Reaper's Death Notes

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် template ပြင်တဲ့ ကိစ္စကို ဒီနေ့ရပ်လိုက်ပြီး ဘလောခ့်လည်း ပြန်ဖွင့်လိုက်ပါပြီ။ စိတ်ထဲမှာ template ကို ထပ်ပြင်ဖို့စဉ်းစားထားပေမယ့်။ ဘလောခ့်ပိတ်ထားတာ အချိန်ကြာသွားမှာ စိုးလို့ ပြန်ဖွင့်လိုက်တာပါ။ အမှန်တော့ template က မပြီးသေးပါဘူး။ ပို့စ်ခေါက်တာတို့နောက် အခြား ဟာတွေလည်းပြင်ချင်ပါသေးတယ်။ web desing tutorial ဆိုဒ်တွေ သွားပြီး အဲဒီကဟာတွေ စမ်းရင် ပြသနာတက်လိုက် ပြင်လိုက် စမ်းလိုက်နဲ့ တပတ်လောက် ကြာသွားတာပါ။ ကုဒ်အကြောင်းဘာမှမသိတော့ ပြင်ရင်း ပြင်ရင်းခေါင်းတွေ မူးလာတာပဲ။ အခုပြောင်းလိုက်တဲ့ ဒီဇိုင်းက အရင် template ထက်တော့ loading time မြန်မှာပါ။ နောက် ဖတ်ရတာလည်း ရှင်းလိမ့်မယ်လို့ ထင်တယ်။ နောက်ခံအဖြူ ပြောင်းလိုက်တော့ ရှင်းမှာပါ။ template က Wordpress လို ဒီဇိုင်းမျိုးပါ Jack Book က ယူထားတာပါ။ ပြီးမှ နောက်ခံပုံတွေ အကုန် ပြန်ပြင်လိုက်တာပါ။ CBox ကိုလည်း sidebar မှာ မထားတော့ပဲ သတ်သတ် ခွဲထုတ်လိုက်ပါတယ်။ အပေါ်က CSS menu မှာ Chat Box ဆိုတာနှိပ်ရင် ရပါတယ်။


အရင်လို mp3 ပလေယာလည်း ထည့်မထားတော့ပါဘူး။ ဘယ်သူမှနားထောင်မှာ မဟုတ်လောက်ဖူးထင်လို့ပါ။ သီချင်းတင်ရင်လည်း ပို့စ်ထဲမှာပဲထည့်ထားပါမယ်။ နောက် အခြား ယူဇာတွေ မသုံးဘူးထင်တဲ့ widget တွေ ဖြုတ်ပစ်လိုက်ပါတယ်။ ၀င်ငွေလေးများရမလားဆိုပြီး Ads နည်းနည်း ထည့်ထားပါတယ်။ စိတ်ဝင်စားရင် ကလစ်နှိပ် အားပေး သွားနိုင်ပါတယ် =P ။ နောက် ပို့စ်တွေမှာ Rating လည်းထည့်ထားပါတယ်။ ကွန်မန့်မရေးတောင် Rating လေးတော့ လုပ်ပေးသွားကြဖို့ မေတ္တာရပ်ခံပါရစေ။ အစက Blog Catalog Recent Readers ပါထည့်ဖို့ စဉ်းစားပေမယ့်။ Blog Catalog က မြန်မာ ယူဇာက မရှိသလောက်နည်းလို့ မထည့်ဖြစ်တော့ဘူး။ နောက် categories ကိုလည်း ကျွန်တော် အရေးများတဲ့ အကြောင်းအရာတွေပဲ စီထားလိုက်တယ်။ လောလောဆယ်တော့ ကျွန်တော့် template မှာ အဲဒါတွေပဲ ထည့်ရပါသေးတယ်။ နောက် အားရင် အားသလို ကလိပါဦးမယ်။ တကယ်လို့ ကျွန်တော့်ဘလောခ့်လာတဲ့ အခါ ပုံမှန်မဟုတ်တာတွေ တွေ့ရင် ကျွန်တော်ကလိနေလို့ဆိုတာ သည်းခံပေးပါဦး။ အခုလောလောဆယ် template ကို ဘယ်လိုမြင်လည်း ဘာတွေလိုလည်း ပြောပေးသွားပါဦး။

AddThis Social Bookmark Button



Earn $$ with WidgetBucks!

RecentPosts

RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font