အကယ်ဒမီ ဒွေး ကွယ်လွန်ခြင်း
ဖိုရမ်တွေ လိုက်ဖတ်ရင်း သတင်းတစ်ခုတွေ့လိုက်ရလို့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီနေ့ ညနေက SSC မှာ ဒွေး (အသက် ၄၂ နှစ်) ဆုံးသွားပါပြီတဲ့ ခင်ဗျာ။ မြန်မာ စံတော်ချိန် ၄ နာရီလောက်က ဆုံးသွားတာပါတဲ့ခင်ဗျာ။ အခုလို ၀ါရင့် သရုပ်ဆောင် တစ်ယောက်ဆုံးပါးသွားတာ တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ကိုဒွေး ကောင်းရာသုဂတိ လားပါစေ။
ဒွေး၏နောက်ဆုံးသတင်း....
ဆုံးတဲ့နေ့က ဒွေး နေ့လည်(၁၂)နာရီမှာ အိပ်ယာထတယ်။
ထမင်းစားပြီး အိပ်ခန်းထဲပြန်ဝင်သွားတယ်။
ညနေ(၄)နာရီရှုတင်ရှိတာကိုဆင်းမလာလို့သူ့မိန်းမမိုးမိုးကတက်သတိပေးတော့ အိပ်ခန်းထဲမှာသတိလစ်နေတာတွေ့တယ်။
ဒါနဲ့ လှည်းတန်းကသုခကမာဆေးခန်းပို့တော့ အသက်မရှိတော့ဘူး။
မိုးမိုး(ဇနီး)ကမကျေနပ်လို့ ရွှေဂုံတိုင်ဆေးခန်းထပ်သွားသေးတယ်။
ပြီးမှအိမ်ပြန်သယ်တာ။(Source)
အကယ်ဒမီဒွေးရဲ့ ဈာပနကို ယနေ့နံနက် လေးနာရီ လေးဆယ့်ငါးမိနစ်မှာ မီးသဂြိုလ် ခဲ့ပါတယ်။ မူလက နံနက် ကိုးနာရီမှာ သဂြိုလ်ဖို့ စီစဉ်ခဲ့ပေမယ့် ဂျာနယ် တစ်စောင်တွင် ယင်းသတင်း ပါရှိ သွားသောကြောင့် နံနက် ခြောက်နာရီသို့ ပြောင်းရွှေ့ခဲ့ ပါတယ်။
ဒါပေမယ့် ဒီနေ့မနက် ဒွေးကို လာရောက် အားပေးကြတဲ့ ပရိတ်သတ်တွေ အလွန်ပင် များလွန်း တာကြောင့် မနက်လေးနာရီ လေးဆယ့်ငါးမိနစ်ခန့်မှာ မီးသဂြိုလ်ခဲ့ ရပါတယ်။ အခုလို မူလသတ်မှတ် ချိန်ထက်စောစီးစွာ သဂြိုလ်ခဲ့တဲ့ အတွက် အချို့သော သရုပ်ဆောင်တွေ နဲ့ ဆွေးမျိုးတွေဟာ ဒွေးရဲ့ နောက်ဆုံးခရီးကို မမှီလိုက်ကြပါဘူး။(Read More)
ဒါကတော့ မနေ့ ( ၁၂ရက်နေ့ )က ကြေးမုံ သတင်းစာ မှာပါတဲ့ ကိုသားကြီး ရဲ့ နာရေးကြော်ငြာပါ။
သတင်းစုံကို အောက်ကလင့်တွေမှာ ဖတ်လို့ရပါတယ်။
www.Padonma.com
www.soezeya.blogspot.com
www.popularmyanmar1.com
www.mandalaygazette.com
www.mandalaygazette.com
Technorati tags:
Actor Dway, Dwe, Dway Dway news, Myanmar, Myanmar Actor, Myanmar Actor Dway, Myanmar Dway, Myanmar News
