Scheduled Posts In Draft Blogger

Blogger က ဘလောခ့်တွေမှာ အခုပို့စ်တွေကို schedule ဆွဲပြီး တင်လို့ရပါပြီ။ ပို့စ်ကို ကျွန်တော်တို့ အရင်ရေးထားပြီး အဲဒီပို့စ်ကို ကိုယ်တင်ချင်တဲ့အချိန်၊ publish လုပ်ချင်တဲ့ အချိန်မှာ အလိုလျှောက် တင်ပြီးသားဖြစ်အောင် လုပ်နိုင်မှာပါ။ ဒီ အသစ် လုပ်ဆောင်နိုင်တဲ့ အချက်လေးကတော့ ဘလောခ့်ဂါတွေ အတွက် တကယ်ကို တကယ်ကို အသုံးတည့်မှာပါ။ ပြီးခဲ့တဲ့နေ့က ကျွန်တော်တင်ခဲ့တဲ့ LinkBunch ပို့စ်ကို အခု schedule feature နဲ့ တင်ခဲ့တာပါ။ အခုဒီ feature က Blogger In Draft မှာပဲ အလုပ်လုပ်ပါတယ်။ Blogger မှာ လုပ်လို့မရပါဘူး။

ဒီ ပို့စ်တွေကို အချိန်နဲ့ အလိုလျှောက်တင်အောင်လုပ်တာက Blogger In Draft မှာ အရင်ဝင်ပါပြီးရင် အဲဒီက ပို့စ်မှာ ကိုယ်ရေးချင်တာရေး ပြီးရင် သူ့အောက်မှာပါတဲ့ post option ဆိုတာလေးကို ကလစ်လုပ်ပါ။ Post Option မှာ ကျွန်တော်တို့ အချိန်ပြင်လို့ရပါတယ်။ အဲဒီမှာ ကိုယ့်ပို့စ်ကို အလိုလျှောက် publish ဖြစ်စေချင်တဲ့ အချိန်၊ ရက်၊ လ၊ နှစ် ကို ထည့်လိုက်ရုံပါပဲ။ ကိုယ်ထည့်လိုက်တဲ့ နှစ်၊ လ၊ ရက်၊ နာရီ ကိုရောက်ရင်တော့ ဘလောခ့်မှာ အလိုလျှောက်ပို့စ် တင်ပြီးသား ဖြစ်သွားမှာပါ။ အခု scheduled posts ကို Blogger In Draft မှာသာ လုပ်လို့ရပါတယ်။ Blogger မှာ လုပ်ရင် ချက်ချင်း ကိုယ်ထည့်ထားတဲ့ ရက်၊ နှစ်တွေနဲ့ ချက်ချင်း တက်လာပါတယ်။ အခု အသစ်ထည့်လိုက်တဲ့ feature လေးက ကျွန်တော့် အတွက်တော့ တကယ် အသုံးတည့်ပါတယ်။ ကိုယ်ခရီးသွားလို့ ဘလောခ့်မရေးနိုင်တဲ့ အခါမျိုးမှာ ဖြစ်ဖြစ် ဒီကောင်လေးကို သုံးပြီး reader တွေနဲ့ အဆက်မပြတ်အောင် နေလို့ရပါတယ်။ ဒီ feature အတွက်တော့ Blogger က အဖွဲ့သားတွေကို ကျေးဇူးအရမ်းတင်ပါတယ်။ မိတ်ဆွေတို့လည်း စမ်းကြည့်ကြပါဦး။

Via : Blogger In Draft

Technorati TagBlogger, Draft Blogger, Scheduled Posts, time, Blogging

AddThis Social Bookmark Button



Earn $$ with WidgetBucks!

RecentPosts

RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font