Image Hosting

Image Hosting ဆိုတာ ဖိုရမ်ရေးသူတွေ၊ ဘလောခ့်ဂါတွေ အတွက် အရေးပါတဲ့ အကြောင်းအရာ တစ်ခုပါ။ ဖိုရမ်တွေမှာ များသောအားဖြင့် ဖိုရမ်မာတွေ တင်လိုတဲ့ ပုံတွေကို host လုပ် ပေးလေ့မရှိပါဘူး။ အဲဒီအခါ ဖိုရမ်မှာ ပုံတွေတင်ဖို့ အတွက် Image Hosting ဆိုဒ်တွေမှာ တင်ရပါတယ်။ ဘလောခ့်တွေမှာတော့ များသောအားဖြင့် Blog Service ပေးတဲ့ ဆိုဒ်တွေက ပုံကိုပါ တခါတည်း သူတို့ဆီမှာ host လုပ်တဲ့ ၀င်ဆောင်မှု ပေးကြပါတယ်။ သို့သော်လည်း ယခု Blogger လို ဓာတ်ပုံအတွက် ဆိုဒ် အကန့်အသက်ရှိတဲ့ အခါမျိုးမှာ Image Hosting က လိုအပ်ပြန်ပါတယ်။

Blogger မှာ ယခု လောလောဆယ်တော့ Image Hosting အတွက် blog တစခုကို 1024 MB ရပါတယ်။ ဒီ ပမာဏဟာ များတယ်လို့ ထင်ရပေမယ့် နှစ်ပေါင်းများစွာ ဘလောခ့်ရေးချင်တဲ့ အခါမျိုးမှာ ယခုပေးထားတဲ့ အကန့်အသတ်က နည်းပါးလှပါတယ်။ နောင်မှာတော့ Blogger က Image Host လုပ်ပေးတဲ့ ပမာဏ တိုးကောင်းတိုးလာ နိုင်ပါတယ်။ အဲဒီအခါမှာ ဘလောခ့်ဂါတွေ အနေနဲ့ Image Hosting ဆိုဒ်တွေက အရေးပါလာပြန်ပါတယ်။

နောက် ယခုဆိုရင် Blogger ကို မြန်မာမှာ ဘန်းထားတဲ့ အတွက် တချို့ Domain ၀ယ်ပြီး ဘလောခ့်ကို ပြောင်းကြတဲ့ အခါမှာ ဒိုမိန်းတွေ Post Pages Link တွေက ဒိုမိန်းနဲ့ ပြောင်းသွား နိုင်ပေမယ့်။ ပို့စ်မှာ ဓာတ်ပုံတွေကို Blogger က Image Hosting ကို ပဲ ယူသုံးထားရင် ပြည်တွင်းက စာဖတ်သူက တင်ထားတဲ့ ပုံတွေကို မြင်ရမှာ မဟုတ်ပါဘူး။ အလားတူပဲ Comment link မပြောင်းတဲ့ အတွက် comment လည်း ကြည့်ဖို့ ခက်ပါတယ်။ Blogger ရဲ့ Image Hosting Service က နဂို ဆိုဒ်အသေးကို ကလစ်လုပ်ရင် မူလဆိုဒ်ကို ပြန်ရနိုင်အောင် အဆင်ပြေပေမယ့်။ ဒီလို ဘန်းတဲ့ အခါကျတော့ အဆင်မပြေတော့ပါဘူး။


Image Hosting တွေ များစွာရှိတဲ့ အထဲက ကျွန်တော် သုံးဖူးသမျှထဲမှာ Photobucket က အဆင်ပြေဆုံးပါပဲ။ တစ်ခုပဲရှိပါတယ် အဲဒီဆိုဒ်က အကောင့်ရှိမှ Host လုပ်လို့ရတာပါ။ free ပါပဲ အကောင့်က။ ပုံတင်ချင်တဲ့ အခါ Log in တော့ ၀င်ရပါတယ်။ ဒါပေမယ့် သူ့မှာတင်ထားတဲ့ ပုံတွေက ဘယ်တော့မှ ပျောက်သွားတယ် ဆိုတာမရှိပါဘူး။ တင်တဲ့ အခါမှာ ကုဒ်ကိုလည်း တခါတည်း ကူးထည့်ရုံပါပဲ။

Imageshark.us လို hosting မျိုးမှာ bandwidth လစ်မစ်ရှိပါတယ်။ သူ့ဆီမှာ တစ်နေ့ကို bandwidth ဘယ်လောက်ဆိုတာ သတ်မှတ်ထားပါတယ်။ မိတ်ဆွေရဲ့ ဘလောခ့်ကို တနေ့တည်းနဲ့ လူများများကြည့်တဲ့ အခါ လစ်မစ်ကျော်သွားရင် တင်ထားတဲ့ပုံတွေ မြင်ရတော့မှာ မဟုတ်တော့ပါဘူး။ Photobucket မှာတော့ အဲဒီလို ပြသနာမရှိပါဘူး။ တစ်ခုတော့ရှိပါတယ် သှူ့ဆီမှာတော့ နဂိုမူလပုံဆိုဒ်ကို click လုပ်ပြီး ကြည့်လို့ရမယ့် service တော့ မရှိပါဘူး။ အဲဒီလို clickable image hosting မှာ Post Image က အဆင်ပြေပါတယ်။ ပြီးတော့ Photobucket မှာ ဗီဒီယိုဖိုင်လည်း တင်လို့ရပါတယ်။ အခုလို ပြည်တွင်းမှာ Video sharing ဆိုဒ်တွေ ဘန်းလာတဲ့ အချိန်မှာ အဲဒီ ဗီဒီယို hosting က အမှတ်တရ ဗီဒီယိုလေးတွေ တင်ဖို့ အတော် အဆင်ပြေပါတယ်။ နောက် အရန်သင့် slide show လုပ်ဖို့ frame တွေလည်း အများကြီးရှိပါတယ်။

သတိထားရမှာက ပို့စ်မှာ ပုံတွေတင်တဲ့ အခါ တခြားဆိုဒ်တွေက ပုံကို source code ကြည့်ကူးပြီး ပို့စ်ထဲမှာ တန်းထည့်လိုက်တာမျိုးမလုပ်သင့်ပါဘူး။ Blogger ရဲ့ blogspot က အခြားဘလော့ခ်တွေက ပုံတွေ ယူသုံးတာမျိုးက မသိသာပေမယ့် ကိုယ်ပိုင် hosting နဲ့ လုပ်နေတဲ့ web site က ပုံတွေကို အဲဒီလို ယူသုံးရင် သူများ bandwidth ကို ခိုးသုံးသလို ဖြစ်ပါတယ်။ အယူခံရတဲ့ ဆိုဒ်ကလည်း သူတို့ ပုံကို ဘယ်ဆိုဒ်က ယူသုံးနေတယ် ဆိုတာသိပါတယ်။ ကျွန်တော်တို့ မြန်မာ ဘလောခ့်တွေကို အထင်အမြင်သေးသွား နိုင်ပါတယ်။ တကယ်လို့ အခြားဘလောခ့်တွေ ဆိုဒ်တွေကပုံတွေ သုံးချင်ရင် ကိုယ့်စက်ပေါ်အရင် Save လုပ်ပြီးမှ Hosting ပေါ် ပြန်တင်တာမျိုး လုပ်သင့်ပါတယ်။ အခြား ဖိုင်တွေလည်း အဲဒီလိုပါပဲ။ ညွှန်းရင် သူတိှု့ဆီက Download လုပ်ဖို့ ပေးထားတဲ့ web page ကိုပဲ ညွှန်းရပါမယ်။ Download လုပ်မယ့် file ရဲ့ address ကို တိုက်ရိုက် ယူမသုံးရပါဘူး။ နောက် ပုဂ္ဂိုလ်ရေးနဲ့ ပက်သက်တဲ့ image တွေ၊ စီးပွားရေးနဲ့ ပက်သတ်တဲ့ image တွေ ကိုလည်း မူလပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ တင်ခွင့်မရှိပါဘူး။ နောက် မိတ်ဆွေတို့ ပုံတွေတင်တဲ့ အခါမှာ ပုံကို လိုက်ဖက်မယ့် အင်္ဂလိပ် နာမည်ပေးသင့်ပါတယ်။ နောင်အခါ Search Engine တွေမှာ Image Search လုပ်ခွင့်ပေးတဲ့ အခါမှာ ကိုယ့် ဘလောခ့်က ပုံတွေပါ သူတို့ရှာနိုင်အောင်လို့ပါ။

Image Hosting ဆိုဒ်တွေကတော့

  • www.photobucket.com
  • www.postimage.org
  • www.imageshack.us
  • www.imagehosting.com
  • http://app02.bonpoo.com/file.htm
  • http://xtremeimages.armed.us
  • www.filehost.to
  • www.fotopic.net
  • www.freefotofile.com
  • www.freeimagelibrary.com
  • www.image-bound.com
    Image Hosting Lists အပြည့်အစုံကို သူငယ်ချင်း လီယိုဂျက် ရဲ့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
    Image Hosting Lists

    Technorati Tags: , , , , , , , , , , , , , ,

  • AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font