Jerry C - Cannon Rock
ညဘက်လာတဲ့ ကိုရီးယားကားထဲက ချိုဝမ်ဆိုတဲ့ မင်းသမီးရဲ့ ဖုန်း ringtone သံကို သတိထားမိကြလား မသိဘူး။ အဲဒီ ringtone တေးသွားလေးက cannon rock လို့ခေါ်တဲ့ instrumental music လေးပါ။ ဒီ ringtone ကိုပဲ 5 series ကပြသွားတဲ့ ရွှေမင်းသားလေးရဲ့ အချစ်ဦး (First Love Of The Princes) ထဲက မင်းသမီးဖုန်းမှာလည်း သုံးထားပါသေးတယ်။ Cannon Rock က ကိုရီးယားမှာ popular ringtone လားမသိဘူး။ ဒီသီချင်းက မူရင်း Jerry C ရဲ့ သီချင်းပါ၊ Jerry C က တရုတ်က ဂစ်တာသမားပါ ဒီ Cannon Rock သီချင်းနဲ့ နာမည်ကြီးသွားတာပါ။ Youtube မှာ ရှာကြည့်တော့ ဒီသီချင်းကို ပြန်တီးထားတဲ့ ဂစ်တာသမားတွေရဲ့ ဗီဒီယိုတွေမှ အများကြီးပဲ။ ဒီသီချင်းnote ကြည့်တော့လည်း လွယ်သလားဆိုတော့ မလွယ်ပါဘူးဗျာ။ တော်တော် ကျင့်ယူရဦးမယ်။ Youtube မှာတော့ ကလေးတွေတောင် တီးနိုင်ကြတယ်။ သီချင်းရဲ့ တေးသွားနားထောင်ကြည့်တော့ သီချင်းက လွမ်းဖို့ကောင်းသလိုလို တမျိုးခံစားရတယ်။ instrumental ဂီတက တကယ်တော့ စာသားမပါပေမယ့် ဂီတတူရိယာတွေနဲ့ ခံစားချက်ကို ဖော်ပြနိုင်တဲ့ ဂီတပါပဲ။ တချို့ သီချင်းတွေက စိတ်ကြွစေတယ်၊ တချို့ကျတော့ တစ်ခုခုကို လွမ်းသလိုလို ခံစားရတယ်။ ကဲ cannon rock ကို မျက်လုံးလေးမှိတ်ပြီး ခံစားကြည့်ရအောင်။

Download Cannon Rock mp3
Download Cannon Rock Guitar Tab Notes
ဒါက Jerry C ရဲ့ ဗီဒီယိုပါ။
ဒါက ကိုရီးယားက တစ်ယောက်က ပြန်တီးထားတာပါ။ အဲဒီတစ်ယောက်လည်း Jerry C ရဲ့ Cannon Rock ကိုပဲ တီးပြီး ဗီဒီိယိုလေးနဲ့ Youtube မှာတင်လိုက်တာ လူကြည့်များ နာမည်ကျော်သွားပြီး CNN ကတောင် အင်တာဗျူးခဲ့ပါတယ်။

