4 Easy Ways To Fix Your LCD's Dead Pixles
LCD Monitor တွေမှာ ဖြစ်တတ်တဲ့ dead pixels ကိုပြင်တဲ့နည်းလေး တွေ့မိလို့ ပြန်ရေးလိုက်ပါတယ်။ အမှန်တော့ ကျွန်တော့်အိမ်က မော်နီတာက ရိုးရိုး CRT monitor မှာ စာလုံးတွေကြည့်ရတာ သေးရင်မမြင်ရလို့ ပြင်ဖို့နည်းရှာရင်းနဲ့ တွေ့တာက LCD ရဲ့ dead pixels ပြန်ပြင်တဲ့နည်းဖြစ်နေတယ်။ အိမ်က မော်နီတာက အဆင်မပြေတော့ဘူး ခပ်ဝါးပါးဖြစ်နေပြီ စာလုံးသေးရင်လည်းဖတ်မရတော့ဘူး အဓိကဖြစ်တာက ကျွန်တော် screensaver ကို အချိန်တိုးထားတာ များလို့ ကြာတော့ မော်နီတာထိသွားတာပါ။ နေနဲ့တော့ တိုက်ရိုက်မထိပေမယ့် အဲယားကွန်းဖွင့်လိုက် မီးအားကျရင်ပိတ်လိုက်ဆိုတော့ မော်နီတာက အကျင့်ပျက်ပြီး ၀ါးသွားတာထင်ပါတယ်။ ပြန်ပြင်လို့ရမလား မသိဘူး။ လောလောဆယ်တော့ LCD အတွက်ပဲရှာတွေ့တယ်။ Dead pixels တွေရှိနေရင် ဒီနည်းတွေထဲက တစ်ခုခုနဲ့ စမ်းကြည့်ကြပါဦး။
Fix Your LCD's Dead Pixels by LifeHacker | WikiHow
1. Turn off your computer.
2. Get yourself a damp cloth, so that you don't scratch your screen.
3. Apply pressure to the area where the dead pixel is. Do not put pressure anywhere else, as this may make more dead pixels.
4. While applying pressure, turn on your computer and screen.
5. Remove pressure and the dead pixel should be gone. This works as the liquid in the liquid crystal has not spread into each little pixel. This liquid is used with the backlight on your monitor, allowing different amounts of light through which give off different colours.
နောက်တစ်ခုက software အကူအညီနဲ့ ရှင်းတာ။ UDPixel 2.2 (Un Dead Pixel) ဆိုတဲ့ ဆော့ဝဲ အပေါ့လေးပါ။ Vista ပေါ်မှာပါ run လို့ရပါတယ်။ ဆိုဒ်ကသေးသေးလေးပါ။ freeware ပါ။ သူကို install လုပ် run လိုက်ရင် သူက ဆိုဒ် (5x5, 1x1) ရှိတဲ့ flesh pixel လေးတွေ screen ပေါ်မှာ ပေါ်လာတာပါ။ အဲဒီကောင်လေးတွေကို dead pixel ပေါ်နေရာရွေ့ပြီး ၁ နာရီလောက်တင်ပေးထားရုံပါပဲ။
နောက်တစ်နည်းကတော့ အပေါ်ကပုံစံမျိုးကို Video ဖိုင်နဲ့ run တာပါ။ ကိုယ်လိုချင်တဲ့ format အမျိုးအစားလိုက် ရနိုင်ပါတယ်။ JScreenfix ဆိုတဲ့ ဆိုဒ်မှာ ကြည့်နိုင်ပါတယ်။
နောက်ဆုံးနည်းကတော့ 120x120 လောက်ရှိတဲ့ Animated Gif ဖိုင်လေးကို run ခြင်းပါပဲ။ KillDeadPixel ဆိုတဲ့ ခေါ်ရမြန်တဲ့ဆိုဒ်လေးမှာ သူပေးထားတဲ့ လင့်လေးနှိပ်လိုက်ရင် full screen နဲ့ windows အသစ်တစ်ခုတက်လာပါတယ်။ အဲဒီမှာပါတဲ့ 120x120 လောက် လှိုင်းပုံစံ gif ကို drag ဆွဲပြီး dead pixel နေရာမှာ တစ်နာရီလောက်ထားလိုက်ရင် ရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။
Source Via : Life Hacker, WikiHow, Nordichardware, UDPixel, KillDeadPixel
