ရွေ့လျားခြင်း သစ္စာတရား (မြန်မာ စံတော်ချိန်တီးလုံး)


ဒီ တစ်ခါတော့ ဂစ်တာ နှတ်လေး တင်လိုက် ပါတယ်။ ဒီနှတ်တွေဟာ ကိုနိုင်ဇော် (Lazy Club) ရေးသားတဲ့ မြေအောက်ကကြိုးရဲ့ လျှို့ဝှက်ချက်များ စာအုပ်မှ ဖြစ်ပါတယ်။ စာအုပ်နဲ့ အတူ စီဒီ တစ်ခွေပါ ပါတယ်။ ၂၀၀၇ မတ်လကထုတ်ဝေခဲ့တာပါ။ Ringtone ကိုတော့ ဒီ သီချင်းထဲက စံတော်ချိန် တီးလုံးရဲ့ နှတ်ကိုကြည့်ပြီး Guitar Pro 5 နဲ့ စမ်းလုပ်ကြည့် ထားတာပါ။ ကျွန်တော် နှတ် အကြောင်း နားမလည်တော့ အသံက သိပ်ပြီးတော့ မကောင်းပါဘူး။ အသံကို midi သံလုပ်ထား ပါတယ်။ အောက်က အက်ဆေး ကလည်း ကိုနိုင်ဇော် (Lazy Club) ရဲ့ စာအုပ် ထဲကပဲ အချို့ကို ကောက်နှတ် ထားတာပါ။







  • Download Song

  • Download Ringtone


    ရွေ့လျားခြင်း သစ္စာတရား

    All Guitars Naing Zaw
    Composed A One Sayar Hnyar
    Bass Saw Thar Gyi
    Drums Adeno

    မြန်မာသီချင်း တွေထဲက ကိုယ်တီးချင်တဲ့ သီချင်းလေးတ်ပုဒ်ကိုလည်း ဒီဘက်ခေတ်ကို ကိုယ်စားပြုတဲ့ Music တွေနဲ့ အမှတ်တရ ဖန်တီးပြချင်ပါတယ်။ နိုင်ငံခြားသားတွေနဲ့ ခင်မင်လို့ သူတို့ကို အခွေ လက်ဆောင်ပေးတိုင်း သူတို့ မေးလေ့ရှိတာက မင်းတို့ရဲ့ ရိုးရာတေးဂီတ အကြောင်းရော ပါသေးလား။ အဲဒီ Music ကိုရောတီးပြထားသလား? စတဲ့ ပုံစံမျိုးမေးခွန်းတွေကို အမြဲကြားနေရတတ်လို့ပါ။

    ဒါကြောင့် ရှေးသီချင်းတွေထဲက ကိုယ်လုပ်ပြချင်တဲ့ ပုံစံနဲ့ ဂုဏ်ပြုသလိုမျိုးဖြစ်အောင်၊ တတ်နိုင်သလောက် ကိုယ်တတ်တဲ့ဂီတနဲ့ ပြသချင်လို့ တစ်ခါ ဒီဘက်ခေတ် ကလေးတွေလည်း တီးလုံးလေးတွေကို နားထောင်ရင်း ရှေးကသီချင်းတွေကို အမှတ်ရသွားစေချင်လို့ သီချင်းဟောင်းတွေထဲက ဘယ်သီချင်းကို တီးရမလဲလို့ စစဉ်းစားပါတယ်။ အဲဒီလို စဉ်းစားနေရင်း စိတ်ထဲပေါ်လာတာ မြန်မာ့အသံက သတင်းလာရင် လွင့်လေ့ရှိတဲ့ တီးလုံးပါပဲ။ အဲဒီ တီးလုံးကို "စံတော်ချိန် တီလုံး" လို့ အမည်နာမခေါ်ဝေါ်ကြတာလည်း သိရှိရပါတယ်။

    Music ကို ဘယ်ပုံစံ အတိုင်းသွားမလဲ စဉ်းစားတော့ နဂို သီချင်းရဲ့ ပုံမှန် Tempo ဖြစ်တဲ့ အတွက် မြန်တဲ့ ဂီတကိုပဲ စဉ်းစားရပါတယ်။ စည်းချက်နရီသွက်တဲ့ Music တွေထဲမှာ Techno တို့ Disco တို့ စတဲ့ Programming Music တွေကိုတောင် မစဉ်းစားတော့ဘဲ Rock ဘက်နွယ်တဲ့ Speed Metal ဆန်တဲ့ Music ကိုပဲ ရွေးချယ်လိုက်ပါတော့တယ်။


    အဲဒီလိုဖန်တီးရင်း သီချင်းရဲ့ နာမည်ကိုပါ ခေတ်အရ မော်ဒန်ဖြစ်မယ့် နာမည်လေးကို စဉ်းစားပါတယ်။ စဉ်းစားရင်းတွေးမိတာက အချိန်ရဲ့ သစ္စာတရားဆိုတာ မှန်ကန်စွာ ရွေ့လျားခြင်းပဲ။ မရွေ့လျားတဲ့ နာရီဆိုရင် ပျက်နေတာ၊ ဒါကြောင့် ပြောင်းလဲမှုရှိခဲ့ရင်၊ မတည်ငြိမ်ခဲ့ရင်၊ ကတိမတည်ခဲ့ရင်၊ သစ္စာမရှိဘူးလို့ လူတွေ သတ်မှတ်နေကြတာဟာ အချိန်နဲ့ ကြတော့ ပြောင်းပြန် အချိုးကျပါတယ်။ သူက ရွေ့လျားနေမှ ကတိတည်တယ်၊ သစ္စာရှိတယ်၊ ရပ်နေရင် သစ္စာမရှိဘူးလို့ သတ်မှတ်ပြီး "ရွေ့လျားခြင်း သစ္စာတရား" လို့နာမည်ပေးဖြစ်လိုက်ပါတယ်။

    ဒီလို တီးလုံးမျိုးကို ရှာဖွေပေးခဲ့တဲ့ ဆရာကြီး "အေ၀မ်းဆရာညှာ" ကိုလည်း တအားလေးစားသွားပါတယ်။ သူရှာတဲ့ Melody သံစဉ်ဟာ ဘယ်အချိန်မဆို ခေတ်မှီနေတုန်းပဲ ဆိုတာကိုလည်း လူတွေသိစေချင်လို့ ဖန်တီးပြတာလည်းပါပါတယ်။ ခွင့်ပြုပေးခဲ့တဲ့ ဆရာကြီးရဲ့ မိသားစု ကိုလည်း အထူး ကျေးဇူး တင်ပါတယ်။

    စံတော်ချိန် သီချင်းလေးကို ပြန်လည် ဆန်းသစ်တီးခတ်ရာမှာ တချို့သော တီးလုံး အနည်းငယ်ဟာ စတီရီယိုသီချင်းရဲ့ Frame ထဲမှာ ထည့်သွင်းဖို့ အခက်အခဲ ရှိတဲ့ အတွက် ဖြုတ်ထားပေးခဲ့ ရခြင်းကိုလည်း အရင်သီချင်း သိမှီသူများ၊ နားထောင်ဖူးသူများရှိခဲ့ရင် ခွင့်လွှတ်ပေးစေလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စတီရီယို သီချင်းမှာက Backing ဆိုရင်လည်း ( Verse တစ်ခေါက် နဲ့ တစ်ခေါက်) Bars အရေ အတွက်က တူညီနေဖို့လိုပါတယ်။

    အဲဒီလို ပထမပုဒ် နဲ့ ဒုတိယ အပုဒ် မတူညီဘူး ဆိုရင်လည်း ပုံသဏ္ဍာန်လုံးဝ ကွဲပြားမှ ဖြစ်မှာမို့ပါ။ ဒါမှသာ နိုင်ငံခြားသားတွေ နားထောင်ဖြစ်ခဲ့မယ်ဆိုရင်လည်း သူတို့မှာမရှိတဲ့ အယူအဆ၊ သူတို့မှာ သုံးလေ့မရှိတဲ့ Scale တွေ ဖြစ်နေလို့ မြန်မာသီချင်းမှန်း တန်းသိကြမှာပါပဲ။

    ဒီသီချင်းရဲ့ အစမှာကြားရတဲ့ နာရီသံများက ကျွန်တော်ရဲ့ Sound Effect Library ထဲက နာရီသံများဖြစ်ပါတယ်။ Pink Floyd ရဲ့ Time ဆိုရင်လည်း အဖွင့် Intro မှာ နာရီသံတွေ ခေါင်းလောင်းသံတွေနဲ့ စတာ၊ Money ဆိုရင်လည်း ပိုက်ဆံ အကြွေစေ့ စက်ထဲကထွက်ကျတဲ့ အသီတွေစသည်ဖြင့် မျက်စိထဲမှာ ကွင်းကွင်း ကွက်ကွက် မြင်အောင် Sound Effect တွေနဲ့ ပံ့ပိုးပြီး ဂီတကို တောက်ပြောင်ခမ်းနားစေတာကိုလည်း ကြိုက်မိပါတယ်။ အားလည်း ကျပါတယ်။ ဒါကြောင့်လည်း စံတော်ချိန်ရဲ့ အစကို နာရီသံတွေ ထည့်ခဲ့တာပါ။

    သီချင်းရဲ့ အစကို 7 Strings ဂစ်တာသံ အထူစားကြီးနဲ့ စတင်ထားပါတယ်။ ဂစ်တာ Solo ကိုတော့ ကျွန်တော့်ရဲ့ Fender ဂစ်တာ (Floyed Rose) နဲ့တီးပါတယ်။ Vamp ကိုတော့ 7 Strings နဲ့ တီးပါတယ်။ Processor ကိုတော့ (ADA, MP1) သုံးထားပါတယ်။














    Technorati tags:
    , , , , , , , , , , , , , , , , , , , , , , , , , , , , , ,

  • AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font