Showing posts with label tayzar's diary. Show all posts
Showing posts with label tayzar's diary. Show all posts
Happy Birthday To Helena
မွေးနေ့မှာ ပျော်ရွှင်ပါစေ ဒေါ်လေး
AddThis Social Bookmark Button
ဘလောခ့်ရေးခြင်း ခဏနားခွင့်ပြုပါ
ကျွန်တော် ဘလောခ့်ရေးခြင်းကို မနားချင်ပဲ ခဏနားပါဦးမယ်။ စာမေးပွဲဖြေစရာရှိလို့ပါ။ ပို့စ်တွေ အများကြီးရေးဖို့ စိတ်ထဲမှာရှိနေပေမယ့် စာမေးပွဲရှိနေလို့ အခုလကုန် ဒီဇင်ဘာမှ ပြန်ရေးပါမယ့်။ template အသစ်ကလည်း ပြင်နေတုန်းမို့ လကုန်မှပဲ ပြောင်းပါ့မယ်။ အလည်လာကြတယ့် သူငယ်ချင်းတွေရော subscribe လုပ်ဖတ်နေတဲ့ သူငယ်ချင်းတွေရော အားလုံး ကျေးဇူးပါ။
AddThis Social Bookmark Button
အိတ်ထဲမှာ ဘာပါလဲ ?
အမ ဒီမို နဲ့ အမ ဘာညာက မနေ့က ကျွန်တော့်ကို အိတ်ထဲရှိတာသွန်ဖို့ tag ပါတယ်။ ကျွန်တော့် အိတ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ ရေးပေးဖို့တဲ့။ ကျွန်တော်က ဘယ်သွားသွား wallet သာမပါရင်နေမယ်။ အိတ်မပါရင် မနေတတ်ဘူး။ ကျောပိုးအိပ်ဖြစ်ဖြစ် ဘေးလွယ်အိတ်ဖြစ်ဖြစ် တခုခုတော့ပါတယ်။ အိတ်ပေါ့နေရင် လည်းမနေတတ်ဘူး။ အိတ်ထဲက ပစ္စည်းတွေ ဘာတွေပါလည်း ဆိုတော့ ထုတ်ကြည့်လိုက်မယ်။
  • 1 - ကျောင်းသားကတ်ပေါ့ မပါမဖြစ်ပဲ။ မပါရင် ကျောင်းထဲ လက်မှတ်ထိုးပြီး ၀င်ရတယ်။
  • 2 - old model casio fx-991MS calculator ပါတယ်။ သချာင်္တွက်ရမှာ ပျင်းပေမယ့် ဘာသာတိုင်းလိုလိုက လိုနေပြန်တော့ သယ်ရတယ်။ အမြဲပဲ။ စာမေးပွဲမှာဆို ခဲတံနဲ့ constant တွေ အလွတ်မကျက်ချင်လို အဖုံးမှာ ရေးသွားတတ်တယ်။ =P
  • 3 - ခဲတံ တစ်ချောင်း၊ ဘောပင်တစ်ချောင်းရယ် နောက် အရောင်မှိန်နေတဲ့ line pan တစ်ချောင်းပါတယ်။ ပေတံတော့မရှိဘူး ကျောင်းသားကဒ်နဲ့ပဲ ဆွဲလိုက်တာပဲ။ စာအုပ်ထဲ စာရှိဖို့ထက် ခေါင်းထဲစာရှိဖို့က ပိုအရေးကြီးတယ် မဟုတ်လား။ =P ဒါကြောင့် ပေတံ မရှိဘူး တခါတရံ ခဲတံ ပါမေ့ကျန်တတ်တယ်။
  • 4 - Name card အချို့နဲ့ Phone စာအုပ်။ အရေးပါတယ်။ မှတ်ပုံတင်နံပါတ်တွေ၊ ကျောင်းဝင်နံပါတ်၊ ၁၀ တန်း ခုံနံပါတ် တွေ မှတ်ထားတယ်။ ဖုန်းနံပါတ်ဆို မှတ်ရမှာပျင်းလွန်းလို့ ဆောင်ထားရတယ်။ ဘယ်ဖုန်းနံပါတ်မှ ကိုယ့်ဖုန်းနံပါတ်တောင် တခါတလေ မှန်လားမှားလား ရှေ့နောက်လွဲနေလား သိတာမဟုတ်ဘူး။ ဂဏန်းဆို လူက မမှတ်ချင်တော့ဘူး။
  • 5 - mp4 player နဲ့ usb cable အရေးအကြီးဆုံးပဲ။ သီချင်းနားမထောင်ရရင် မနေနိုင်လို့။ အိမ်ကနေထွက်ရင် ဘယ်တော့မှ မေ့မကျန်ခဲ့ဘူး။ ကျောင်းစာအုပ်သာ မပါရင်နေမယ်။ အိမ်က စပြီးခြေလှမ်းလှမ်းကတည်းက သီချင်းနဲ့ စလှမ်းတာဆိုတော့ မပါရင် မနေတတ်တော့ဘူး။ cyber cafe မှာ သုံးရင်လည်း သူနဲ့ပဲ portable applications တွေ နဲ့ သုံးတယ်။ အိမ်အပြန် data သယ်တယ်။ ipod နဲ့ တပုံစံထဲပဲ။ ipod တော့ မဟုတ်ဘူး။ i pood =P 1 GB ပဲ ဆံတယ်။
  • 6 - မပါမဖြစ်ပဲ Sony Ericsson K800i ဖုန်းက bluetooth သုံးတယ်။ camera ကို ကြိုက်တာ။ ပုံထွက်ကောင်းလို့။ အမ ဒီမို ဖုန်းလည်း K800i ပဲ။ အမ ဒီမို ဖုန်းက James Bond ကိုင်တဲ့ silver ရောင် ကျွန်တော်က လိုက်ရှာတာ ဘယ်မှာမှ မရလို့ အနက်ရောင်။ ဖုန်းက တစ်နေ့မှ အလွန်ဆုံး ၃ call လောက်ပဲခေါ်တယ်။ ဘော်ဒါမှ မရှိတာ ဆက်စရာလည်းမရှိဘူး။ တချို့ ရက်တွေမှာ အ၀င် call အထွက် call မရှိ။ cyber cafe ထဲမှာဆို လိုင်းမမိတော့ ဖုန်းမလာဘူး။ ဖုန်းက web browser လေးနဲ့ mobile Internet ရလာမယ့်နေ့ကို အခုထိ အိမ်မက်မက်နေတုန်းပဲ။
  • 7 - နောက်ကျောင်းစာအုပ် ၄ အုပ်လောက်ပါတယ်။ linux အကြောင်း အခြေခံသင်နေတော့ linux စာအုပ် ၂ အုပ်ပါတယ် ။ wireless network ဖတ်စာအုပ်ပါတယ်။ ရေးတဲ့ စာအုပ်က ပျောက်သွားပြီ။ =P
  • 8 - နောက် ပိုက်ဆံ အကြွေအတော်များများရယ် အတန်ကြီးနဲနဲရယ်ပါတယ်။ ပိုက်ဆံကို wallet ထဲ ထည့်တဲ့ အကျင့်မရှိဘူး။ ကျောပိုးအိပ် အနောက် အပေါ်နားက အိတ်လေးထဲမှာပဲ အမြဲထည့်တယ်။ wallet နဲ့ဆို အလုပ်ရှုပ်လို့။ တခါတရံ အိတ်ထဲမှာပဲ စာအုပ်တွေနဲ့ ရောထည့်ထားတာပဲ။
  • 9 - လက်ကိုင်ပ၀ါ။ မိန်းကလေးတွေကိုင် သလို Pooh တွေ Mickey Mouse ပုံတွေနဲ့တော့ မဟုတ်ဘူး။ UK အလံနဲ့ ပ၀ါ ထည့်ထားတာ။ ချွေးသုတ်ဖို့ မဟုတ်ဘူး ဂစ်တာ သုတ်ဖို့ ထည့်ထားတာ။ tissue ဆောင်တဲ့ အကျင့်မလုပ်ဘူး ပိုက်ဆံကုန်လို့။
  • 10 - ဘီးကုပ် နဲ့ ခေါင်းစည်းကြိုး။ ဘီးတော့ မဆောင်တတ်ဖူး။ မှန်လည်း မယူတတ်ဖူး။ ဘီးကုပ် နဲ့ ခေါင်းစည်းကြိုးက အရင် ဆံပင်ရှည်တုန်းက ယူနေကျကနေ အခု ဆံပင် အတို ညှပ်လိုက်ပေမယ့် ယူနေတုန်းပဲ။ ဆံပင် အရှည်ပြန်ထားမလို့။ အခု ဆံပင်နဲနဲ ပြန်ရှည် လာနေပြီ။
  • 11 - Oxford eng to eng dictionary ပါတယ်။ english grammar ရေးတတ်ချင်လို့ အမြဲထည့်ထားတာ ၂ ပတ်လောက်ပဲ ရှိသေးတယ် ထည့်ထားတာ။ meaning က မပိုင် vocabulary က မသိ idiom ဆို လုံးဝမရတော့ ဆောင်ထားရတယ်။
    အိတ်ထဲမှာရှိတာ အဲဒါ အကုန်ပဲ အရင်က ခေါက်ထီး ၁ ချောင်းပါတယ်။ အခု မိုးမရွာတော့ဘူးထင်လို့ မဆောင်တော့ဘူး။ ဟိုနေ့ကတော့ မိုးရေချိုးပြီး အိမ်ပြန်လိုက်ရတယ်။ November Rain ပေါ့။ ကျောပိုးအိတ်က မပါမဖြစ်ပါပဲ။ အိတ်ထဲက ပစ္စည်းတွေကလည်း မပါမဖြစ်ပဲ။ ။
  • AddThis Social Bookmark Button
    သရဲ နှင့် ကျွန်တော်
    ဒီနေ့ Halloween နေ့မှာ အမှတ်တရ သရဲ အကြောင်းတော့ရေးချင်တယ်။ ခက်တာက ကျွန်တော် သရဲ အခြောက် မခံရသေးဘူး။ ဒီတော့ သူငယ်ချင်းတွေ ပြောတဲ့ သရဲ အကြောင်းပဲ ရေးတော့မယ်။ ရန်ကုန်မှာ ကျတော့ သရဲခြောက်ဖို့ နဲနဲခက်တယ်။ သရဲက လူတွေ ပြန်ကြောက် နေရလို့လေ။ နယ်မှာကတော့ တော်တော်များများ သရဲအခြောက်ခံဘူး ကြတယ်။ ကျွန်တော် ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းက အရှေ့ဘက်မှာ ရထားလမ်းပဲလေ အဲဒီနေရာက သရဲ အရမ်းခြောက်တယ်လို့ နာမည်ကြီးတယ်။ များသောအားဖြင့် လူကို ရထားတိုက်ပြီ ဟေ့ဆို ဘယ်မှမသွားနဲ့ ကျွန်တော်တို့ မူလတန်း ကျောင်းရှေ့က ရထားလမ်းနေရာပဲ။ ခဏတိုင်း အဲဒီနားမှာ လူသေတယ်။ ကျွန်တော်တို့ အိမ်နဲ့ အဲဒီနေရာနဲ့က ၅ လမ်းလောက်တော့ ခြားတယ်။ တိုက်ပြန်ပြီဆို လူတွေသွား ကြည့်ကြပြန်ရော။ ကျွန်တော်က သွားကြည့်ချင်တာ အရမ်းပဲ။ အိမ်က ကလေးဆိုတော့ မလွှတ်ဘူးဗျာ။ တိုက်လိုက်ရင်လည်း လူက အပိုင်းပိုင်း အပြတ်ပြတ်ပဲတဲ့။ ဒါနဲ့ပဲ သွားကြည့်တဲ့ သူငယ်ချင်းတွေ ပြောတာကိုပဲ စိတ်မှန်းနဲ့ ပုံဖော်ကြည့်ရတယ်။
    အဲဒီနေရာမှာ လူခဏခဏ ရထားအတိုက်ခံရတဲ့ အကြောင်းအရင်းတခု ရှိမယ်လို့တော့ ကျွန်တော် တွေးမိပါတယ်။ တခါမှာတော့ ကျွန်တော် တွေးတာ မှန်တယ်ဆိုတာ ကျွန်တော် ကိုယ်တိုင် သိလိုက် ရတော့တယ်။ တနေ့က ကျွန်တော် ကျောင်းကနေ အိမ်ကိုပြန်တဲ့နေ့က မြို့အစွန်ဘက်က သူငယ်ချင်းအိမ် ကာတွန်းစာအုပ် သွားယူပြီး အပြန်ပေါ့။ အိမ်ကို ပြန်ဖို့ ရထားလမ်းကို ကားလမ်းဖြတ်တဲ့ နေရာကနေ သွားမယ်ဆိုရင် ကွေ့ပတ်နေရဦမှာ ဒီ နားက လမ်းတိုလေးကနေ ရထားလမ်းကို စက်ဘီးမပြီး ကျော်မယ်ဆိုရင် ခဏနဲ့ ရောက်မှာပဲ ဆိုပြီး ကျော်ဖို့ အဲဒီလမ်းကို သွားတယ်။
    အဲဒီ လမ်းရဲ့ ရထားလမ်း ကျော်တဲ့နေရာက ကျွန်တော်တို့ မူလတန်း ကျောင်းရှေ့ ရထား အရမ်းတိုက်ပါတယ် ဆိုပြီး နာမည်ကြီးတဲ့ နေရာ အဲဒီမှာ ကျွန်တော် စက်ဘီးနဲ့ မကူးခင် ကြည့်လိုက်သေးတယ် ရထား လာမလာပေါ့။ ရထားမလာဘူးဆိုပြီး စက်ဘီး မပြီး ကူးနေတုန်းမှာ ခပ်လှမ်းလှမ်းကနေ ရထား ဥသြဆွဲသံကြီး ကြားရတော့တာပဲ။ ကျွန်တော်နဲ့ နီးနေပြီ ဒါပေမယ့် ကျွန်တော့် စက်ဘီးက ဒေါက်က ရထားလမ်းနဲ့ ညှိနေတယ်။ ကျွန်တော် လန့်သွားတယ်။ သေပြီပေါ့။ အတင်းရုန်းတယ် မရဘူး။ နောက်တခါ ထပ်ရုန်းတယ်မရဘူး။ နောက်ဆုံး အားကုန်ကို ရုံးလိုက်တော့မှ ကျွန်တော် လွတ်သွားပြီး စက်ဘီးရော လူပါ ရထားလမ်းပေါ်ကနေ ဆင်းလိုက်နိုင်တယ်။ ကျွန်တော် အဆင်း ရထားလည်း အဖြတ်ပဲ။ Aerosmith သီချင်းထဲက လိုပဲ။ အဲဒီ တုန်းကမှ အဲဒီနားမှာ လူဘာလို့ အသေများရတာလဲ ကျွန်တော် သိတော့တယ်။ မမြင်ရတဲ့ အရာတွေက ဆွဲနေတာကိုး။ ကျွန်တော်သာ အဲဒီ အချိန်က မရုန်းနိုင်ခဲ့ရင် အခုချိန်မှာ ဒီစာလေးတောင် ရေးနိုင်တောမှာ မဟုတ်လောက်ဘူး။
    အဲဒီနားက ခြောက်တယ်လို့ နာမည်ကြီးတယ်။ အခြောက်ခံရတဲ့ သူတွေ ပြောပြတာက ကျွန်တော်တို့ရဲ့ မူလတန်းကျောင်းက လည်းခြောက်တယ်တဲ့။ ညဘက် ဖြတ်သွားတုန်း အသံတွေကြားရလို့ဆိုပြီး ခဲနဲ့ထုလိုက်တာ ခဲက ပြန်ထွက်လာတယ်တဲ့။ ကျောင်းစောင့်ရှိပေမယ့် သူက ကျောင်းတဲ့ နဲနဲလှမ်းတဲ့ ကျောင်းဝန်းထောင့်ဘက်မှာနေတာ သူလည်း ဘာမှမလုပ်ပါဘူးတဲ့။ နောက် ကျွန်တော်တို့ အိမ်ရဲ့ လမ်းအရှေ့ဘက်မှာ အိမ် ၅ အိမ်လောက်ရှိတယ် သူတို့ အနောက်ဘက်မှာ ကိုက် ၅၀၀ ပတ်ပတ်လည်လောက်ရှိမယ့် ပေ ၂၀ လောက်နက်တဲ့ ချိုင့်ကြီးရှိတယ်။ အဲဒီထဲက လူလည်း မဆင်းကြဘူး ဆူးပင်တွေ ခြုံတွေနဲ့ နောက် စိန်ပန်းပင် အကြီးကြီးတွေ တမာပင်တွေ မကျည်းပင်တွေနဲ့ အုပ်ဆိုင်းပြီး တောကြီးလိုပဲ အဲဒီ ချိုင့်ကြီး ဟိုဘက်မှာက အိမ်လေးတလုံးရှိတယ်။ အဲဒီ အိမ်က မိန်းမကြီးပေါ့ ညဘက် ၈ နာရီလောက် ရေတွင်းမှာ ရေချိုးသွားတာ စိန်ပန်းပင်ကြီး ဘက်ကနေ ဆံပင်ဖားလားကြီးနဲ့ မိန်းမကြီး တစ်ယောက်ထွက်လို့တဲ့။ တပတ်လောက် ဖျားသွားတယ်။
    တခါကလည်း အဖေရယ်၊ အမေရယ်၊ အဒေါ်ရယ် ညဘက်ပြန်လာကြတုန်း ရက်ကွက်ထိပ်က ဓာတ်ပုံဆိုင်ကတိုက်က အရှေ့ဘက်မှာ လက်ပြတ်ကြီး ထွက်နေတာကို မြင်ခဲ့ကြတယ်တဲ့။ နောက် ကျွန်တော်တို့ လမ်းတိုလေး အနောက်ဘက်နားလောက်က ကုက္ကိုပင်ကြီး ဘေးနားမှာ ဆေးလိပ်သောက်နေတဲ့ အဖိုးကြီး တစ်ယောက်ကို ညဘက်မှာ တချို့တွေ တွေ့ရတယ် ပြောကြတယ်။ နောက် တခါက ကျွန်တော်တို့ လမ်း အလယ်လောက်မှာနေတဲ့ အိပ်က sunny ကားလေးနဲ့ ရန်ကုန်ကပြန်လာကြတာ ပဲခူးသချိုင်းမှာ ကားက အရမ်းလေးသွားပြီး နောက်ထိန်းမရတော့ပဲ ချောက်ထဲကျသွားတာ ကားကို စုတ်ပြတ်ပိတ်လိမ်နေတာပဲ အဲဒီကားကြီး ကျွန်တော်တို့လမ်းထဲမှာ ရပ်ထားပြီး ပရိတ်ကြိုးတွေပတ် သဲဖြူး ပရိတ်ရေလောင်း ဘုန်းတော်ကြီးတွေ ဘုရားစာရွတ်နဲ့ အတော်လုပ် လိုက်ကြရတယ်။
    အမေတို့ တခါကလည်း ဟိုင်းလတ်ကားဝယ်ဖို့ မန္တလေးမှာ ကားကြည့်တော့ ကားတော်တော်ကောင်းတာ တစင်းတွေ့ကြတယ်တဲ့။ အဲဒီကားကြိုက်ပြီးဝယ်မယ်လုပ်တော့ အသိတစ်ယောက်က လာတားတယ် အဲဒီကားက မန္တလေး နဲ့ မေမြို့နဲ့ပြေးနေတာဆိုပဲ အဲဒီကားက မန္တလေးကထွက်ရင် အထွက်မှာတိုက်တယ် မေမြို့က ထွက်ရင်လည်း အထွက်မှာ အမြဲတိုက်တယ်တဲ့။ ကျွန်တော်မမွေးခင်က ကျွန်တော့် အဖွားမှာ ရှေးကား အဟောင်းကြီး တစ်စင်းရှိတယ်တဲ့ အဲဒီကားက အမြဲလိုလိုတိုက်နေတာ ဘယ်သူမောင်းမောင်းပဲတဲ့။ နောက်ဆုံ အဖွားက စိတ်ဆိုးပြီး အဲဒီကားကို ခြံထဲကို မရပ်ခိုင်းတော့ပဲ ဘုန်းကြီးကျောင်းမှာပဲ သွားထားရတယ်။
    ကျွန်တော် ငယ်ငယ်က အဒေါ်အိမ် ပါရမီမှာ နေတုန်းက အဒေါ်တို့အိမ်ကနေ ထွက်ရင် တော်တော်လေး သွားမိရင် သချိုင်း အကျယ်ကြီးတစ်ခုရှိတယ်။ အဲဒီနေရာက ညဘက်ဆို တော်တော်ခြောက်ဆိုပဲ။ ဆိုက်ကားသမားတွေဆို ခဏတိုင်း အခြောက်ခံရတယ်။ နောက် အဲဒီ သချိုင်းကြီး ရွှေ့တော့ ကားအလွှတ်တွေနဲ့ တက်ကြပါ သချိုင်းရွှေ့ရအောင်လို့ ပြောတာ ကားက အလိုလိုလေးသွားတယ်တဲ့။ အဲဒီလိုနဲ့ သချိုင်းကြီးရွှေ့လိုက်ကြတယ်။ အခုတော့ အဲဒီနေရာမှာ သရဲ အခြောက်တော့ပါဘူး။ စည်ပင် ၀န်ထမ်းအိမ်ရာ ဖြစ်သွားပြီ သရဲကပဲပြန်ကြောက်ရတော့မှာ လူတွေက အဲဒီနေရာမှာ ၂၄ နာရီလုံး ရှိနေကြတော့ သရဲပဲလန့်ပြေးလောက်ပါပြီ။
    အမေတခါက ရန်ကုန်ဆေးရုံကြီးမှာ အမျိုးတစ်ယောက် ဆေးရုံတက်တုန်းက ဦးနှောက်နှင့် အာရုံကြောမှာ စောင့်တုန်းက ညဘက်ဆို အမေ လမ်းသွားရင် အနောက်ဘက်က ခြေသံတွေ လိုက်လာသလို ကြားရတတ်တယ် လို့ပြောတယ်။ ဒီနှစ် ဇူလိုင်လောက်တုန်းက ကျွန်တော့်ညီ စက်ဘီးကုန်းဆင်းပေါ်ကနေ မှောက်ရက်ကျပြီး ရန်ကုန်ဆေးရုံကြီး မေးရိုးဌာနဘက်မှာ ညဘက်ချုပ်ကြသေးတယ်။ ကျွန်တော် အဲဒီတုန်းက ညဘက် ၁၂ ကျော်လောက်ကို လသာ ၂ ဘက်ခြမ်းက မေးရိုးဌာနနဲ့ ဟိုးဘက်က အရေးပေါ်ဌာနက ဆေးဆိုင်ကို ကူးလိုက်ပြန်လိုက်လုပ်နေတာ သရဲ အခြောက် မခံခဲ့ရဘူးဗျာ။ သရဲဆိုမှ ရယ်စရာလေးပြောရဦးမယ် ကျွန်တော်ငယ်ငယ်က ညဘက်ဆို အိမ်ရာထဲမှာ မီးအကုန်ပိတ် သီချင်းကို နားကြပ်နဲ့ အသံကုန်ဖွင့်ပြီး နားထောင်ပြီးမှ အိပ်တာ။ တရက်က ကျွန်တော့်ညီက အမေခေါ်ခိုင်းလို့ဆိုပြီး အမှောင်ကြီးထဲကနေ ကျွန်တော့် ခြင်ထောင်ကို မျက်နှာကြီးကပ်ပြီး လာကြည့်ပါလေရော။ ကျွန်တော်က သီချင်းနားထောင်နေရင်း ခြင်းထောင်ကို ကြည့်နေတာကနေ ခြင်ထောင်ကြီးက မျက်နှာပုံစံကြီး ပေါ်လာတာနဲ့ သရဲမှတ်ပြီး ကုန်းအော်တာ နားကြပ်ကလည်း အသံကုန်ဖွင့်ထားတော့ အော်တဲ့ အသံက အကျယ်ကြီးထွက်နေတာပေါ့။ အကုန်လန့်နိုးကုန်ကြရော။ ပြီးတော့မှ ကျွန်တော့်ညီ ဖြစ်နေတယ်။ =) ကျွန်တော်က သရဲ အခြောက်ခံချင်တာ တခါမှမတွေ့ဖူးသေးဘူး။
    အိမ်မှာတော့ ကြည့်လိုက်ရင် သရဲကား အကောင်ကားတွေကြည့်ပဲ။ တချို့က သရဲဆိုတာ တကယ်မရှိဘူး ပြောကြတယ်။ မဟုတ်ပါဘူး တကယ်ရှိမှာပါ။ တရားစာအုပ်တွေ မှာပါတဲ့ ပြိတ္တာဆိုတာ တကယ်တော့ သရဲပါပဲ။ သူတို့က ဘာလို့ ခြောက်ကြလည်း။ တကယ်တော့ ခြောက်တာ မဟုတ်ပါဘူး။ သူတို့ အကူအညီလိုချင်လို့ ကိုယ်ယောင်ပြကြတာပါ။ ဒါပေမယ့် သူတို့က ရုပ်ဆိုးတဲ့ ကိုယ်ခန္တာကြောင့် သရဲခြောက်ပါတယ် ဖြစ်သွားရတာ။ သူတို့က အမျှဝေတာလိုချင်ကြတယ်။ တချို့ကြတော့ ကိုယ့်ရဲ့ ပစ္စည်းဥစ္စာတွေကို စွဲလမ်းပြီး သေတော့ သရဲ ဖြစ်သွားကြတာ။ တချို့က သူတို့ကိုယ်သူတို့ သေမှန်းမသိကြဘူး။ သူတို့ လူသတ်သလားဆိုတော့ သူတို့က ရုပ်ဆိုးတဲ့ အတွက် တချို့ အသည်းငယ်တဲ့ လူတွေက ကြောက်ပြီး နှလုံးသွေးရပ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်ရတာက သရဲက အဲဒီလောက် ရူပမဆိုးပေမယ့် သရဲက တွေ့ရင် လူကိုသတ်စားတယ်၊ ဘာညာနဲ့ သူများပြောတာတွေ နောက် ဇာတ်ကားတွေထဲကလို တကယ်စိတ်မှာ ထင်မှတ်ပြီး သွေးရပ်ပြီး သေကြရတာပါ။ အဲဒီအခါမှာ သရဲက သတ်ပါတယ်ဖြစ်ရော။ တကယ်တော့ သူတို့က ရုပ်ဆိုးနဲ့ အကူအညီလိုနေတဲ့ လောကသားတွေပါပဲ။ ။
    AddThis Social Bookmark Button
    I'm Voodoo Doll
    အားနေတာနဲ့ ကိုယ့်ပုံကိုဆွဲပြီး voodoo အရုပ်ပုံစံနဲ့ အပ်တွေ စိုက်ပေးလိုက်တယ်။ ပုံက ကျွန်တော်နဲ့ တူတယ်ထင်တာပဲ။ တူအောင်လို့ ကျွန်တော့်ရဲ့ အမှတ်အသားတွေ ထည့်ဆွဲထားတာ။ ဘီး မဖီးတဲ့ ရှုပ်ပွနေတဲ့ ဆံပင်၊ နောက် မျက်လုံးပြူးပြူး၊ နောက် ရုပ်ဆိုးဆိုး၊ ၀တ်နေကျ t-shirt အနက်ရောင် ဆွဲထားတယ်။ ရှုးဖိနပ်ပါထည့်ဆွဲထားတယ် တကယ်တော့ ရှုး က ကျွန်တော် စီးလေ့မရှိပါဘူး။ ပူလို့ အိုက်လို့ မနေနိုင်ဘူး။ ရိုးရိုး ဖိနပ်မဆွဲတတ်လို့ လျှောက်ဆွဲထားတာ။ mspaint နဲ့ ဆွဲထားတာ။ ပုံက မူကြိုက ကလေးတွေ ဆွဲတဲ့ပုံနဲ့ တူနေတယ် မဟုတ်လား။ =)
    ပုံတော့ ဆွဲပြီးပြီ ကိုယ်တိုင်ရေး voodoo doll ပုံတူဆွဲပြီး အပ်စိုက်ဖို့ ဘယ်သူ့ကို တက်ရရင် ကောင်းမလဲဆိုတော့။ ပုံက ဆွဲချင်ကြရဲ့လား မသိဘူး။ လျှောက်သာဆွဲဗျာ။ မဆွဲတတ်လည်းရပါတယ်။ tag ရ ခက်နေတယ် မိတ်ဆွေတို့ ပုံဆွဲတတ်ရင် ကျွန်တော် tag တယ်လို့ သဘောထားလိုက်ပြီးဆွဲပါဗျာ။ ပျော်ပျော်ပါးပါးပေါ့။ ကဲ ပုံဆွဲနိုင်မယ်ထင်ရတဲ့ သူငယ်ချင်းတွေတော့ Tag လိုက်ပြီ။
    နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်ကိုပါ tag လိုက်မယ်။ အားလားတော့မသိဘူး။
  • Vincent Chow
  • Leo Jack
  • Rapster
  • Helena
    Technorati Tags: , , , , , , , ,
  • AddThis Social Bookmark Button
    ဆောင်းတွင်းအေးအေး
    ကျွန်တော့်ကို သူငယ်ချင်း ပေါက်ပေါက်ဆုပ် က ဆောင်းတွင်းမှာ ကွေးဖို့ tag ထားတာ ကြာလှပါပြီ။ ကျွန်တော် အခုမှပဲ ရေးနိုင်တော့တယ်။ ကျွန်တော်က ဒီလိုပဲ tag ခံရရင် ရေးတာကြတယ်။ အခု tag ထားတာလည်း အရင် စက်တင်ဘာလ ကတည်းက tag ထားတာ အခုမှ ရေးနိုင်တယ်။
    ကျွန်တော်က ရာသီဥတုတွေထဲမှာ ဆောင်းကို အကြိုက်ဆုံးပဲဗျ။ အေးတာကြိုက်တာကိုး။ ကျွန်တော်အရင် ငယ်ငယ်တုန်းက နေခဲ့တဲ့ မြို့လေးဆို ဆောင်းဆို တကယ်အေးတာဗျ။ မြို့က ရှမ်းတောင်တန်းတွေရဲ့ အခြေမှာရှိတာကိုး။ ဆောင်းဆို ရှေ့က ဆယ်ပေ ဆယ့်ငါးပေလောက် အထိပဲမြင်ရတယ်။ နေက ၁၁ နာရီလောက်မှ မြင်ရတာ။ အဲဒီ အချိန်အပြင်ထွက်ပြီး အေးနေတဲ့အချိန် မုန့်ဟင်းခါးလို မုန့်ပူပူတွေစားရတာ တကယ် အရသာရှိတာ။ ညဘက်ဆို ၇ နာရီလောက်ဆို မြို့လမ်းပေါ်မှာ လူရှင်းနေပြီ။ အဲဒီ အချိန်ဆို အိမ်နားက လူပျို အကိုကြီးတွေက မိန်းကလေး အဆောင်တွေဘက် ဂစ်တာသွားတီးကြတယ်။ တခါတလေ ကျွန်တော် လိုက်သွားတယ်။ ပညာယူဖို့လေ။ =) မဟုတ်ပါဘူးဗျာ သူတုှိ့ဆီက ဂစ်တာတီးတဲ့ ပညာလိုချင်လို့ပါ။ တခါတလေတော့ ဦးလေးတွေ အဒေါ်တွေနဲ့ အိမ်ပြန်ကြပြီး အိမ်ကို အလုံပိတ် စောင်လေးတွေခြုံပြီး ပူပူနွေးနွေးပြုတ်ထားတဲ့ ပြောင်းဖူးပြုတ်စားရင်း တီဗီကြည့် ကြတယ်။
    ဆောင်းဆိုရင် အမှတ်တရ ဖြစ်တာလေး ပြောရဦးမယ်။ ကျွန်တော် ပထမနှစ်က ဆောင်းဝင်ခါစ အချိန်ပေါ့။ ကျွန်တော်က အဲဒီ အချိန်တုန်းက မြို့မှာ အင်တာနက်မရှိတော့ ရှိတဲ့ ကွန်ပျူတာ ဂိမ်းကိုပဲ အသေအလဲ ဆော့တာ။ ကွန်ပျူတာ ဂိမ်းဆိုင်ကလည်း တစ်မြို့လုံးမှာမှ တစ်ဆိုင်တည်းရှိတာ။ ရှိတာကလည်း ၈ လုံးပဲရှိတာ။ အခြား PS2 ဂိမ်းဆိုင်တွေတော့ အများကြီးရှိပေမယ့်။ မြို့မှာ ကွန်ပျူတာ တတ်တဲ့သူကနည်းတော့ ဆိုင်က ၁ ဆိုင်ပဲရှိတယ်။ ကွန်ပျူတာဂိမ်း နှိပ်တတ်တဲ့သူက တစ်မြို့ လုံးမှာ ၁၀ ယောက် မပြည့်ဘူး။ ကျွန်တော်ရယ် ကျွန်တော့် ဘော်ဒါ တစ်ယောက်ရယ်က ညနေဆို ဂိမ်းနှိပ်နေကြ။ အဲဒီ ဘော်ဒါကလည်း ကွန်ပျူတာဂိမ်း စွဲသွားအောင် ကျွန်တော်ပဲ သွေးဆောင် ဖြားယောင်းပြီး သင်ပေးလိုက်တာလေ။ သူရယ် အခြား အသက်ခပ်ကြီးကြီးဘဲ ၃ ယောက်လောက်နဲ့က ကျွန်တော်တို့ ညနေတိုင်း General တိုက် နေကြ။ ရှိတဲ့ သူတွေထဲမှာ ကျွန်တော်က လူလည်ကျ အနိုင်ကျင့်ပြီး နိုင်နေကြပဲ။
    တနေ့ကတော့ ကျွန်တော်ရယ် ဘော်ဒါရယ် ညနေ ကတည်းက အဲဒီမှာ တိုက်နေကြတာ ပြန်မယ်လုပ်တော့ ည ၉ နာရီလောက် ရှိနေပြီ။ အပြင်ထွက်တော့ ကျွန်တော် မျက်စိတွေက သိပ်မကြည်တော့ဘူး။ ၀ါးနေပြီ ရှေ့ကို နည်းနည်းပဲ မြင်ရတော့တယ်။ ဟာ သွားပါပြီပေါ့ မျက်မှန်တပ်ရပါပြီ။ သေပါပြီ။ ဂိမ်းဆော့မိတာ မှားပြီလို့ စိတ်ထဲမှာ ၀မ်းနည်းသွားတယ်။ စိတ်ထဲမှာ ၀မ်းနည်းပြီး ငိုချင်လာတယ်။ အပြန် ဘော်ဒါက အိမ်ကို စက်ဘီးနဲ့ လိုက်ပို့ပေးတယ်။ လမ်းမှာ ကျွန်တော် စက်ဘီးနောက်က ထိုင်လိုက်ရင်း ဘော်ဒါကို ကျွန်တော် မျက်စိဝါးသွားပြီ ရှေ့ ဆယ်ပေလောက်ပဲ မြင်ရတော့တဲ့ အကြောင်း ပြောပြတယ်။ အဲဒီတော့မှ ဘော်ဒါက ဟေ့ ကောင် အဲဒါ မင်းတင်ဖြစ်တာ မဟုတ်ဘူး အားလုံးဖြစ်တာပဲဟ နှင်းကျ နေတယ်လေကွာ လို့ပြောမှပဲ နှင်းစကျတဲ့နေမှန်း သိရတော့တယ်။ ဟား ဟား ကျွန်တော်ကတော့ တကယ် မှုန်သွားပြီ မှတ်လို့ ခံစားနေတာ။ နောက်တော့လည်း မထူးပါဘူး ဂိမ်းက နေ့တိုင်း ဆက်ဆော့ကြတာပါပဲ။ နေ့တိုင်းတိုက်တုန်းပဲ ကျွန်တော်ပဲ နိုင်တုန်းပဲ။ ကျွန်တော် ရန်ကုန်ပြန်တော့တောင် ဘော်ဒါက သွားမယ့်နေ့မှာ လိုက်ပို့ရင်း ပြောတယ် ဟေ့ ကောင် မင်းပြန်လာရင် ငါမင်းကို အနိုင်တိုက်မယ်ကွ တဲ့။ အမြန် ပြန်လာခဲ့ကွာတဲ့။ အဲဒီကတည်းက ဘော်ဒါနဲ့ ဂိမ်းမဆော့ရသေးတာ ဒီနေ့ အထိပဲ။ အခွင့်ကြုံရင်တော့ ဘော်ဒါနဲ့ ဂိမ်းပြန် ဆော့ချင်ပါသေးတယ်။ အဲဒီ အခါကျရင် ကျွန်တော် မသိမသာလေး အရှုံးပေးမယ်။
    ဆောင်းတွင်းဆိုရင် မြို့လေးမှာတုန်းက ညနေ အေးစပြုတဲ့ အချိန်မှာ ဦးလေးတွေ ၀မ်းကွဲ ညီတွေနဲ့ တောင်ပေါ် တက်ကြတယ်။ ည မှောင်တော့မှ ပြန်ဆင်းကြတယ်။ ရန်ကုန်မှာ ဆိုရင်တော့ မနက် ၄ နာရီလောက်ထပြီး ဘော်ဒါတွေ အိမ်လိုက်နှိုး ပြီးရင် သိမ်ဖြူလမ်းကနေ ကန်တော်ကြီးပတ်လမ်းဘက် လမ်းလျှောက်ကြတယ်။ လမ်းပဲလျှောက်တာပါ မပြေးပါဘူး။ ဆောင်းတွင်းမှာ ခံစားလို့ အကောင်းဆုံးအရသာက မနက်စောစောမှာလို ခလုတ်တိုက်တာမျိုးပဲ။ ဒါကြောင့် မပြေးပါဘူး။ တခါတလေ လမ်းမှာ ခွေးတွေ ဘာတွေတွေ့ရင် ဘော်ဒါတွေ သွေးပူ လေ့ကျင့်ခန်း လုပ်ပါစေတော့ ဆိုတဲ့ စေတနာနဲ့ ကျွန်တော်ကပဲ အနစ်နာခံပြီး ခွေးကို ခဲနဲ့ပေါက်ပြီး ရှေ့ဆုံးက ပြေးပါတယ်။ ဒေါ်သိန်းတင်လမ်းနဲ့ သိမ်ဖြူလမ်းမီးပွိုင့် ကနေ အရှေ့ဆက်သွားရင် ဆရာဝင်များ အသင်းရုံးနား အပင်တွေအုပ်ဆိုင်းပြီး မှောင်နေတော့ ဘော်ဒါတွေကို ဒ်ီလမ်းက သရဲဘယ်လိုခြောက်တဲ့ အကြောင်း လျှောက်ပြောပြီး နောက်နေကြ။ ဘော်ဒါတွေကလည်း ယုံနေကြပဲ အဲဒီနားရောက်တိုင်း လမ်းလျှောက်တဲ့ စပိတက်လာတာပဲ =) ။ နောက် ကန်တော်ကြီး ပတ်လမ်းရောက်ရင် ကန်တော်ကြီးကို နဲနဲပတ်လျှောက်လိုက်ပြီး ကန်တော်ကြီး ၀င်ပေါက်ရှေ့က ပန်းခြံ အ၀ိုင်းလေးမှာ ထိုင်ကြတယ်။ ရွှေတိဂုံ ဘုရားကြီးကို မနက်စောစော ဖူးကြတယ်။
    မနက် ၅ ခွဲလောက် ရောက်လာရင်တော့ အဲဒီ ကန်တော်ကြီးပတ်လမ်းမှာ လမ်းလျှောက်တဲ့သူတွေ များလာပြီ။ ကန်တော်ကြီး ဂိတ်လည်းဖွင့်ပြီ။ တချို့က ကန်တော်ကြီးထဲက သစ်သားတံတားပေါ်မှာ လျှောက်ကြတယ်။ တခါတလေ တော့လည်း ကျွန်တော်တို့ ဘော်ဒါတွေ အဲဒီထဲ ၀င်ပြေးပါတယ်။ အမြဲတော့ မ၀င်ဖြစ်ဘူး။ အဲဒီထဲက တံတားတွေက မနက်စောစောမှာ နှင်းငွေ့ တွေ ရိုက်ပြီး ရေတွေနဲ့ ချောနေတော့ လမ်းလျှောက်လို့ သိပ်မကောင်းဘူး။ ချော်မလဲအောင် မနည်းသွားရတာ။ အဆိုးဆုံးက ယောဂ ကျင့်တဲ့ အဘိုးကြီးတွေ အဘွားကြီးတွေ အုပ်စုပဲ ကန်တော်ကြီးထဲမှာ လူ တရာလောက်ရှိမယ်။ ဘာတွေလုပ်မှန်း မသိဘူး။ ကုန်းကုန်းကွကွနဲ့ နောက် ဆိုးတာက သူတို့ ဖွင့်ထားတဲ့ တရုတ်က ဘာတူရိယာ ခေါ်လည်းမသိဘူး။ အဲဒီ အသံကြီးပဲ ခံစားလို့ကို မရဘူး။ နှဲ ကိုတောင် ခံစားလို့ရတယ် အဲဒါကြီးက ဘာသံမှန်းကို မသိတာ။ စိတ်ပျက်ဖို့ အကောင်းဆုံး တူရိယာသံကြီးပဲ။ တကယ်ဆို အဘိုးကြီးတွေ အဘွားကြီးတွေ လေ့ကျင့်ခန်းလုပ်ပါလေ့ ဂစ်တာသံတွေနဲ့ Metallica ရဲ့ Enter Sandman လို သီချင်းနဲ့ ခေါင်း ၇မ်းပြီး လေ့ကျင့်ခန်း လုပ်တာ ပိုကောင်းမယ်။ နောက် နိုင်ငံခြား စတေ့ရှိုးကလို stage dive လိုမျိုး တံတားဘောင်ပေါ်က ကျော်ပြီး ဒိုင်ဘင်ထိုးကြတာ မဟုတ်ဘူး။
    ဒီနှစ်လည်း ဒီဇင်ဘာလောက်မှာ မနက်ဘက် ကန်တော်ကြီးမှာ လမ်းလျှောက်ဖြစ်မယ် ထင်တယ်။ လမ်းလျှောက်တဲ့ သူတွေတော့ ဆွဲတော့ မစိလောက်ဘူး ထင်တာပဲ။ စာမေးပွဲကလည်း ရက်ရွှေ့သွားတာ အခုထိ ဘယ်တော့ ဖြေရမယ်မှန်း မသိသေးဘူး။ စာမေးပွဲပြီးမှပဲ လမ်းလျှောက်ဖြစ်မှာပါ။ တချို့တွေက ဆောင်းတွင်းမှာ ကျိုက်ထီးရိုး ဘုရားဖူး သွားကြတယ်။ ကျွန်တော်တော့ ကိုယ်ပျော်ဖို့ဟာကို ဘုရားဖူးဆိုတဲ့ အမည်တပ်ပြီး မသွားတော့ပါဘူးဗျာ။ ပြီးတော့ တောင်တက်ရမှာလို ပင်ပန်းတာကြီး မလုပ်ချင်ဘူး။ ဘော်ဒါ တချို့က ချောင်းသာသွားဖို့ စဉ်းစားနေကြတယ်။ ကျွန်တော်လည်း ပိုက်ဆံအဆင်ပြေရင် လိုက်သွားမယ်။ ဒါမှမဟုတ် အမေ သွားမယ်ဆိုရင် အရင်နှစ်ကလိုပဲ ရွှေလီဘက် သွားချင်တယ်။ အဲဒီက မြန်မာငွေ ၇ သောင်းလောက်ပဲကျတဲ့ တရုတ်လုပ် Fender ဒီဇိုင်း solid guitar တစ်လက်လောက် ညီနဲ့ အတူအိမ်မှာ တွဲတီးဖို့ ၀ယ်ချင်တယ်။ ခရစ်စမတ်မှာ လျှောက်လည်မယ်။ နယူးရီးယားမှာ ဟော့ပေါ့ဖြစ်ဖြစ် လုပ်စားချင်တယ် ည ၁၂ နာရီမှာ သူငယ်ချင်းတွေဆီဖုန်းဆက်ပြီး နယူးရိးယားလို့ အော်မယ်။ ဒီနှစ်ဆောင်းတွင်းကလည်း ပျော်စရာပဲ ဖြစ်မှာပဲ။ ။
    သူငယ်ချင်းအားလုံးနောက် ဆော့ဖော်ဆော့ဖက် စိုးညီညီ အားလုံး အမှတ်တရပါ။
    ဒီဆောင်းတွင်းအေးအေးကို ဘယ့်သူ့ ဆက်ကွေးခိုင်းရမလဲ။ tag သာ tag ရမှာ အားကြရဲ့ လား မသိဘူး။ အေးတဲ့ ဒေသက သူတွေကို tag ရမယ်။
  • ကိုတေဇာတေ
  • ကဗျာချစ်သူ
  • မိုးရေထဲက မမ
  • နောက် စကိတ်စီးတဲ့ သူငယ်ချင်း
    Technorati Tags: , , , , ,
  • AddThis Social Bookmark Button
    ကျွန်တော့်ကို နားလည်ပေးကြပါ
    တကယ်တော့ ကျွန်တော်က ပေါင်းသင်း ဆက်ဆံရေး သိပ်ကောင်းတဲ့သူ တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်က အမြဲလိုပဲ တစ်ယောက်တည်း ပဲနေလေ့ရှိပါတယ်။ ကျွန်တော်ထင်တာ ကျွန်တော့်ကို ဘယ်သူမှ နားမလည်နိုင်ကြဘူးလို့ ထင်တာ။ ကြာတော့လည်း တစ်ယောက်တည်း နေရတာကို နှစ်သက်တယ်။ ကျွန်တော်ရဲ့ အခင်ဆုံး သူငယ်ချင်းက mp3 ပလေယာ အဟောင်းလေးပါပဲ။ ကျွန်တော် အမြဲပဲ သီချင်းနားထောင်ပြီး တစ်ယောက်တည်း နေပါတယ်။ လမ်းလျှောက်ရင်ဖြစ်ဖြစ် တစ်ခုခုသွား စရာရှိရင်ပဲ ဖြစ်ဖြစ် mp3 နဲ့ပဲ သွားပါတယ်။ ကျွန်တော်က စကားပြောနည်းတဲ့သူတစ်ယောက်ပါ။ အိမ်မှာလည်း အကြောင်းရှိမှ စကားပြောပါတယ်။ သူငယ်ချင်းတွေနဲ့လည်း ဒီလိုပါပဲ။ မောင်နှမတွေနဲ့လည်း အကြောင်းရှိမှ စကားပြောပါတယ်။ ဒါပေမယ့် တခါတလေ ပြောချင်တဲ့ အခါကျရင်တော့ အများကြီးပြောပါတယ်။ များသောအားဖြင့် ရယ်စရာတွေပြောတယ်။ ကျွန်တော်က ရယ်ရတာပဲ ကြိုက်တယ်။ လောကကြီးကို ဟာသလုပ်ပြီးပဲ မြင်ချင်တယ်။
    တခါတလေကျတော့ အွန်လိုင်းပေါ်က ခင်မင်ရတဲ့ သူငယ်ချင်းတွေ၊ အကိုတွေ၊ အမတွေ က သူတို့နဲ့ Gtalk မှာ chat ကြတဲ့အခါ ကျွန်တော်က reply ပြန်ရိုက်တာ နောက်ကျတတ်တယ်။ ဒါကို သူတို့တွေက မေးတယ် သူတို့နဲ့ မခင်လို့လား မခေါ်ချင်လို့လားလို့ ကျွန်တော့်ကို မေးလေ့ရှိတယ်။ မဟုတ်ပါဘူးဗျာ။ တကယ်တော့ ကျွန်တော် အားလုံးကို ခင်မင်ပါတယ်။ ကျွန်တော်က အင်တာနက်ကို cafe က သုံးရတာလေ။ ကျွန်တော်က တကယ်တော့ ၀င်ငွေမရှိတဲ့ ကျောင်းသား တစ်ယောက်ပါ။ အိမ်က ပိုက်ဆံပေးမှ အင်တာနက် ကြည့်နိုင်တဲ့သူပါ။ ကမ္ဘာပေါ်မှာ အင်တာနက်ခ ဈေးအကြီးဆုံး နိုင်ငံတွေထဲက တစ်ခု အပါအ၀င်ဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော့် အတွက် အမြဲ အင်တာနက် သုံးနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။
    တခါတရံ ပိုက်ဆံ လုံလုံလောက်လောက် မရှိတဲ့အခါ၊ ကျွန်တော် ကျောင်း၊ ကျူရှင်တွေရှိနေလို့ အချိန်ခဏပဲ အားတဲ့ အခါမျိုးတွေမှာ ကျွန်တော်ဟာ ဘလောခ့်မှာ ပို့စ်တင်ဖို့အတွက် ရှိတဲ့ အချိန်နဲ့ လုံလောက်အောင် လုပ်ရပါတယ်။ အဲဒီ အခါမှာ Gtalk က သူငယ်ချင်းတွေ နှုတ်ဆက်တဲ့ အခါမှာ reply နောက်ကျတတ်ပါတယ်။ ပို့စ်ရေးဖို့ဆိုတာကလည်း ပို့စ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို အင်တာနက်မှာ အချိန်ပေးပြီး ရှာရပါသေးတယ်။ ၁ မိနစ်လောက်နဲ့ ဖတ်ရင်ပြီးတဲ့ပို့စ်ပေမယ့် ပါဝင်တဲ့ အချက်အလက်တွေမှန်ဖို့ အတွက် အင်တာနက်မှာ အချိန်ပေးပြီး ရှာဖွေ လေ့လာ ရပါတယ်။ ပြီးရင် cafe မှာတင် ဖတ်ဖို့ အဆင်မပြေတဲ့ အတွက် web page ကို save လုပ်ရပါသေးတယ်။ save လုပ်တဲ့အခါ ဆိုင်တွေက စက်တွေက RAM နည်းတဲ့ အတွက် တစ်ခါ save လုပ်လိုက်ရင် 15 စက္ကန့်လောက်က ဟန်းသွားသလို ဘာမှလုပ်လို့ မရတဲ့အခါတွေလည်း ရှိပါတယ်။
    အဲဒီအခါမျိုးတွေ ရှိခဲ့ရင်ကျတော့ အားလုံးက ကျွန်တော့်ကို နားလည်ပေး စေချင်ပါတယ်။ reply နောက်ကျနေတတ်တာ မခင်မင်လို့ မဟုတ်ရပါဘူး။ ပြီးတော့ သူငယ်ချင်းတွေကိုလည်း အားနာတယ် တစ်ခါတရံ ကျွန်တော်က နှုတ်ဆက်ချင်ပေမယ့် သူငယ်ချင်းတွေ မအားပဲ ပြန်ဖြေနေရမှာကိုလည်း အားနာပါတယ်။ ဒါ့ကြောင့် များသော အားဖြင် နှုတ်မဆက်ဖြစ်ပြန်ပါဘူး။ နိုင်ငံခြားက ၀မ်းကွဲ အကိုနဲ့ အမကိုတောင် အွန်လိုင်းပေါ်မှာ နေ့တိုင်းတွေ့ပါလျှက်နဲ့ တစ်လနေလို့ တစ်ခါ စကား မပြောဖြစ်ကြပါဘူး။
    ပြီးတော့ ကျွန်တော်က စကားပြောနည်းတဲ့ သူတစ်ယောက်ပါ။ Gtalk က သူငယ်ချင်းတွေကို ခင်မင်ပြီး chat ချင်ပေမယ့် တခါတရံ ဘာပြောလို့ ပြောရမှန်းမသိပြန်ပါဘူး။ စားပြီးပြီလား၊ နေကောင်းလားတို့ပဲထပ်ခါထပ်ခါ မေးဖြစ်ပါတယ်။ ကျွန်တော်က အပြင်မှာလည်းအဲဒီလိုပါပဲ မောင်နှမတွေနဲ့လည်း ပြောစရာရှိမှပြောပါတယ်။ တစ်ခါတရံ မောင်နှမတွေ၊ အဒေါ်ဦးလေးတွေ နဲ့ ဖုန်း ပြောရင်တောင် ဘာပြောရမှန်းမသိလို့ ဖုန်းကိုင်ပြီး ငြိမ်နေတတ်ပါတယ်။ ကျွန်တော်က အဲဒီလို လူတစ်ယောက်ပါ ကျွန်တော့် စိတ်ခံစားချက်ကို ဘယ်တော့မှ ကိုယ်အမှုအရာ၊ နှုတ်အမှုအရာတွေနဲ့ ပြလေ့မရှိပါဘူး။ မောင်နှမတွေ သူငယ်ချင်းတွေကို ချစ်ခင်ပေမယ့် ဘယ်တော့မှ ကျွန်တော် ချစ်ကြောင်း၊ ခင်ကြောင်းကို သိအောင် လုပ်လေ့မရှိပါဘူး။ ကျွန်တော်က ဒီလိုမျိုးပဲ နေလေ့ရှိတယ် ဆိုတာကို အတူနေ မောင်နှမတွေ မိဘတွေက သိကြပေမယ့် များသောအားဖြင့် သူငယ်ချင်း အပေါင်းအသင်းတွေက နားမလည်ကြပါဘူး။ သူတို့ကို မခင်လို့လို့ပဲ ယူဆကြတယ်။ ကျွန်တော်မှာ သူငယ်ချင်း အပေါင်းအသင်း ရှားတယ်ဆိုတာ အဲဒါပါပဲ။ ဒီပို့စ်လေးဖတ်ပြီး အားလုံးသော ခင်မင်ရတဲ့ ညီအကို၊ မောင်နှမတွေ သူငယ်ချင်းတွေက ကျွန်တော့်ကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။
    AddThis Social Bookmark Button
    ပျော်စရာ မွေးနေ့ပါ မေမေ
    ပျော်ရွှင်ဖွယ် မွေးနေ့ပါ အမေ ..... သားတို့နှင့် အတူ အမေ နှစ်ပေါင်းများစွာ ပျော်ရွှင်ဖွယ် မွေးနေ့တွေကို ဖြတ်သန်းနိုင်ပါစေ။ အမေကို သားတို့ ချစ်ပါတယ်။
    We love you Mom!!
    AddThis Social Bookmark Button
    My Glossy Signature Logo
    မနေ့ညက အားနေတာနဲ့ ကိုယ်ပိုင် လိုဂို လေးတစ်ခု လုပ်ဖို့စိတ်ကူးရတာနဲ့ စမ်းလုပ် ကြည့်လိုက်တယ်။ သူများ ဘလောခ့်တွေ ကြည့်လိုက်ရင် ကိုယ်ပိုင် လိုဂိုတွေနဲ့ အရမ်းအားကျတယ်။ လုပ်ချင် နေတာကြာပြီ။ ဒီ လိုဂိုလေးကို Adobe ရဲ့ Photoshop နှင့် Image Ready သုံးပြီး လုပ်ထားတာပါ။ ကျန်တာတွေ မသုံးတတ်တော့ တတ်တဲ့ နှစ်ခုနဲ့ပဲ လုပ်ထားတာပါ။ တတ်တာကလည်း Pro အဆင့် တတ်တာမဟုတ်ပါဘူး လျှောက်စမ်းရင်းနဲ့ နဲနဲလုပ်တတ်တာ ဆိုတော့ လိုဂိုက Pro တော့ မဆန်ပါဘူး။ သူငယ်ချင်း Leo Jack ကို Gloss လုပ်နည်းလေး မေးပြီး Gloss ပုံလေး လုပ်ထား ပါတယ်။ လိုဂိုမှာ ရေးထားတာလေး ဖတ်လို့ရလား။ မရဘူး မဟုတ်လား =) ။ ဘာမှန်း မသိအောင် လုပ်ထားတာ။ အမှန်က ကျွန်တော် နာမည် ရှေ့ဆုံးစာလုံး H လေးကို ရေးထားတာ။ ဒီလိုဂိုကို ဖိုရမ်တွေမှာ avator လုပ်ပြီး သုံးမယ်။ နောက် My Blog Log မှာ လည်းသုံးမယ်။ အခြားနေရာတွေမှာ လည်းသုံးဦးမယ်ဗျာ။
    Technorati tags:
    , , , , , , , , ,
    AddThis Social Bookmark Button
    Moving from Blogger to Wordpress
    မနေ့က အားနေတာနဲ့ ဟာသ ပုံလေးတစ်ပုံ လျှောက်လုပ် လိုက်သေးတယ်ဗျာ။ Bloggerကနေ Word Press ကို Mr.Bean ရဲ့ mini လေးနဲ့ ရွှေ့တဲ့ပုံလေ။ Blogger logo လေး အက်နေလို့ မစိုးရိမ်ကြပါနဲ့ Blogger က ဘာမှမဖြစ်ပါဘူး။ ဒီမှာသာ Blogger ကို ဘန်းထားလို့ အက်နေတာလေး ထည့်ထားတာပါ။ တကယ်တော့ ကျွန်တော် အိမ်ပြောင်း တော့မလို့လေ။ အိမ်ပြောင်းမယ် ဆိုတာထက် အိမ် အသစ်တစ်လုံး ထပ်ဆောက်တယ်လို့ ပြောရင် ပိုကောင်း မယ်ထင်တယ်။ ကျွန်တော် Word Press မှာ အကောင့် အသစ်လုပ်ပြီး ဒီဘလောခ့်ရော Word Press မှာရော ရေးမလို့။ ဟိုမှာတော့ ကျွန်တော် အင်္ဂလိပ်လို ရေးမယ်လို့ စိတ်ကူးထားတယ်။ ဘာလို့ ဒီ အကြံတွေရလာလဲဆိုတော့။ ဒီလိုလေ......
    ကျွန်တော်တို့ဆီမှာ Internet Service Provider (ISP) နှစ်ခု ရှိတဲ့ အထဲက Myanmar Teleport (MTP အရင် Bagan) က ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယ အပတ်ထဲမှာ Blogger နဲ့ Blogspot ကို ဘန်းလိုက် ပါတယ်။ ကွက်ဘန်းတာ မဟုတ်ပါဘူး။ *.blogspot.com အားလုံး ဘန်း တာပါ။ ကံကောင်းစွာပဲ နောက် ISP တစ်ခုဖြစ်တဲ့ Myanmar Posts And Telecommunications က တော့ Blogspot လင့် နဲ့ ဘလောခ့် တချို့ကိုပဲ ဘန်းပါတယ်။ Blogger.com နဲ့ အခြား Blogspot ဘလောခ့်တွေကို မဘန်းပါဘူး (အခုထိ မဘန်းသေးပါဘူး)။ အဲဒီလို ဖြစ်လာတော့ ကျွန်တော်တို့ ပြည်တွင်းက ဘလောခ့်ဂါတွေ အခက်ကြုံရပါတယ်။ ဘလောခ့်ရေးဖို့ ကွန်နက်ရှင် နှေးနှေးနဲ့ Web Proxy တွေကနေ ကျော်ခွဝင်ရတာ တကယ် ပင်ပန်းပါတယ်။ တချို့ proxy တွေက ကြာလည်းကြာတဲ့ အပြင် ရပြန်တော့လည်း Blogger.com က တက်ပါရဲ့ sign in ၀င်စရာ နေရာလေးကျတော့ တက်မလာဘူး။ အဲဒီလိုတွေ ဖြစ်လာတော့ ကျွန်တော်အပါအ၀င် ပြည်တွင်းက ဘလောခ့်ဂါတွေ အခြား blog service တွေကို လှည့်ကြည့်ရပါတော့တယ်။
    ဘလောခ့်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ Word Press ပါပဲ။ သူ့မှာက template ပြောင်းချင်ရင် ပိုက်ဆံပေးရတာကြောင့် template စိတ်ကြိုက်ပေးပြောင်းပြီး မြန်မာလို ရေးရ အဆင်ပြေတဲ့ Blogger ကို ရွေးခဲ့တာပါ။ အခုတော့ Word Press ကို အကောင့်လုပ်ပြီး စမ်းနေပါတယ်။ အင်္ဂလိပ် လိုရေးမယ်လို့ စိတ်ကူးထားတယ်။ အင်္ဂလိပ်လိုရေးချင်ပေမယ့် အင်္ဂလိပ်စာ ဘာမှမသိတော့ အခုမှစပြီး စာပြန်ဖတ်နေရတယ်ဗျာ။ နောက် ပိုက်ပိုက်ရှိခဲ့ရင် ဒိုမိန်းလည်း ၀ယ်မယ်။ ရေးဖြစ်ရင်တော့ အကြောင်းအရာက ဒီ ဘလောခ့်လိုပဲ funny, amazing, music, guitar, computer technology, game စတဲ့ ၀ါသနာပါရာ အကြောင်းအရာတွေကိုပဲ simple english နဲ့ ရေးမှာပါ။ အခုဒီ www.tayzar44.blogspot.com ကို လည်း မြန်မာ ဘလောခ့်တစ်ခု အနေနဲ့ အောင်မြင်အောင် အမြဲ ဆက်ရေးသွားမှာပါ။ အဲဒီ ဘလော့ခ် ရေးရင်လည်း လာရောက် အားပေးပါဦးလို့ ကြိုဖိတ်ပါတယ်။
  • www.tayzar44.blogspot.com
  • www.blink44.multiply.com
  • www.tayzar44.wordpress.com (testing)
    Technorati tags:
    , , , , , , , , , , , , , , ,
  • AddThis Social Bookmark Button
    ဘလောခ့်ရေးခြင်း ခဏနားပါရစေ
    ကျွန်တော် ဒီနေ့ကစပြီး ဘလောခ့်ရေးခြင်းကို မနားချင်ပဲ ခဏနားပါဦးမယ်။ နောက်လမှာ တစ်နှစ်တစ်ခါသာကြုံရတဲ့ ကြုံတောင့်ကြုံခဲ စာမေးပွဲကြီးကို ဖြေဆိုရန်ရှိတဲ့ အတွက်ပါ။ နောက်လ ၁၂ ရက်နေ့မှ ပြန်ပြီး ဘလောခ့်ရေးနိုင်မှာပါ။ tag ထားတဲ့ သူငယ်ချင်းများကိုလည်း နောက်မှ အကြွေးဆပ်ပါမယ်။ ပြောစရာရှိရင် email ပို့ လို့ရပါတယ်။ ကြားထဲမှာ အားရင် အွန်လိုင်းခဏလောက်တော့ ၀င်ဖြစ်ဦးမှာပါ။ ပို့စ်အသစ်ကတော့ နောက်လ ၁၂ ရက်နေ့မှပဲ တင်နိုင်ပါတော့မယ်။ အလည်လာကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် စာမေးပွဲအတွက်လည်း ဆုတောင်းပေးကြပါဦးနော်။
    အလည်လာကြသူ ညီအကို၊ မောင်နှမများ အားလုံးကို ကျေးဇူး အထူးတင်လျှက်ပါ။
    AddThis Social Bookmark Button
    My Favourite 5 Posts
    အမမီနှင့် အမs0wha1 က tag လာပါတယ်။ အကြိုက်ဆုံး ပို့စ် ၅ ခု ရွေးပါတဲ့။ ကျွန်တော်လည်း အဲဒါနဲ့ ဘယ်ပို့စ်တွေရွေးရမလဲ မသိဖြစ်နေတယ်။ ဒါနဲ့ပဲ တချို့ပို့စ်လေးတွေ ရွေးလိုက်တော့တယ်။ ရွေးလိုက်တာက
  • 1.အင်တာနက်ကို ရှာဖွေမွှေနှောက်ခြင်း
  • 2.Me Playing Godfather Themes
  • 3.သင့်မျက်စိကို စမ်းသပ်ပါ
  • 4.Add Digg button to your Blog
  • 5.Megapixel များတိုင်း ကင်မရာကောင်းသလား
    အဲဒီ ၅ ခုရွေးလိုက်ပါတယ်။
  • AddThis Social Bookmark Button
    ဟိုတစ်နေ့က Rush Hour 3 ရုပ်ရှင် သွားကြည့်တုန်းကပေါ့ ရုပ်ရှင်ပြီးခါနီးလောက်မှာ ကျွန်တော်တို့ခုံ အနောက်ဘက် အတန်းက စုံတွဲ ဆီက ဖုန်းလာသံ ကြားရတယ်။ အတွဲထဲက ကောင်မလေးရဲ့ဖုန်း သူပြောနေတာက "အမေလား ................... သမီး ကျူရှင်မှာ အမေ.... ဟုတ်....." တဲ့ ပြန်ဖြေနေတာကြားရတယ်။ သူက ရှက်လို့ထင်ပါတယ် တိုးတိုးလေးပြန်ဖြေနေတာ ဒါပေမယ့် ဘာရမလဲ ကျွန်တော်တို့တွေက နားအရမ်းကောင်းတာ အကုန်ကြားနေရတယ်။ ဟဲ ဟဲ ရယ်ချင်တာ အသည်းယားနေတာပဲ။ ရယ်တော့ မရယ်ခဲ့ပါဘူး။ ရုပ်ရှင်လည်းပြီးရော ကျွန်တော်ရယ် ကျွန်တော်ဆရာရယ် ကျွန်တော့် သူငယ်ချင်းရယ် ရုံထဲက ထွက်လာတော့ ခုဏကကောင်မလေး အကြောင်းပြောပြီး အသားကုန် ရယ်ကြတော့တာပဲ။ သမီးကလေ ကျူရှင်မှာ မာမီရဲ့ ဘာညာနဲ့ ပြောပြီးရယ်ကြတာ။ လှေကားဆင်းတော့လည်း ရယ်လို့ မဆုံးသေးဘူး။ ကျူရှင်က ဂျက်ကီချမ်းကိုတိုင်လာသင်တာ အမေရဲ့ ဘာညာနဲ့ သူများသားသမီးကို အသားကုန်ပြောင်လာလိုက်တာ ရုံအပြင် ဆူးလေလမ်းမပေါ်ရောက်ရော ကျွန်တော့် ညီမ၀မ်းကွဲကို တွေ့လိုက်တယ် အဲဒါနဲ့ သွားနှုတ်ဆက်တာ။ "ညီမလေး ဘယ်ကလာတာလဲလို့" မေးလိုက်တာ။ ညီမကဖြေတယ။် " အခုပဲ ကျူရှင်က ပြန်လာတာတဲ့....." ။ အဖြစ်က တစ်မျက်နှာ ၀တ္တုတွေထဲက အတိုင်းပဲ။ ၀ဋ်ဆိုတာကြီးက ချက်ချင်းကို လည်တော့တာပဲ =) ။ ။
    AddThis Social Bookmark Button
    Blog Day
    Blog Day 2007
    ကျွန်တော်တို့ လူသားတွေ အတွက် ဂုဏ်ပြုနေ့တွေ တဖြည်းဖြည်းများစွာပေါ်ထွက်လာပါပြီ။ အခုဆိုလည်း ဘလောခ့်ဂါတွေ အားလုံးကို ဂုဏ်ပြုတဲ့ Blog Day 2007 ဟာ မကြာခင် ကျရောက်တော့မှာပါ။ August 31 ရက်နေ့ဟာ နိုင်ငံတကာ Blog Day နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ နိုင်ငံတကာက ဘလော့ခ်ဂါတွေ အားလုံးဟာ ကိုယ့်နေရာဒေသ အလိုက် Blog Day ဂုဏ်ပြု အစီအစဉ်များကို ပြုလုပ်ကြမှာပါ။
    Blog Day ဆိုတာ ဘာလဲဆိုတော့ .......
    BlogDay was created with the belief that bloggers should have one day dedicated to getting to know other bloggers from other countries and areas of interest. On that day Bloggers will recommend other blogs to their blog visitors. With the goal in mind, on this day every blogger will post a recommendation of 5 new blogs. This way, all blog readers will find themselves leaping around and discovering new, previously unknown blogs.
    Blog Day လို့ သတ်မှတ်ခဲ့တာက Nir Ofir ကဖြစ်ပြီး 2005 က စတင်ပြုလုပ်ခဲ့တာ အခု 2007 ဆိုရင် သုံးနှစ်မြောက်ခဲ့ပါပြီ။ သင်ကိုလည်း နိုင်ငံတကာ Blog Day မှာ ကျွန်တော်က ပါဝင်ဆင်နွဲဖို့ တိုက်တွန်းချင်ပါတယ်။ ဘယ်လိုပါဝင်ရမလဲဆိုတော့ ....
    How to be a part of BlogDay?
    * Find 5 new Blogs that you find interesting
    * Notify the 5 bloggers that you are recommending them as part of BlogDay 2007
    * Write a short description of the Blogs and place a link to the recommended Blogs
    * Post the BlogDay Post (on August 31st) and
    * Add the BlogDay tag using this link:
    www.technorati.com
    www.blogday.org
    အဲဒါပါပဲ ရိုးရှင်းပါတယ်။ ကျွန်တော့် သဘောကတော့လေ မိတ်ဆွေကို အဲဒီ ဒီလ 31 ရက်နေ့မှာ အဲဒါလေးလုပ်စေချင်တယ်ဗျာ။ နောက် သူငယ်ချင်း ဘလောခ့်ဂါတွေကိုလည်း လက်တို့လိုက်ပါဦး။
    Technorati tags:
    , , , , , , , ,
    AddThis Social Bookmark Button
    အကြိုက်ဆုံးပို့စ် ၅ ခု
    အမ မီ က tag လာပါတယ်။ အကြိုက်ဆုံး ပို့စ် ၅ ခု ရွေးပါတဲ့။ ကျွန်တော်လည်း အဲဒါနဲ့ ဘယ်ပို့စ်တွေရွေးရမလဲ မသိဖြစ်နေတယ်။ ဒါနဲ့ပဲ တချို့ပို့စ်လေးတွေ ရွေးလိုက်တော့တယ်။ ရွေးလိုက်တာက
  • 1.အင်တာနက်ကို ရှာဖွေမွှေနှောက်ခြင်း
  • 2.Me Playing Godfather Themes
  • 3.သင့်မျက်စိကို စမ်းသပ်ပါ
  • 4.Add Digg button to your Blog
  • 5.Megapixel များတိုင်း ကင်မရာကောင်းသလား
    အဲဒီ ၅ ခုရွေးလိုက်ပါတယ်။
  • AddThis Social Bookmark Button
    MBS Logo
    Myanmar Blogger Society အတွက် logo လေး ကျွန်တော်တတ်သလောက် ဆွဲထားပါတယ်။ ဝေဖန်ပေးပါဦး။
    MBS ဆိုတဲ့ စာလုံးလေးသုံးလုံးကို မညီညာတဲ့ frame လေး ၃ ခု နဲ့ လုပ်ထားတာက ကျွန်တော်တို့ မြန်မာဘလော့ခ်ဂါတွေက မတူညီတဲ့ အရပ်ဒေသတွေ၊ ခြားနားတဲ့ အသက်အရွယ်တွေ၊ ကွဲပြားတဲ့ အမြင်တွေ ရှိကြပေမယ့် အတူတကွ ကျွန်းကို ကိုင်းမှီ၊ ကိုင်းကို ကျွန်းမှီ စည်းစည်းလုံးလုံး ရှိကြတယ်ဆိုတာကို ရည်ရွယ်ပါတယ်။ M လေးရဲ့ အပြာရောင်လေးက မြန်မာဘလော့ခ်ဂါတွေ အေးချမ်းစွာ ပေါင်းစည်းမှုကို ဆိုလိုပါတယ်။ B ဆိုတဲ့ အစိမ်းရောင်လေးက ကျွန်တော်တို့ဟာ အဖွဲအစည်းဟာ ပရဟိတ အတွက် ရည်ရွှယ်ပါတယ်လို့ ဆိုလိုတာပါ။ S ဆိုတဲ့ အနီရောင်လေးကတော့ ကျွန်တော်တို့က ရဲရင့်ပြီး နိုင်ငံကို အမိနိုင်ငံကို ချစ်မြတ်နိုးတဲ့ အဓိပါယ်ကို ဆိုလိုပါတယ်။
    Logo နှင့် ဆောင်ပုဒ် ရွေးချယ်မှု အစီအစဉ်ကို ကိုနေဘုန်းလတ် ဘလော့ခ်မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။
    AddThis Social Bookmark Button
    5 ရက်နေ့ က အစည်းအဝေး
    ၁။ စပွန်ဆာ မမယ်လိုဒီမောင်၊ ဘာညာ နှင့် ပင့်ဂိုး မှတာဝန်ယူမည်။
    ၂။ Logo နှင့် ဆောင်ပုဒ် အား ကြာသပတေးနေ့နောက်ဆုံးထား၍ nayphonelatt@gmail.com အား မိမိအကြိုက်ဆုံးလိုဂိုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အား ပေးပို့ရန် ..
    သောကြာနေ့နှင့် စနေနေ့များတွင် ကိုနေဘုန်းလတ်၏ http://nayphonelatt.blogspot.com/ တွင် Vote လုပ်သွားမည်ဖြစ်ပါသည်။ Vote အား တနင်္ဂနွေနေ့ အစည်းအဝေး မစခင်အချိန်ထိသာ ရွေးချယ်သွားမည်ဖြစ်ပါသည်။
    ၃။ စားသောက်ဧည့်ခံကျွေးမွေးရေးနှင့် ကြိုဆိုနေရာချထားရေး အတွက် .. ကိုဘလာဂေါက်၊ ကိုဆူးရဲ၊ ကိုမင်းယွန်းသစ်၊ ကိုတေဇာ၊ မောင်ဂျက်၊ ကိုမိုးလှိုင်ည၊ မမဒီဂျွန်၊ ကိုသန့်ဇော်မင်း၊ ကိုရွှေမြတ်၊ မစိတ်ကူးတို့မှ ၀ိုင်းဝန်းကူညီကြမည်ဖြစ်ပါသည်။
    ၄။ ဖိတ်စာ, Flyers, Booklet, စတေကာ, ကြော်ငြာ, Vinyl
    ဖိတ်စာများအား ကိုစိုးဇေယျမှ အစအဆုံးတာဝန်ယူမည်ဖြစ်ပါသည်။
    ဖိတ်စာ, Flyers, စတေကာ, ကြော်ငြာ, Vinyl တို့အား ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ် နှင့် ကိုဖြိုးတို့မှ ပူးပေါင်း၍ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
    Booket အား ကိုစေတန်ဂေါ့ထ်၊ ကိုစိုးဇေယျ၊ ကိုမျက်လုံးတို့မှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
    ၅။ ဟောပြောမည့်သူများ အတိအကျသတ်မှတ်ရန် - ကိုနေဘုန်းလတ်၊ ကိုစေတန်ဂေါ့ထ်၊ ကိုမျက်လုံး၊ မဘာညာ နှင့် မမယ်လိုဒီမောင်
    ၆။ ပါဝင်ဆောင်ရွက်နေကြသော ဘလော့ဂါများမှ ၀တ်စုံအား တူညီတီရှပ်များ ၀တ်ဆင်ကြမည်ဖြစ်ပါသည်။
    ၇။ Power Point များအား မဘာညာထံတွင် ညှိနှိုင်းဆောင်ရွက်ကြရန် ..
    ၈။ စာနယ်ဇင်းရှင်းလင်းပွဲအား သြဂုတ်လ (၁၇) ရက်နေ့တွင် Mr.Brown တွင် နေ့လည် (၂) နာရီတွင် ပြုလုပ်မည်ဖြစ်ပါသည်။ Organizar များဖြစ်ကြသော ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျတိုမှ တွေ့ဆုံရှင်းလင်းမည်ဖြစ်ပါသည်။
    ၉။ ရန်ကုန်ပြင်ပမှ ဘလော့ဂါများအား ဖိတ်ကြားခြင်း Organizer များမှ ရန်ကုန်ပြင်ပမှ အပြည်ပြည်ဆိုင်ရာ မြန်မာဘလော့ဂါများအား တာဝန်ယူဖိတ်ကြားသွားမည်ဖြစ်ပါသည်။
    အစည်းအဝေးတက်ရောက်ကြသူများမှာ -
    ကိုဘလာဂေါက်၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုတက်စလာ၊ ကိုသန့်ဇော်မင်း၊ ကိုစေတန်ဂေါ့ထ်၊ ကိုမင်းယွန်းသစ်၊ ကိုရွှေမြတ်၊ ကိုမိုးလှိုင်ည၊ ကိုဝေ၊ ကိုမျက်လုံး၊ ကိုတေဇာ၊ ကိုဆူးရဲ၊ ကိုထွန်းတောက်ဖြိုး၊ ကိုဖြိုး၊ ကိုမီထရို မမယ်လိုဒီမောင်၊ မဘာညာ၊ မမဒီဂျွန်၊ မစိတ်ကူး၊ မသိမ့်သိမ့်၊ မနှင်းမိုးဝေ စုစုပေါင်း (၂၃) ယောက် တက်ရောက်ခဲ့ကြပါသည်။
    The End (Finish Time – 6:06 pm)
    အစည်းအဝေးလုပ်နေစဉ်အတွင်း... ကိုဖြိုးမှ တိုက်ရိုက် မှတ်တမ်းတင်ထားသည်များကို ကူးယူဖေါ်ပြပါ၏...........
    AddThis Social Bookmark Button
    Return Of TayZar
    ကျွန်ုပ် မောင်တေဇာသည် နှစ်ပတ်ခန့် အိပ်ရာထဲလဲ၍ ဝေဒနာကို ခံစားပြီး သကာလ ကျန်းမာရေး အထူး ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့မှစ၍ ပို့စ်များ non stop တင်တော့မည် ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ အလည်လာခဲ့ကြသော မောင်နှမများ ကိုလည်း စာမပြန်နိုင်ခဲ့ သဖြင့် ခွင့်လွှတ်ကြပါရန် တောင်းပန်ပါသည်။ ဒန်တန်တန်
    AddThis Social Bookmark Button
    Happy Birthday
    Image Hosting
    ဒီနေ့ ကျွန်တော့် မွေးနေ့ပါ။ အသက်တော့ မပြောတော့ပါဘူး။ မင်းသမီးတွေ မင်းသားတွေလို လျှိုထားမယ်. =) အားလုံးကို အမ demo လက်ဆောင်ပေးတဲ့ မွေးနေ့ ကိတ်လေး စားဖို့ ဖိတ်ပါတယ်။ အ၀စားနော်။
    AddThis Social Bookmark Button
    မိုးတွေ ရွာရင်
    ကျွန်တော် ဒီပိုစ့်လေး ရေးဖြစ်ရတဲ့ အကြောင်းက အမ ညလေး က ကျွန်တော် ဘုမသိဘမသိ ကို တက်ထားတယ် ဆိုပြီး ဆီဗုံးမှာ လာအော်သွား ပါတယ်။ ကျွန်တော်က လည်း တော်တဲ့နေရာ နှစ်ယောက် မရှိဘူး။ တက်တယ်ဆိုတာ WWE Smack Down ထဲက tag game ကို ပဲပြေးမြင်မိတယ်။ ဟ ဘာဆိုလိုတာလဲ မသိဘူး။ နပန်းသတ်ဖို့ လက်ပုတ် ခေါ်တာတော့ မဖြစ်နိုင်လောက် ပါဘူးလို့။ ဒါနဲ့ ပဲ တခြား ဘလော့ခ်တွေ လိုက်ဖတ်ရတော့တယ်။ ဘလော့ခ် တော်တော် များများ ဖတ်ပြီးတော့မှ ရေးတေးတေး သဘောပေါက်မိတယ်။ (ခုထက်ထိ ရေးတေးတေး ပဲ သဘောပေါက်တယ်)။ ဒါနဲ့ပဲ ကျွန်တော့်ရဲ့ မိုးရေထဲက အမှတ်တရလေးတွေ ရေးမိပါတယ်။
    တကယ်တော့ မိုး အကြောင်းပိုစ့်လေးရေးမယ်ဆိုပြီး စိတ်ကူးထားတာ တော့ရှိပါတယ်။ မအားတာနဲ့ မရေးဖြစ်သေးတာ။ အခုတော့ အမ ညလေး တက်လိုက်လို့ရေး ဖြစ်ပါတယ်။ မိုးနတ်မင်းက တကယ်တော့ ကျွန်တော့်ကို ကြည်ပုံမရဘူးဗျ။ ကျွန်တော်နေ့တိုင်း ကျောင်းသွားရင် ထီး အမြဲယူတယ်။ ကျွန်တော် ထီး ပါတဲ့နေ့ဆို သူက နေပူတယ်။ ထီး လေးတစ်ရက်လောက် မေ့ခဲ့ရင် အဲဒီနေ့ ကြွက်စုတ်ဖြစ်အောင်ကို ရွာတာပဲ။ ကြည့်လေ ပြီးခဲ့တဲ့ အပတ် တင်္နလာ နေ့က ကျွန်တော် မနက်ကျောင်းသွားဖို့ လုပ်တော့ နေ ကိုတောင်ကြည့်လိုက်သေးတယ်။ နေသာလို့ ဒါနဲ့ ဒီနေ့တော့ ထီး မယူတော့ပါဘူးလေ ဆိုပြီး ကျောင်းသွားလိုက်တာ ကျောင်း အပြန် သဲကြီးမဲကြီး ရွာပါလေရော။ ဖြစ်ချင်တော့ အဲဒီနေ့က သွားစရာ ကလည်း ရှိနေသေးတယ်။ သယ်ရင်း သိုးမလေး ကို ကူရှာခိုင်းထားတဲ့ ဂစ်တာ စာအုပ်ရပြီ ဆိုလို့ လောကနတ် ခန်းမမှာ သွားယူရမှာ။ ဒါနဲ့ ကျောင်းက ထီး ပါတဲ့ ဘော်ဒါကို ပန်းဆိုးတန်းက ခန်းမကို လိုက်ခဲ့ပေးဖို့ အဖော် ခေါ်ရတယ်။ သူလိုက်တော့ စာအုပ် သွားယူ ပြီး အပြန်သူက သူ့အိမ် ဘက်ရောက်တဲ့ လိုင်းကားစီးပြန်သွားရော။ ကျွန်တော်က ကျွန်တော် အိမ်ဘက်ရောက်မယ့် လိုင်းကား စောင့်နေခဲ့တာ။ နောက် မိုး က ကျွန်တော့်ကိုတွေ့သွားတယ် ထင်တယ်။ လူကို ကြွက်စုတ် ပုံဖြစ်အောင် ရွာပါလေရော။ ရှိသမျှ စာအုပ်တွေလည်း ရစရာမရှိအောင်စို ရှိစုမဲ့စု calculator လေးလဲ မိုးမိပြီး သုံးမရ ဖြစ်သွားတယ်ဗျာ။ တော်သေးတယ် တစ်ခုထဲသော mp3 ပလေယာလေးကို သေသေချာချာ အိပ်ထဲ ထည့်ထားလို့ သူကတော့ ဘာမှမဖြစ်သွားဘူး။
    မိုးတွေရွာတော့ ကျွန်တော် ငယ်ငယ်က အချိန်တွေကို ပြန်သတိရမိတယ်။ ကျွန်တော် ငယ်ငယ်က မန္တလေးတိုင်းက ကျောက်ဆည် ဆိုတဲ့ မြို့လေးမှာ နေကြတာ။ အဲဒီတုန်းက မိုးရွာပြီဆိုရင် စာအုပ်ထဲက အလယ်စာရွက်ဖြတ်ပြီး စက္ကူလှေ ကလေးခေါက်ပြီး ရေထဲမှာ မြောပြီး ဆော့တာ။ နောက် မှတ်မှတ်ရရ မိုးသီးဆိုတာကို နှစ်တန်းနှစ်လောက် မှာ ကျွန်တော်တို့ မြို့လေးမှာ ကျတယ်။ ကျွန်တော်တို့ မြို့လေးက အလယ်ပိုင်းတိုင်းမှာ ဆိုတော့ မိုးက ရွာခဲတယ် ခင်ဗျ။ ရွာပြီဆိုရင်တော့ တစ်နေ့လုံးကို ၀ုန်းဒိုင်းကျဲအောင်ရွာတာ ပြီးတော့ မိုးသီး တွေလည်းကျတတ်တယ်။ အဲဒီတုန်းက တကယ်ကို ပျော်တာ အိမ်အပြင်ထွက်ပြီး အဲဒီ အလုံးလေးတွေ ကောက်ပြီး ၀ါးတာပဲ။ အလုံးလေးတွေက ဖန်ဂေါ်လီလုံးလောက် ရှိတာ လေးတွေဗျ။ အသီးလေး တွေက အေးစက်နေတာပဲ။ အဲဒီ တခါပဲ မိုးသီးနဲ့ ကြုံဖူးတယ် နောက်တော့ ရန်ကုန်ကို ပြောင်းတယ် ရန်ကုန်မှာက မိုးသာ ခဏတိုင်းရွာတာ မိုးသီးတော့ တခါမှ ကျတာ မကြုံရသေးဖူး ခင်ဗျ။ အဲဒီတုန်းက သက်တံ တွေဆိုတာ ကြည့်လို့ကိုမ၀ဘူး။ ရန်ကုန် ရောက်တော့ တိုက် တွေကြားထဲမှာ သက်တံ မြင်ရဖို့ ခဲယဉ်းသွားပြီ။
    နောက် အမှတ်တရလေးတွေက ဟိုအရင်က မိုးရေတွေထဲမှာပဲပေါ့ ကျွန်တော့်ရဲ့ ကောင်မလေးနဲ့ မိုးရေတွေထဲမှာ ကျောင်းထဲက လမ်းကလေးမှာ လမ်းလျှောက် ခဲ့ဖူးတယ်။ အဲဒီတုန်းက မိုးတွေကလည်း ကြမ်းလို့ နေ့လယ်လောက် အချိန်က ညနေလို ညလိုကို မှောင်နေတာ။ အဟား ကျွန်တော်က မိုးရွာရင် စိတ်က အလိုလိုပျော်လာတာ။ အဲဒီတုန်းက မိုးတင်မဟုတ်ဖူး လေပါတိုက်တော့ ထီးပါပေမယ့် တကိုယ်လုံးရွဲတာပဲ။ အဲဒီတုန်းက သူက ချမ်းပြီးတုန်နေလို့ ကျွန်တော် ဖက်ထားတော့ လမ်းမှာတွေ့တဲ့ ကျောင်းသူ တစ်အုပ်ကတောင် "ဝေးဝေးသွားလို့ မရအောင် အချစ်ရယ်ဖက်ထားချင်တယ်" ဆိုပြီး စိုးသူ သီချင်းလေးနဲ့ ကျွန်တော်တို့ကို နောက်သွားသေးတယ်။ နောက် ကျွန်တော်တို့ ဘွဲ့နှင်းသဘင် ရှေ့ကလှေကားမှာ မိုးတိတ်အောင် ထိုင်စောင့်ရင်း ညိုမှိုင်းနေတဲ့ တိမ်တွေကို အတူတူထိုင် ကြည့်ခဲ့ ကြတယ်။ အပြန် ဖယ်ရီပေါ်ရောက်တော့ ကျွန်တော့်မှာပါတဲ့ လက်ကိုင်ပ၀ါလေးနဲ့ သူ့ရဲ့ ဆံပင်လေးတွေက ရေတွေ သုတ်ပေးခဲ့သေးတယ်။ အဲဒါလေးတွေကလည်း ကြာတော့ကြာခဲ့ပေမဲ့ မနေ့တနေ့ ကလိုပါပဲ။ နောက်တော့ သူက လမ်းခွဲသွားခဲ့ပါတယ်။ ဒါပေမယ့်လည်းလေ တခါတလေတော့လည်း သိပ်ချစ်တာ သူအသိပါကွယ် ဆိုတဲ့ သီချင်းလေး ကြားရင်၊ တခါတလေ မိုးတွေ ညိုမှိုင်းနေခဲ့ရင် ကျွန်တော့် စိတ်တွေက အတိတ်ကို ပြန်ပြန်ရောက်သွား တတ်ပါတယ်။
    မိုးတွေရွာရင် အခုထက်ထိကို ကျွန်တော် စိတ်ထဲက ပျော်ပါတယ်။ မိုးရွာရင်လည်း ကျွန်တော် ထီးပါခဲ့လည်း မိုးဖွဲဖွဲလေး ဆိုရင် ကျွန်တော် ထီး မဆောင်းပါဘူး။ မိုးဖွဲဖွဲလေးထဲမှာ ထီးမဆောင်းပဲ လျှောက်သွားရတဲ့ အရသာကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ ထီး မဆောင်းလို့ ဖျားတာကလည်း ခဏတိုင်းပါပဲ။ ဖျားလည်း နောက် မိုးရွာရင် မိုးရေထဲ လမ်းလျှောက်တာပါပဲ။ နောက် အိမ်ပြန်ရောက်ရင် ရေချိုးပြီးတာနဲ့ ကော်ဖီ ပူပူလေးနှပ်သောက် ပြီး စောင်ထဲခြုံကွေးတဲ့ ရတဲ့ အရသာကို အရမ်းကြိုက်ပါတယ်။ အိမ်မှာနေတုန်း မိုးရွာရင်တော့ ပြတင်းပေါက်ကို ဖွင့်ပြီး လမ်းပေါ်က လူတွေကို ထိုင်ကြည့်ပါတယ်။ တချို့သူဌေးတွေ က golf ထီးကြီးတွေ ဆောင်းလို့ လမ်းလျှောက်နေတာ၊ ဆင်းရဲတဲ့သူ တွေက ထီးမပါဘဲ မိုးရေထဲ လမ်းလျှောက် နေကြတာတွေ၊ ဆိုက်ကားသမားတွေ မိုးကာကုတ် အရှည်ကြီးတွေနဲ့ ဆိုက်ကား အမြန်နင်း သွားကြတာတွေကို ပြတင်းပေါက်ကလေး ကနေ ထိုင်ငေး ရတာကလည်း အရသာတစ်မျိုးပါ။ မိုးတွေရွာတိုင်း ကျွန်တော်ရဲ့ စိတ်တွေက ပေါ့ပါးသွားသလို ခံစားရပါတယ်။ နောက် မိုးရွာလိုက်ရင် ထွက်လာတဲ့ မြေသင်းနံကလေး ကလည်း စိတ်ကို တမျိုးလန်းဆန်း စေပါတယ်။ နောက် စိမ်းနေတဲ့ သစ်ပင်တွေ၊ မြက်ခင်းတွေကလည်း အမြင်အာရုံ ကြည်လင်လာသလို ခံစားရပါတယ်။ မိုးတွေရွာတိုင်း ကျွန်တော်အရမ်းပျော်ပါတယ်။ နောက် ပျော်စရာ အတိတ်တွေကို ပြန်လွမ်းမိတယ်။ နောက် မိုး ရွာလိုက်တိုင်း ဒိုင်ယာရီ စာအုပ် အဟောင်းလေး ကို ပြန်ဖတ်ရသလို စိတ်မှာ ပျော်ရွင်မိပါတယ်။ ။
    AddThis Social Bookmark Button
    Earn $$ with WidgetBucks!
    RecentPosts
    RecommededAds
  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download
  • Myanmar Font