Is that True?

ဒီလထုတ် Computer Magazine မှာ ပါတဲ့ အင်တာဗျူးကို စိတ်ဝင်စားလို့ ပြန်တင်ထားပါတယ်။ အဲဒီဆိုဒ်ကတာဝန်ရှိတဲ့သူက အင်တာဗျူးဆရာကို ပြန်မေးတယ် မြန်မာပြည်မှာ လူကြည့်အများဆုံးဆိုဒ်ကို သိလားတဲ့။ အင်တာဗျူးဆရာက Planet လို့ထင်တာပဲလို့ဖြေတယ်။ သူ့တို့ဆိုဒ် www.myanmargoal.com က တစ်လကို ကြည့်တဲ့ hit က သုံးသန်းကျော်ပါတယ်တဲ့။ တစ်လကို သုံးသန်းကျော်ဆိုတာ နဲနဲနောနော မဟုတ်ပါဘူး။ ဒီဆိုဒ်က နိုင်ငံတကာက ဘောလုံးပွဲသတင်းတွေကို မြန်မာလိုေ၇းထားတဲ့ဆိုဒ်ပါ။ ဒါကြောင့် နိုင်ငံခြားသားတွေတော့ ကြည့်မယ်မထင်ဘူး။ မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုသူ အရေအတွက် နောက် မြန်မာနိုင်ငံ ပြင်ပက မြန်မာနိုင်ငံသား အရေအတွက်တွေနဲ့ ပေါင်းကြည့်ရင်တောင် ဒီ သုံးသန်းကျော် hit က အံသြဖို့ အတော်ကောင်းပါတယ်။ တစ်လကို သုံးသန်းထားပါ ပြီးရင် ၃၀ နဲ့ စားကြည့်ရင် ၁ သိန်းကျော် တစ်နေ့ကို hit ပျမ်းမျှ ၁ သိန်းနီးပါးရတဲ့ ဆိုဒ်ပေါ့။ =D ကျွန်တော်က အဲဒီဆိုဒ်ကို မ၀င်ဖြစ်တော့ ဟုတ်မဟုတ်မသိပါဘူး။ ကျွန်တော်က အင်တာနက်ကို cafe ကနေ သုံးပါတယ်။ ဘေးနားက စက်တွေကြည့်တိုင်း www.myanmargoal.com ကို ဖွင့်ကြည့်နေတဲ့သူ တစ်ခါမှ မတွေ့မိသေးပါဘူး။ ကြည့်သူအများစုက နိုင်ငံခြား ဘောလုံးဆိုဒ်ကိုပဲကြည့်ကြတာများပါတယ်။ မိတ်ဆွေတို့ ကြော်ငြာထည့်ဖို့ စဉ်းစားရင် အဲဒီလို hit မျိုးရတဲ့ဆိုဒ်မှာ ထည့်ဖို့စဉ်းစားသင့်ပါတယ်။ =)






Technorati Tags: , , , , , ,

AddThis Social Bookmark Button



Earn $$ with WidgetBucks!

RecentPosts

RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font