Sony Ericsson PC Suite Update
Sony Ericsson ရဲ့ PC Suite Version 3.107.00 ကို Download လုပ်လို့ရပါပြီ။ Windows XP, Windows Vista (32 bit) မှာ အလုပ်လုပ်ပါတယ်။ အရင် Suite က Vista မှာ အလုပ်မလုပ်ပါဘူး။ အရင်တုန်းက စက်နဲ့ အဆင်မပြေရင် သီချင်းတွေ၊ ဂိမ်းတွေသွင်းပြီး ဖုန်းပြန်ဖြုတ်ရင် blue screen ကျတတ်ပါတယ် အခု version မှာ မဖြစ်တော့ပါဘူး။ အခု version ကအရင် Suite တွေနဲ့ ဒီဇိုင်းအများကြီးကွာပါတယ်။ ပိုလှလာတယ်။ အရင်ကလို My Computer အောက်မှာ Folder အနေနဲ့ မပြတော့ဘဲ။ Run တော့မှ သီးသန့် explorer နဲ့ပြပေးတာပါ။ Messages တွေ၊ ဓာတ်ပုံတွေ၊ Contacts တွေ Back up လုပ်ရတာ အရမ်းအဆင်ပြေပါတယ်။ Cyber Shot ဖုန်းတွေ အတွက် တိုက်ရိုက် ဓာတ်ပုံကို print ထုတ်လို့ ရပါတယ်။ Bluetooth, USB Cable, Infarred နဲ့ PC ကို ချိတ်ဆက်နိုင်ပါတယ်။

