Shutdown Day 2008
ဒီနေ့မှ သတိရမိလို့ ဒီလ 24 ရက်နေ့က International Shutdown Day နေ့ပါ အရင်က ပို့စ်တင်ဖို့ပဲ မေ့နေလို့ 24 ရက်က မတင်လိုက်ရဘူး အခုမှ တင်လိုက်တယ်။ သူက နေ့တစ်နေ့လုံးကို ကွန်ပျူတာ မသုံးဘဲ နေနိုင်လားတဲ့ ဟုတ် ကျွန်တော်တော့ မနေနိုင်ဘူး ခင်ဗျ။ မီးလာရက်ဆိုရင်တော့ သုံးရလိမ့်မယ်။ မီးပျက်တဲ့နေ့တွေဆိုရင်တော့ တစ်နေ့လုံး မသုံးပဲနေနိုင်တာပေါ့ ခင်ဗျ။ မီးကတစ်နေကုန်ပျက်တာကိုး။ လေလောဆယ်တော့ ပို့စ်မတင်တာ ရက်နည်းနည်းကြာသွားလို့ ဒီနေ့ ကွန်ပျူတာသုံးပြီး ဘလော့ခ်ဆက်ရေးရတာပေါ့ ခင်ဗျ။ ဒီနေ့ ကျောင်းသွားထားရတော့ ခေါင်းတော့ နည်းနည်းမူးနေပါတယ်။ shutdown day နေ့ကို တချို့တွေက လက်ခံသလို တချို့တွေက ဆန့်ကျင်တဲ့ပို့စ်တွေ ရေးတာ ဘလောခ့်တွေမှာ မနှစ်ကကတည်းက တွေ့ခဲ့ရတယ်။ ကျွန်တော်ကတော့ ထောက်လည်း မထောက်ခံဘူး ဆန့်လည်း မဆန့်ကျင်ဘူး တချို့လူတွေ အတွက် တစ်ရက်လောက် ကွန်ပျူတာ မသုံးပဲ နေလို့ရသလို တချို့ တွေ အထူးသဖြင့် အလုပ်တွေမှာကျတော့ မသုံးပဲနေလို့ မရပြန်ဘူး။ ဒီ shutdown day ရဲ့ 2007 result လေးကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Shutdown Day အကြောင်း အပြည့်အစုံကိုတော့ Official Site မှာ ဖတ်ကြည့်လိုက်ပေါ့ ခင်ဗျာ။ ပျော်ရွှင်ပါစေ။
What began as an innocent question, fire-balled into a mammoth Internet chain reaction, drawing millions of viewers from across the world. Here is a summary of the results from the 2007 campaign:
* The Shutdown Day website received more than 1.5 million visitors in the one month of the campaign.
* Shutdown Day promotional clip was broadcast on YouTube and received more than 1.1 million hits
* 450,000 visitors signed up for country locator on Shutdown Day website
* The idea of Shutdown Day featured on more than 200,000 online forums discussions, and also in television interviews, and popular media.

