မြန်မာနိုင်ငံတော် အလံ

Image Hosting

အခုလက်ရှိ အသုံးပြုနေတဲ့ မြန်မာ (ဗမာ) အလံကို ၁၉၇၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ စတင် အသုံးပြုခဲ့ ပါတယ်။ အလံ ပုံစံကတော့ အနီရောင် အောက်ခံ၊ လက်ဝဲဘက်ထောင့်မှာ အပြာရောင် လေးထောင့်ကွက် နောက်ခံပေါ်မှာ စက်မှုကို ဖော်ကြူးတဲ့ ပင်နီယံပုံ (ခွေးသွားစိတ်) နှင့် စိုက်ပျိုးရေးကို ဖော်ကြူးတဲ့ စပါးနှံပုံ တို့ကို အရွယ်တူ ကြယ်ဖြူ ၁၄ လုံးက ၀န်းရံထားခြင်းပါ။ အဓိပ္ပါယ်ကတော့ အနီရောင် က သတ္တိရှိမှု နှင့် ရဲရင့်မှုကို ဖော်ပြပါတယ်။ အပြာရောင် က ငြိမ်းချမ်းမှု နှင့် အဓွန့်ရှည် တည်တံမှုကို ဖော်ဆောင်ပါတယ်။ စက်မှုကို ဖော်ကြူးတဲ့ အစိတ် ၁၄ စိတ်ရှိတဲ့ ပင်နီယံပုံ (ခွေးသွားစိတ်ပုံ) နှင့် စိုက်ပျိုးရေးကို ဖော်ပြတဲ့ စပါးနှံပုံတို့ကို ၀န်းရံထားတဲ့ အရွယ်တူကြယ်ဖြူ ၁၄ လေးလုံးကတော့ တိုင်းနှင့် ပြည်နယ် ၁၄ ခု အတူတကွ ညီညွတ်စွာ နေထိုင်ပုံကို ဖော်ပြပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ အလံရဲ့ အခြေခံ ဒီဇိုင်းကတော့ ဗြိတိသျှ လက်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲတွေ ဆင်နွဲရာမှာ အသုံးပြုခဲ့တဲ့ အနီရောင် အောက်ခံပေါ် လက်ဝဲဘက်မှာ အပြာရောင် လေးထောင့်ကွက်နှင့် လေးထောင့်ကွက် အလယ်မှာ ကြယ်ဖြူကြီး တစ်လုံးကို အရွယ်တူ ကြယ်အသေး ၅ လုံးက ၀န်းရံထားတဲ့ အလံကို အခြေခံထားခြင်းဖြစ်ပါတယ်။ နောက်တော့ အဲဒီ ကြယ် တွေနေရာမှာ လက်ရှိအလံ ဖြစ်လာမယ့် စက်မှုကို ဖော်ကြူးတဲ့ ပင်နီယံပုံ နှင့် စပါးနှံပုံ တို့ကို ၁၉၇၄ မှာ အစားထိုး ပြင်ဆင်ခဲ့ပါတယ်။ ဒီ အလံ ရဲ့ ထူးခြားချက် ကတော့ မြန်မာနိုင်ငံ ကို အမည်နာမ သာနှစ်ခါပြောင်းခဲ့ပေမယ့် နိုင်ငံတော်အလံကို ယခုပုံအတိုင်း မပြောင်းလဲခဲ့ခြင်းပါ။

Technorati tags:
, , , , , ,

AddThis Social Bookmark Button



Earn $$ with WidgetBucks!

RecentPosts

RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font