Linux Distribution Chooser




Linux ကို ကျွန်တော် အိမ်မှာတင်ပြီး သုံးချင်နေတာကြာပြီ အိမ်က HardDisk က ပြည့်နေတော့ ခုထိမစမ်းရသေးဘူး။ ဒါပေမယ့် အခု Hard Disk ၀ယ်တော့မှာဆိုတော့ Linux တွေထဲက ဘယ်ဟာ အကောင်းဆုံးဖြစ်မလဲလို့ အင်တာနက်မှာ လိုက်ရှာနေတာ ၂ ရက်လောက်ရှိပြီ။ လိုက်ရှာရင်းနဲ့ Ozzu ဆိုတဲ့ forum မှာ link တစ်ခု ညွှန်းထားတာတွေ့တာနဲ့ သွားစမ်းကြည့်လိုက်တယ်။ သူက ကိုယ်နဲ့ လိုက်ဖက်မယ့် version ကို မေးခွန်း ၁၅ ခုလောက်မေးပြီး အဖြေထုတ်ပေးတယ်။ အရင် ကျွန်တော်တို့စမ်းနေကြ Online Quiz တွေလိုပဲ။ စမ်းမယ်ဆိုရင်တော့ browser က java script နဲ့ cookie ကို enable လုပ်ပေးရပါမယ်။ အဖြေက ၄ ခုပြပေးပါတယ် အဲဒီထဲက နှစ်သက်ရာရွေးပေါ့ (Screen Shot ပါကြည့်လို့ ရပါတယ်)။ အပေါ်ကပြထားတဲ့ လိုဂို ၄ ခုက ကျွန်တော်နဲ့ အဆင်ပြေမယ့် Linux ၄ ခုပေါ့။ အခြားအနေနဲ့ ကျေးဇူးပြုပြီး ကျွန်တော်ကို Linux ထဲက အဆင်ပြေမယ့် version နဲ့ အခြား အတွေ့အကြုံလေးတွေကို ကွန်မန့်မှာရေးပေးခဲ့ကြပါဦး။ သူအဖြေထုတ်ပေးတဲ့ Distributions တွေထဲမှာ ဘာလို့လည်း မသိဘူး Red Hat မပါဘူး ခင်ဗျ။ ကျွန်တော်တို့ကျောင်းမှာ Red Hat နဲ့ သင်ပါတယ်။
Distributions included
Fedora Core 7
Mandriva 2008
OpenSuSE 10.3
Debian 4.0
(Simply-)MEPIS 6.0
Ubuntu, Kubuntu 7.10
Linspire 6
Freespire 2
Xandros 4
PCLinuxOS 2007
Gentoo 2007.1
Slackware 12
Arch Linux 2007.08
Foresight Linux 1.4.1

