Showing posts with label Design. Show all posts
Showing posts with label Design. Show all posts

အတာသင်္ကြန်နှစ်သစ်မှာ ပျော်ရွှင်ပါစေ

နှစ်သစ်မှာ သူငယ်ချင်းအားလုံး ပျော်ရွှင်ပါစေ။
Happy New Year!!!






သင်္ကြန်တွင်းမှာတော့ ကျွန်တော် ပို့စ်အသစ်ရေးနိုင်တော့မှာ မဟုတ်ပါဘူး သင်္ကြန်ပြီးတာနဲ့ သင်္ကြန်တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ တင်ပေးပါမယ်။ ကျွန်တော့်ရဲ့ deviantArt မှာလည်း သင်္ကြန်အတွက် wallpaper တချို့ download လုပ်ယူနိုင်ပါတယ်။

AddThis Social Bookmark Button

Michael Amott's ESP Ninja-600 Guitar PSD file



Arch Enemy ရဲ့ Doomsday Machine က My Apocalypse သီချင်းနားထောင်ရင်း ဟိုတစ်နေ့ညက စိတ်ကူးရတာနဲ့ တစ်ခုစမ်းကြည့် ဖြစ်ခဲ့တယ်။ Arch Enemy က ဂစ်တာသမား Michael Amott ရဲ့ signature guitar ESP (Ltd) Ninja-600 ဂစ်တာကို photoshop နဲ့ လုပ်ကြည့်လိုက်တယ်။ အမှန်တော့ အဲဒီ ဂစ်တာက ကျွန်တော် အကြိုက်ဆုံး ဂစ်တာပါ။ အဲဒီ ဂစ်တာကို Michael Amott တစ်ယောက်ပဲ ကိုင်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ပုံစံက V shape မှာ frat ကွက်တွေမှာ Ninja တွေ ကိုင်တဲ့ Shuriken ကြယ်ပုံတွေပါပါတယ်။ ပြီးတော့ အခြား V shape ဂစ်တာတွေနဲ့ မတူပဲ ခေါင်းက PRS guitar လို ခေါင်းမျိုးနဲ့ Michael Amott လက်မှတ်ပါပါတယ်။ နောက် Seymour Duncan humbucker pick up နှစ်ခု ပါပါတယ်။ ဈေးက 1500 လောက်ရှိပါတယ်။ ဒီဘ၀မှာ စောမသေရင်တော့ ၀ယ်ဖြစ်လောက်မှာပါ။

Original ESP Ninja-600 Guitar



မဆိုင်တာတွေတော့ တော်တော်ပြောပြီးသွားပြီး ဆိုင်တာ ဆက်ပြောပါမယ်။ ဒီ ဂစ်တာပုံ psd မှာ သုံးထားတာက pen tool, gradient, blending option အဲဒီ ၃ ခုပဲ သုံးထားတာပါ။ အရောင်အားလုံးကို gradient နဲ့ သုံးထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ရဲ့ လက်တွေ့ ဘ၀တွေမှာ အရာ ၀ထ္ထုတွေမှာ အရောင်က solid color ဖြစ်မနေလို့ပါပဲ။ ကျွန်တော်တို့က ထင်မယ် ကားတစ်စင်း ထားပါတော့ အနက်ရောင် ကား အဲဒါကို ကျွန်တော်တို့ မျက်စိနဲ့ မြင်တယ် သေသေချာချာ ကြည့်ကြည့်လိုက်ပါ အနက်ရောင်ကို solid color လို့ တရောင်တည်း တပြေးညီ မြင်ရပါသလား။ မဟုတ်ပါဘူး အလင်းရိုက်တဲ့ နေရာတွေမှာ အနက်ကို အရောင်တစ်မျိုး အလင်းမှောင်တဲ့ နေရာမှာ အနက်က အရောင်တစ်မျိုး gradient အနေနဲ့ မြင်နေရတာပါပဲ။ ပြီးတော့ ကျွန်တော်တို့တွေ တခါမှ မမြင်ဖူးတဲ့ အရာတစ်ခုကို မြင်လိုက်တယ်ဆိုပါဆို မကိုင်ပဲနဲ့ သူ့ရဲ့ ထုထည်ပုံကို သိကြတယ် ဘာဖြစ်လို့ပါလဲ။ ကျွန်တော်တို့ မျက်လုံးထဲကို လာမြင်ရတာ တကယ်တော့ အဲဒီ အရာ ၀ထ္ထုမဟုတ်ပါဘူး သူ့ရဲ့ အဆင်းကိုပဲ မြင်တာပါ အဲဒီ ၀ထ္ထုကို မျက်လုံးထဲ ရောက်လာတယ် ထင်တယ်ဆိုရင်တော့ မျက်လုံးကန်းဖို့ပဲရှိမှာပေါ့ ခင်ဗျ။ ထုထည်ပုံကိုကြတော့ သူ့ရဲ့ အရိပ် အလင်း အမှောင်၊ grad color ကို မျက်လုံးခွဲခြားလိုက်ပြီး ဦးနှောက်က ထုထည်ပုံ သဏ္ဏန်ကို ပုံဖော်ယူလိုက်တာပါ။ တကယ်တော့ ဒီ သဘောတရားတွေကို ကျွန်တော်သိခဲ့တာ design ပညာရပ်က မဟုတ်ပါဘူး။ ဆရာတော် ဦးသုမင်္ဂလ တရားခွေထဲမှာ နာမိရင်း စပ်စပ်စဉ်းစားကြည့်တာပါ။ ဒါကြောင့် ကျွန်တော် အခု ဂစ်တာပုံမှာ အားလုံးကို solid မသုံးဘဲ နဲနဲလောက်ဖြစ်ဖြစ် ကွဲလွဲတဲ့ gradient တွေသာသုံးပါတယ်။ နောက် layer တွေ များစွာနဲ့ ပုံဖော်ယူထားပါတယ်။ အမှန်တော့ ဒီလို အကြောင်းအရာတွေကို tutorial သဘောမျိုးရေးချင်ပေမယ့် ကျွန်တော်ကိုယ်တိုင်က ဘာမှမသိတော့ ပုံဖော်ရာမှာ လိုအပ်တဲ့ အိုင်ဒီယာမျိုး လောက်သာရေးပေးနိုင်ပါတယ်။ နောက် ပြီးတော့ ကျွန်တော့် ဒီဇိုင်းပုံကို ဘယ်လိုလုပ်ထားသလဲ blending option မှာဘာတွေ သုံးထားသလဲ သိနိုင်အောင် .psd ဖိုင်ပါ share ပေးထားပါတယ်။ လေယာတွေအတော်များများ သုံးရတာဖြစ်လို့ တချို့ (ဂစ်တာ frat ) တွေလို layer တွေမှာ နာမည်မရေးနိုင်တော့တာကို တော့ နားလည်ပေးပါ။ နောက် ဒီဇိုင်းနဲ့ပဲ အဖြူရောင် နောက်ခံ wallpapers တွေလုပ်ကြည့်ဖြစ်ပါသေးတယ်။ နှစ်သက်ရင် download လုပ်ယူနိုင်ပါတယ်။ ပျော်ရွှင်ပါစေ။




Download Wallpapers Set


Wallpapers Size :
800x600
1024x768
1280x1024
1280x800
1280x720



Related Posts & Links
  • Arch Enemy - Doomsday Machine Album Download (2005)
    Arch Enemy - Rise Of Tyrants (2007 - latest album)

    Video Of Michael Amott's ESP Ninja Guitar


    Official Arch Enemy Site
    Official ESP Guitars Site
    Michael Amott (Arch Enemy)

    Technorati TagArch Enemy, Wallpapers, Michael Amott, ESP Guitars, My Apocalypse, ESP Ninja PSD File, Resource, High Quality Guitar Wallpapers

  • AddThis Social Bookmark Button

    Happy New Day Wallpaper


    Happy New Day Wallpaper by ~tayzar44 on deviantART


    ဟိုတစ်နေ့ညက ညဘက်မီးလာရက်မို့ မီးလာတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာနဲ့ စိတ်ထဲမှာ photoshop မှာ ဘာပုံလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ အခုတပ်ထားတဲ့ banner လိုမျိုး ကွင်းပြင်နဲ့ သစ်ပင် တစ်ပင်နဲ့ ပုံစံမျိုးကို စဉ်းစားမိတယ်။ ပြီးတော့ နောက်ထပ် ဘာတွေထည့်မလည်း စဉ်းစားရင်းနဲ့ တစ်ခုခု အသစ်စမ်းကြည့်ချင်တယ် ပြီးတော့ ကာလာလှလှလေးတွေနဲ့ ပုံစံမျိုးကို စဉ်းစားကြည့်ရင်းနဲ့ အခု ဒီ wallpaper ကို ဆွဲလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီပုံကို အရမ်းကြိုက်တယ် ကိုယ့်ဘာသာလုပ်ပြီး ကိုယ့်ဘာသာ ကြိုက်နေတာပါ =) ။ သူ့ရဲ့ shape လေးတွေနဲ့ နောက် ကြယ်လို တောက်နေတဲ့ အရာလေးတွေနဲ့ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ရတယ်။ ဆိုဒ်က ဒီတစ်ခုကို စလုပ်ကတည်းက 3000x2100 (high resolution) နဲ့လုပ်ထားလိုက်တာ။ အမှန်တော့ Print ထုတ်ပြီး ရောင်းပြီး ပိုက်ပိုက်ရအောင်လို့ စမ်းကြည့်တာပါ။ နှစ်သက်ရင် Print ထုတ်ပြီး ကျွန်တော့်ပုံလေးကို အားပေးနိုင်ပါတယ်။ Desktop မှာလည်း သုံးနိုင်ပါတယ်။ ဒီပုံလေးတင်လိုက်တာ တင်တင်ခြင်း ပထမဆုံး ၁ မိနစ်တောင် မပြည့်ခင် fav 2 ခုနဲ့ view 10 တန်းရလိုက်လို့ တော်တော်ပျော်ပါတယ်။ ပထမဆုံး အမှတ်တရပါပဲ။ အချိန်အားခဲ့ရင် ကျွန်တော့်ရဲ့ Deviantart က Gallery ကို Firefox Addon Piclens (About Piclens @ MBlogger)လေးနဲ့ ဖြစ်ဖြစ် လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။

    Technorati TagWallpaper, Colorfull Wallpaper, High Resolution, Deviantart

    AddThis Social Bookmark Button

    20 Free Glossy Web 2.0 Badges And Stickers



    Banner တွေ ဆိုဒ်ဘားတွေမှာ အလွယ်တကူ ထည့်နိုင်တဲ့ web 2.0 glossy Badges လေးတွေပါ။ ဖိုတိုရှော့ထဲမှာ ဖြစ်ဖြစ် စာသားနဲ့တွဲပြီး ဘလောခ့်ကို အလှဆင်နိုင်ပါတယ်။

  • Download Glossy Badges

    Technorati TagWeb 2.0, Web 2.0 Badges, Glossy Vector

  • AddThis Social Bookmark Button

    Metallic Claw Wallpaper


    Click To Get High Resolution Wallpaper


    Metallic Claw ပုံလေးနဲ့ wallpaper လေးတစ်ခု လုပ်ကြည့်ဖြစ်တယ်။ ဒီဇိုင်းက အရင်တုန်းက tutorial ဆိုဒ်တစ်ခုက ကူးလာတာကို အဲဒီဟာလေးနဲ့ metallic ပုံစံမျိုးလုပ်ထားတာ PSD TUTS က tutorial ပုံမျိုးလုပ်ကြည့်တာပါ။ အစက အဲဒီ ကျားလက်သည်းပုံလေးနဲ့ တင်ရပ်မလို့ ပြီးတော့မှ motherboard design ကြည့်ရင်းနဲ့ ပြဲသွားတဲ့ပုံလေး ဆက်လုပ်ကြည့်တာ။ MSI ရဲ့ P35 Platinum, Neo, Neo2 ဘူးခွံပေါ်က ဒီဇိုင်းမျိုးပေါ့။ အပြဲပုံစံက အမှန်တော့ ဆက်လုပ်ရမှာ အပြဲပိုင်းလေး အတွန့်လေးတွေထည့်ရဦးမှာ မထည့်တတ်တော့ ဒီအတိုင်းပဲထားလိုက်တယ်။ ဒီအတိုင်းလည်း တော်တော်လှတယ်ဗျ wallpaper လုပ်ပြီး သုံးကြည့်တာ တော်တော်လှတယ်။ ကိုယ်လုပ်တာ ဆိုတော့ လှတယ်ပြောရတာပေါ့ =) ။ သုံးထားတဲ့ tools က custom shape, rounded ractangle, pen tool ရယ် သုံးမျိုးပါပဲ။ Wallpaper ဆိုဒ်က 1280 x 960 ပါ။ ကျွန်တော်လုပ်ထားတဲ့ metallic ရဲ့ blending mode မှာ ကာလာသုံးပုံ ကြည့်လို့ရအောင် .psd file ပါတင်ထားပါတယ်။ စမ်းကြည့်ကြပါဦး။ ကျွန်တော်လို photoshop မသင်ဖူးတဲ့ ကောင်တောင်လုပ်တတ်ရင် မိတ်ဆွေလုပ်မယ်ဆိုရင် ပိုလှမှာပါ။ Deviantart မှာ psd file တင်ထားပါတယ် (အောက်မှာလင့်ပေးထားပါတယ်)။ အဲဒီမှာ ဘယ်ဘက်မှာ download ကနေ zip ဖိုင် download လုပ်ပြီးယူနိုင်ပါတယ် ခင်ဗျာ။

  • Download Metallic Claw Wallpaper PSD file

    Technorati TagAdobe, Deviantart, Wallpaper, PSD, Photoshop

  • AddThis Social Bookmark Button

    Pimp My Ride Inspiration


    Blog banner ဆိုအငြိမ်မနေတတ်တဲ့ ကျွန်တော် ခဏခဏပြောင်းနေခဲ့တာ ပြီးခဲ့တဲ့ တစ်ခေါက်ပြောင်းတောင်းက Need For Speed (Pro Street) Style banner ဒီဇိုင်းလေး လုပ်ခဲ့သေးတယ်။ အဲဒီတုန်းကမှားသွားတယ် သေသေချာချာလည်းမကြည့်ခဲ့မိဘူး နောက် ဘလော့ခ်မှာထည့်မည့် နောက်ခံအေ၇ာင်ကိုလည်း ထည့်မစဉ်းစားခဲ့ဘူး အဲဒီမှာ ပြောင်းလည်းပြောင်းလိုက်ရော စပြီးပြသနာဖြစ်တာပဲ။ အိမ်က မော်နီတာက မကောင်းတော့ သေသေချာချာမကြည့်လိုက်မိဘူး ကျွန်တော်ထည့်ထားတဲ့ Pro Street Style Vector Shape တွေမှာ resolution နိမ့်နေပြီး အစွန်းတွေ မညီဘူးဖြစ်နေခဲ့တယ်။ အိမ်မှတုန်းက အဲဒါကို သတိမထားမိဘူး။ ပြီးတော့ လုပ်လိုက်တဲ့ နောက်ခံအရောင်ကလည်း မလိုက်တော့ ကြည့်ရတော်တော် ဆိုးသွားတယ်။ ပြင်ဖို့ကလည်း ချက်ချင်းမဖြစ်နိုင်တာနဲ့ နှစ်ရက်လောက်တော့ ဘလောခ့်မှာ အဲဒီ ဘန်နာနဲ့ပဲထားလိုက်တယ်။




    အဲဒီမှာ အကြံရတာက မှားသွားတဲ့ ဘန်နာက ကားပုံလေးကိုကြိုက်သွားတယ်။ ဒါနဲ့စဉ်းစားရင်းနဲ့ Pimp My Ride လို logo နဲ့ ကားပုံလေးနဲ့လုပ်ဖို့ အိုင်ဒီယာ ရတာနဲ့ ပထမဆုံး font လိုက်ရှာတယ်။ တွေ့ပါတယ် Banana font တဲ့ လုံးဝ Pimp My Ride အချိုးအတိုင်းပဲ။ နောက်လိုချင်တဲ့ကားပုံ အင်းဒါကလည်း ဟိုးအရင် dA က download လုပ်ထားတဲ့ csh ဖိုင် Mustang GT600 ကားပုံလေးရှိတယ်။ သိတယ်မဟုတ်လား Nicolas Cage 15 Minutes ထဲမှာ သူနောက်ဆုံး တံတားပေါ်ကကျော်ပြီး မောင်းတဲ့ကား။ ပြီးတော့ Photoshop ထဲမှာပဲ အဲဒီကောင်ဆွဲလိုက်တယ်။ နောက် ကာလာချယ်လိုက်တယ်။ ကာလာချယ်တားမှားသွားတယ် ရှေ့ဆုံးဘီးလုံးမှာ အလင်းထည့်ထားတာ နဲနဲလေးလွဲနေတော့ ရုတ်တရက်ကြည့်ရင်ကားက ကွေ့တော့မယ့်ပုံမျိုး ပေါက်သွားတယ်။ ဒီအတိုင်းပဲထားလိုက်တယ် စတိုင်ပေါ့ဗျာ (အမှန်ကမပြင်တတ်လို့)။ နောက် ကားတံခါးမှာ Arch Enemy လိုဂိုနဲ့ ဆင်တူတဲ့ flame design တစ်ခုလည်းထည့်လိုက်တယ်။ နောက် မီးလင်းပေးလိုက်တယ်ဗျာ။ နောက်တော့ မျှားပုံတွေ နောက်ခံထည့်လိုက်တယ်။ ဒါပါပဲ။ ဖြစ်နိုင်ရင်တော့ Illustrator နဲ့ Vector ပုံ ဒီဇိုင်းမျိုးလုပ်ချင်တာပါ။ ခက်တာက မသုံးတတ်တော့။ သိတဲ့ဟာနဲ့ပဲ အလွယ်လျှောက်လုပ်လိုက်တာပါ။ စာသားတွေကိုတော့ အကျင့်အတိုင်း stroke, outer glow, gradient နဲ့ပဲလုပ်ပစ်လိုက်တယ်။ ကျွန်တော့် ဘန်နာ အသစ်အကြောင်းကတော့ အဲဒါပါပဲ ခင်ဗျ =) နောက်မကြာခင် နောက်တစ်ခုထပ်လဲလိုက်ဦးမယ်။

    Technorati TagBlog Banner, Need For Speed Pro Street, Banner

    AddThis Social Bookmark Button

    Windows Vista Logo


    ဟိုတနေ့က သီချင်းနားထောင်ရင်းနဲ့ Windows Media Player 11 က Play button လေးကိုကြည့်ရင်း စမ်းကြည့်ချင်တာနဲ့ photoshop နဲ့ Windows Vista ရဲ့ 64 bit logo အ၀ိုင်းလေး ဆွဲကြည့်လိုက်တယ်။ သိပ်တော့မတူဘူးဗျ။ လိုတောလိုသေးတာပေါ့ အခု ကျွန်တော် လုပ်တုန်းက .psd (photoshop) ဖိုင်လေးပါ တင်ပေးထားပါတယ်။ ကိုယ်နှစ်သက်ရာ စာသား၊ လိုဂိုထည့်ပြီး ဘလောခ့်မှာ ဖြစ်ဖြစ်သုံးကြည့်ပေါ့ ခင်ဗျ။ Microsoft ရဲ့ မူပိုင် လိုဂိုဆိုတော့ Commercial တော့ သုံးလို့ မရဘူးခင်ဗျ။ ကျွန်တော်ဆွဲတာက စက်ဝိုင်းပုံနဲ့ solid color ပုံ အရင်ဆွဲပြီးမှ gradient သုံးပြီး layer တွေထပ်ထပ်သွားတာ။ Gloss ကိုလည်း မူရင်း လိုဂိုပုံ မလုပ်ပဲ တစ်ခြမ်းဖြတ်ထားလိုက်တယ်။ မကျွမ်းကျင်သေးတဲ့ အတွက်ပုံက မပြည့်စုံသေးပါဘူး။

  • Download Windows Logo PSD

    Technorati TagVista, Windows Vista, Microsoft, Photoshop

  • AddThis Social Bookmark Button

    2007 Adobe Design Achievement Award Winners

    2007 Adobe Design Achievement Award Winners ပုံတွေထဲက Digital Illustration Winner ဆုရပုံတွေတင်လိုက်ပါတယ်။ အခြားဆုရပုံတွေ အများကြီးလည်း Adobe မှာ ကြည့်လို့ရပါတယ်။ အဲဒီထဲကမှ ဒီပုံတွေကို သဘောအကျဆုံးမို့တင်လိုက်တာပါ။ ဒီဇိုင်နာက ဒီပုံအားလုံးကို Adobe® Illustrator® တမျိုးထဲနဲ့ ဆွဲထားတာပါတဲ့။ ကျွန်တော်လည်း Adobe® Illustrator® ကိုစိတ်ဝင်စားပါတယ်။ အဓိကကတော့ Vector ကိုစိတ်ဝင်စားတာပါ။ ဒီပုံတွေကြည့်လိုက်တော့ ပိုပြီးစိတ်ပါလာတယ်။ လောလောဆယ် Photoshop တောင် အခုမှစသင်ရမှာဆိုတော့ ဘာမှမတတ်သေးဘူး။

    Digital Illustration: Winner
    Jörg Block
    Hamburg University of Applied Sciences
    Research Calendar of the Hamburg University of Applied Sciences 2008

    ဒါက ဒီဇိုင်နာရဲ့ tool အသုံးပြုပုံပါ။ Pro ဆိုတာ သူသုံးတဲ့ tool တွေနဲ့သိနိုင်ပါတယ်။
    Tools used
    I started by researching the featured subjects. I created pencil-and-paper sketches and converted the sketches to vector art in Adobe® Illustrator®. I created all the forms using the rectangle and ellipse shapes, the pencil tools, or by combining shapes with the Pathfinder. I defined colors with CMYK values and built a color library. My illustrations feature pure color surfaces, linear and radial gradients, adjustment objects, transparencies, and various fill methods.

  • 2007 Adobe Design Achievement Award winners
  • 2007 Adobe Digital Illustration Award winners
  • 2007 Adobe Digital Illustration Award winner's Gallary






    Technorati TagAdobe, Adobe Illustrator, 2007 Adobe Design Winners, Vector, Awesome Vector, Photography, Vector Art, Digital Vector, Sketch

  • AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font