Happy New Year 2008



•.¸¸.•♥ Happy New Year ♥•.¸ ¸.•


Hello မင်္ဂလာပါ။ တဖြည်းဖြည်းနဲ့ပဲ ကျွန်တော့် ဘလောခ့် date မှာ မနက်ဖြန်ဆိုရင် ပို့စ်မှာ 2008 ဆိုတာလေး ဖြစ်တော့မယ်။ ကျွန်တော့ ဘလောခ့်ကို အမြဲဖတ်ရှုတဲ့ သူငယ်ချင်းတွေကော subscribe လုပ်ဖတ်တဲ့ သူငယ်ချင်းတွေကော နှစ်သစ်မှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေဗျာ။ သူငယ်ချင်းတို့သာ မဖတ်ရင် ကျွန်တော့် ဘလောခ့်လေးက အသက်ရှင်ဖို့ မလွယ်လှပါဘူး။ ကျေးဇူးအထူးပါ။ မင်္ဂလာနှစ်သစ်ပါ ခင်ဗျာ။

  • Blogging Goals For 2008

    နှစ်သစ်ကို ဘလောခ့်နှင့် အတူဖြတ်သန်းဖို့ ကျွန်တော့် ဘလောခ့်လေးမှာ 2008 အတွက် ပန်းတိုင်လေးတော့ ရှိဖို့လိုမယ် ထင်တယ်ဗျာ။ ပန်းတိုင်ဆိုတဲ့ အရာလေးကို ချရေးထားမှ တကယ်ဖြစ်အောင် လုပ်မိပါလိမ့်မယ်။ ဒီတော့ ပို့စ်ထဲမှာရေးထားလိုက်မယ်။

    1 - ပထမဆုံး ကျွန်တော် လုပ်ဖို့က ပို့စ်တွေကို နည်းပညာ၊ ဗဟုသု့တ ရနိုင်မယ့် အကြောင်းများများရေးပါမယ်။ personal လျှော့ပါမယ်။ အနည်းဆုံးတော့ ပို့စ်မှာ ဗဟုသုတမရတောင် စာဖတ်သူကို ပြုံးနိုင်အောင် ရယ်စရာလေး လောက်တော့ ပေးနိုင်အောင် ကြိုးစားပါမယ်။ ပို့စ်တွေကို ဘယ်အချိန်၊ ဘယ်နှခုနှစ် ဖတ်ဖတ် ဒိတ်အောက် မသွားနိုင်တဲ့ ပို့စ်မျိုး အဓိကထားပြီး ရေးပါမယ်။

    2 - ကျွန်တော့် ဘလောခ့်ကနေ တဆင့် ချစ်ခင်ဖွယ် ကောင်းတဲ့ ညီအကိုမောင်နှမ၊ သူငယ်ချင်းတွေ ခင်မင်ရင်းနှီးရအောင် အပြန်အလှန် ဆက်သွယ်ပါမယ်။ ကျွန်တော်က ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းတဲ့ အတွက် ခင်မင်ရတဲ့ သူငယ်ချင်းတွေ အများကြီး တိုးပွားချင်ပါတယ်။

    3 - Blog unique visitors ကိုလည်း တစ်နေ့ အနည်းဆုံး ၅၀ ရအောင် ကြိုးစားပါမယ်။ ဘလောခ့်စာဖတ်သူတွေ တိုးပွားပါစေ =) ။ အကယ်၍ Reader နဲ့ဖတ်တာ တွင်ကျယ်လာခဲ့မယ်ဆိုရင် Subscriber ၅၀ အထက်ရအောင်လုပ်ပါမယ်။

    4 - Pagerank ကို လက်ရှိ 3 ကနေ 5 ရောက်အောင် ကြိုးစားပါမယ်။ မြန်မာလိုရေးတဲ့ ဘလောခ့်ဆိုတော့ လူသိပ်မ၀င်တဲ့ အပြင် စာက ဖောင့်မရှိရင် လေးထောင့်တုံးပဲ မြင်ရတာဆိုတော့ လက်ရှိ 3 ကနေ တက်အောင် တော်တော် လုပ်ယူရပါလိမ့်မယ်။ Technorati rank ကိုလည်း 1 သိန်းအောက်ရောက်အောင် လုပ်ပါမယ်။

    5 - Adsense က အနည်းဆုံး 10 + အထက်ရအောင် ကြိုးစားပါမယ်။ တလကိုပြောတာ မဟုတ်ပါဘူး။ တစ်နှစ်လုံးစာကိုပြောတာပါ။ မြန်မာဘလောခ့်ဖတ်သူတွေက ရှားပါးတဲ့ အပြင် Adsense ကို နှိပ်လေ့မရှိကြတော့ တစ်နှစ်လုံးစာကိုမှ 10 + လောက်ပဲ မှန်းလို့ရမှာပါ။

    6 - 2008 အတွင်းမှာ Wordpress သုံးပြီး eng language သုံး ဘလောခ့်တစ်ခု ရအောင် ကြိုးစားပါမယ်။ လောလောဆယ်တော့ grammar တောင် မတတ်သေးပါ =D ။

    7 - ကိုယ်ပိုင် ဘလောခ့် template တစ်ခုလောက် ရေးနိုင်အောင် လေ့လာပါမယ်။ 2.0 ဆန်တဲ့ template တစ်ခု ကြိုးစား ဖန်တီးပါမယ်။

    8 - Blog reader တွေနဲ့ အပြန်အလှန်ဆက်သွယ်နိုင်အောင် ကြိုးစားပါမယ်။ resource တွေ၊ data တွေ အခြားအရာတွေ share လုပ်ပါမယ်။ Bookmarks တွေ Google Reader Items တွေလည်း အပြန်အလှန် ဝေမျှကြပါမယ်။

    9 - နောက်ဆုံး အချက်အနေနဲ့တော့ Blogosphere ထဲမှာ နွေးနွေးထွေးထွေးနဲ့ အပြန်အလှန် ကူညီရင်း ပျော်ရွှင်စွာ နေထိုင်ပါမယ်။

  • Poll For My Blog


  • AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font