Web 2.0 Master's Degree
Web 2.0 Master Degree ရဖို့ Quiz လေးတွေ ဖြေကြည့်ရအောင်ဗျာ။ အဲဒီမှာ အဆင့် ၃ မျိုးရှိပါတယ်။ Student, Bachelor, Master Degree ဆိုပြီး ရှိပါတယ်။ ကိုယ်အဖြေပေါ်မူတည်ပြီး အဖြေထွက်မှာပါ။ မေးခွန်းက ၁၀ ခုမေးတာပါ။ ကျွန်တော် ဖြေတာ Master Degree ရလာတယ်။ 10 ခုမှာ 9 ခုမှန်ပြီး 1 ခုမှားပါတယ်။ ပထမဆုံး တစ်ခုပေါ့မှားတာ။ မေးခွန်းတွေက တကယ်တန်းကြည့်ရင် လွယ်နေပါတယ်။ Icon ပုံတွေပြပြီးမေးတဲ့ မေးခွန်း (နံပါတ် 2 လားမသိ) ဟာဆိုရင် အသိသာကြီးပါ။ အမှန်က အခြား ဆင်တူရိုးမှား icon တွေ ထည့်သင့်တာပါ။ နောက် မေးခွန်း ၁၀ ခုထည်းက နည်းသလိုလိုပါပဲ။ လောလောဆယ်တော့ Degree က 2.0 ပဲရှိပါသေးတယ်။ နောက်မကြာခင်မှာ 3.0 ရှိလာမယ်ထင်ပါတယ်။

