Blog Action Day


တကယ်တော့ ဘလောခ့်မှာ ဘယ်သူ့ ထိန်းချုပ်မှု၊ ကန့်သတ်မှု့အောက်မှာမှရှိမနေတဲ့ လွတ်လပ်တဲ့ မီဒီယာ တစ်ခုပါ။ လူတိုင်းမှာ ကိုယ်အမြင်၊ ကိုယ့်အတွေးတွေကို လွတ်လပ်စွာ ရေးသားနိုင်ခွင့်ရှိလာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီနှစ်နှစ်ဦးပိုင်းလောက်ကစပြီး ဘလောခ့်ခြင်း အနှပညာ အရှိန်နဲ့ တိုးတက်လာခဲ့ပါတယ်။ ဘလောခ့်ခြင်းအားဖြင့် ပြည်သူလူထုကို ကိုယ့်အမြင်တွေ သတင်းတွေ အရင်းအမြစ်တွေ ဝေမျှနိုင်လာပါတယ်။ အရင်လို ပုံနှိပ်မီဒီယာတွေလို အပယ်ခံရတာမျိုးတွေကို ကျော်လွှားနိုင်ပါပြီ။ Web 2.0 ရဲ့ ၀န်ဆောင်မှုတွေနဲ့ အတူ ကျွန်တော်တို့ ဘလောခ့်တွေက တင်ပြနိုင်နေကြပါပြီ။ အခုဆို ကျွန်တော်တို့ မြန်မာဘလောခ့်ဂါတွေကလည်း အချိန်နဲ့ မခြား သတင်းတွေ ကမ္ဘာကသိအောင်တင်နိုင်ခဲ့တယ်။ ဒါတောင် 2.0 ပဲ ရှိသေးလို့ Web 3.0 သာဆိုရင် တိုက်ရိုက်တောင် တင်နိုင်လိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံကိုလည်း ကမ္ဘာအာရုံစိုက်လာနိုင်အောင် ဆောင်ရွက်ခဲ့ကြတယ်။ ဘလောခ့်တွေက အကန့်အသတ်တွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ကမ္ဘာမှာလည်း ဘလော့ခ်တွေက ပုံနှိပ်မီဒီယာတွေကို ကျော်ပြီး စာဖတ်သူတွေ အများအပြားဖြစ်နေပါပြီ။ သတင်း ဌာနတွေကတောင် ဘလောခ့်တွေကို စောင့်ကြည့်နေရပါပြီ။ ဘလော့ခ်တွေကို လူတိုင်းက ဖန်တီးနိုင်ပြီး လူတိုင်းရေးသားနိုင်တဲ့ အတွက် လူတိုင်းမှာ အခွင့်အဏာရှိလာခဲ့ပါပြီ။ ။
Related Post
Technorati : Blogging, Blog Action Day, Blog Action Day 2007, Reaper's Death Notes, Burmese Blogs, Burma Bloggers, Myanmar
