန်က မိုးကအဲဒီလောက် မဟုတ်ဘူးဗျ မြောင်းတွေက ရေစီးလမ်းကြောင်း ပိတ်နေလို့ ရေတက်တာဒါနဲ့ကျွန်တော်လည်း ပါလာတဲ့ mp4 က ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ခဲ့ လိုက်တယ်ဗျ.....


    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket

    Photo Sharing and Video Hosting at Photobucket


    AddThis Social Bookmark Button

    ဘလောခ်ရဲ့ အစ

    ဒီနေ့ တော့ ကျွန်တော့် ဘလောခ် ကို publish လုပ် လိုက်ပြီ။ ကျွန်တော် ဒီဘလောခ် လုပ်ထားတာ ဖေဖော်ဝါရီ က တည်းက အဲဒီမှာ စမ်းနေတာနဲ့ ကြာနေတာ။ ကျွန်တော် က HTML အကြောင်း မသိ တော့ (HTML အကြောင်း မသိဘူး ဆိုတော့ တခြား အကြောင်းတွေ သိတယ်လို့ ထင်စရာ ရှိပါတယ်.. တစ်ခြား အကြောင်းလည်း ဘာမှ မသိပါဘူး) အဲဒီ HTML အကြောင်းတွေ လိုက်ရှာ ဖတ်နေ ရတာနဲ့ စမ်းရတာနဲ့ အချိန်ကြာ သွားတာပါ။ ကျွန်တော် HTML စာအုပ် ၀ယ်ဖတ် မယ် ပြောတော့ ကျွန်တော့် ဆရာ ကိုမျိုးသန့် ကတော့ ပြောပါတယ် စာအုပ် ၀ယ်ရင် အင်္ဂလိပ် လို ရေး ထားတာ ၀ယ်တဲ့။ အင်္ဂလိပ်စာအုပ် ဖတ်တာအလေ့အကျင့် ရအောင်လို့ ထင်တယ်။ ဒါနဲ့ မြိုထဲက ဆိုင်တွေ လိုက်မေးတော့ တွေ့ပါရဲ့ စာအုပ်ဖိုး တွေက သောင်းကျော်တွေ ဒါနဲ့ မ၀ယ် ဖြစ်ဖူး နောက်မှ ဆရာ ဆိုလိုတာ အင်္ဂလိပ် လိုပဲပြန် copy လုပ်ထား တဲ့ စာအုပ်မျိုး ကို ပြောတာ မှန်း သိတယ် ပြီးတော့ တီချယ်ချယ်ရီ ကတော့ ပြောပါရဲ့ Dreamwaver သုံးကြည့် ပါလားတဲ့ အဲဒါနဲ့ စမ်း ကြည့်တာ အဆင် ပြေသွား တယ်။ နောက် အင်တာနက် မှာပဲ ဆိုဒ်ဘားမှာ ထည့်လို့ရမယ့် element တွေ ရှာရင်းနဲ့ အချိန်ကုန် ပြန်ရော။ နောက်တော့ eot လုပ်ဖို့  ကိုမောင်လှ ဘလော့ခ်မှာ ဖတ်ဖြစ်တယ် နောက် ကိုညီလင်းဆက် နောက် ကိုမျက်လုံး ဘလော့ခ် တွေမှာ လိုက်ဖတ် ဖြစ်တယ် နောက်တော့ စမ်းကြည့်လိုက် အယ်ရာ တက်လိုက် နဲ့ပဲ ဒီဘလောခ် လေး ဖြစ်လာတယ်။ ပြီးတော့ ကျွန်တော် အပေါ်က ပြောခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာတွေ အားလုံးကို ကျေးဇူး တင်ပါတယ်။ ပြီးတော့ ကျွန်တော် မေ့ကျန်ခဲ့တဲ့ ဆရာတွေ အားလုံးရော.....

    Technorati Profile

    AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font