Why Linux is Open Source?

Linux ဘာလို့ Open Source Operating System ဖြစ်နေရလဲ သိလား။ မသိရင် ကျွန်တော်ပြောပြမယ်။ Linux ဆိုတာ နာမည်ကြီး Open Source Operating System ဆိုတာ ကြားဖူးနေတာ တော်တော် ကြာပြီ။ ဘာလို့ Open Source ဖြစ်နေလည်း ဆိုတာ မသိခဲ့ဘူး။ စမ်းလည်း မစမ်းဖူးဘူး။ ကျွန်တော်တို့ ကျောင်းမှာ ဒုတိယနှစ်ဝက် အဖြစ် Linux စသင်ရတယ်။ နှစ်ပတ်လောက်နေတော့မှ Linux က Open Source ဖြစ်ရတဲ့ အကြောင်းအရင်းကို နားလည်သွားတယ်။ Linux က အစက ပိုက်ဆံနဲ့ ရောင်းမယ့် OS ဖြစ်ပုံရတယ်။ နောက်မှ Open Source ဖြစ်သွားတာ ထင်တယ်။ ရောင်းမကောင်းလို့နေမှာ။ သူမှာ သုံးတဲ့ Command တွေက ကျက်၇တာ မနည်းဘူး အများကြီးပဲ။ GUI နဲ့ သုံးလည်းရပေမယ့် ကျွမ်းကျင်ချင်ရင် Command တွေ သိရမယ်ဆိုလို့ ကျက်နေရတယ်။ နည်းတဲ့ Command တွေမဟုတ်ဘူး Microsoft က Command တွေထက်ပို ရှုပ်တယ်။ ဒါကြောင့် Linux က Command တွေ နဲ့ ရှုပ်ရှက်ခက်ပြီး နောက်ဆုံး လူမ၀ယ်လို့ Open Source ဖြစ်သွားရတာ။ =)

P.S - စာမကျက်ချင်လို့ လျှောက်တွေးပြီး ရေးထားတာပါ။ Linux မကောင်းဘူးလို့ တကယ် မမှတ်လိုက်ပါနဲ့ဗျာ။ Security ပိုင်းမှာ Linux က အရမ်းကောင်းတယ်လို့ ဆရာတွေ ခဏခဏ ပြောတယ်။ GUI က လည်း တော်တော် လှတယ်ဗျ။

AddThis Social Bookmark Button



Earn $$ with WidgetBucks!

RecentPosts

RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font