Widget လျှော့ခြင်း
ဒီနေ့ ကျွန်တော့် ဘလောခ့် loading time မြန်အောင် Widget တချို့ လျှော့ပစ်လိုက်တော့မယ်ဗျာ။ ပထမဆုံး ClustrMap ကို ဖြုတ်လိုက် တော့မယ်။ သူက ဘလောခ့်လာခဲ့သမျှ visitors တွေရဲ့ location ကို ပြတာ။ တစ်နေ့ကို အနည်းဆုံး အယောက် ၂၀၀၀ ပဲ လက်ခံတယ်။ အဲဒီထက်ကျော်ရင် အလုပ်မလုပ်ဘူး။ အင်တာနက်ဆိုတာ တစ်ကမ္ဘာလုံးရတဲ့ အချိန်မှာ အဲဒီ widget က မထူးဆန်းတော့ပါဘူး။ ဖြုတ်ပစ်မယ်။
နောက် Poll Daddy Poll ကိုလည်း ဖြုတ်ပစ်မယ်။ ဟာသသရုပ်ဆောင်တွေရဲ့ poll မှာ လောလောဆယ် Mr.Bean က ဗိုလ်ဆွဲနေတယ်။
လောလောဆယ် ဒီနှစ်ခုပဲ ဖြုတ်လိုက်ဦးမယ်။
