လျှပ်စီးလက်မိုးခြိမ်းသည့် အခါမျိုးတွင်မတော်တဆ ကွန်ပျူတာပျက်ဆီးသွားနိုင်ပါသလား ?

လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ မိုးကြိုးပစ်သံများ ကြားနေရပါက မိမိ ကွန်ပျူတာကို ပိတ်ထား သင့်သည်။ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ရှိနေချိန်တွင် နေအိမ်များတွင် တပ်ဆင် ထားသည့် လျှပ်စစ်လိုင်းများမှ ဖြစ်စေ၊ တယ်လီဖုန်းလိုင်းများမှ ဖြစ်စေ အချိန်မရွေး စီးဆင်းဝင်ရောက် လာနိုင်သည်ဟု Tornado and Storm Research Orgainzation မှ ထုတ်ပြန်ပြောဆိုမှု ရှိခဲ့သည်။ အကယ်၍ မိမိ ဓာတ်ကြိုး လိုင်းများ၊ တယ်လီဖုန်း လိုင်းများ ထဲသို့ တိုက်ရိုက် စီးဝင်လာပါက အနည်းဆုံးတော့ modem တော့ လောင်ကျွမ်း သွားမည်သာ ဖြစ်သည်။


မိုးကြိုးပစ် လျှပ်စီး လက်သော အခါမှ ကြိုးများ ဖြုတ်ရန် ကြိုးစားလျှင် အန္တရာယ် ရှိနိုင်သည်။ လျှပ်စီးလက်ပြီး နောက် ငါးစက္ကန့် အကြာတွင်မှ အသံကြားရလျှင် လျှပ်စီး လက်သော မိုးသက် မုန်တိုင်းသည် တစ်မိုင် အကွာတွင် ရှိနေသည်ဟု ခန့်မှန်း ယူနိုင်ကြောင်း TORRO မှ အကြံပြုထားသည်။ အကယ်၍ စက္ကန့်သုံးဆယ် အကြာတွင်မှ ကြားရသော နေရာတွင် ရှိနေလျှင် ၆ မိုင်ခန့် ဝေးသောကြောင့် အန္တရာယ်ကင်းသည် ဟုဆိုပါသည်။ အကယ်၍ ထိုသို့ ရုတ်ရုတ်သဲသဲ ဖြုတ်တပ် နေရသည့် ဒုက္ခမှ ကင်းဝေးလိုပါက Surge Protector တစ်ခု ၀ယ် တပ်ထား သင့်ပါသည်။

ဒီပိုစ့် အတွက် Computer Journal မှ မှီငြမ်းပါသည်။

Technorati tags:
, , , , , ,

AddThis Social Bookmark Button



Earn $$ with WidgetBucks!

RecentPosts

RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font