Showing posts with label Movie. Show all posts
Showing posts with label Movie. Show all posts

American Pie - Beta House

Nothing!! Just Information =) New American Pie Series Beta House will release in 12/23 =P. But I never heard of any bands from Beta House Soundtrack.


Technorati TagAmerican Pie, Beta House, Funny Movie

AddThis Social Bookmark Button

Transformers


Download Transformers Wallpaper

Transformers ဆိုတဲ့ စက်ရုပ် ဇာတ်ကားကို ဒီတပတ်ကစပြီး နေပြည်တော်ရုံမှာ စတင် ပါတော့မယ်။ အဲဒီကားက ကြည့်ချင်နေတာ ကြာပါပြီ အခု ရုံတင်တာတော်တော် နောက်ကျနေပြီ။ နိုင်ငံခြားရုံတင်ရက်နဲ့ သိပ်မကွာလှပါဘူး =) နိုင်ငံခြားမှာ 7 လပိုင်း 2 ရက်နေ့က ရုံတင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခု 9 လပိုင်း တတိယ အပတ်မှာစရုံတင်ပါတယ်။ ဒီကားရဲ့ ဇာတ်ကား ကြော်ငြာကြည့်ကတည်းက ကြည့်ချင်နေခဲ့တာ အပြင်မှာ DVD 8 ခွေ တွဲတွေမှာပါပေမယ့်လည်း ရုံတင်မှကြည့်မယ်ဆိုပြီး အခုထက်ထိမကြည့်ခဲ့ဘူး။ ရုံမှာ ကြည့်ရတာပိုကောင်းမယ် ထင်လို့။ တင်မလားလို့စောင့်နေခဲ့တာ အခုတော့တင်ပြီ မနက်ဖြန်ပဲသွားကြည့်မယ်။ လိုက်ကြမလား။

  • Transformers Movie
  • Download Transformers Soundtrack

  • AddThis Social Bookmark Button

    Transformers Soundtrack

    Image Hosted by ImageShack.us


    Transformers ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းကောင်းလေးတွေ download လုပ်ရအောင်။ သီချင်းတွေ အားလုံးကောင်းတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ Goo Goo Dolls ရဲ့ Before It's Too Late သီချင်းပဲ။ အောက်မှာ ဗီဒီယိုတင်ထားပါတယ်။ နားထောင်ကြည့်ပါဦး။

  • Download Album


    Before Its Too Late

    Add to My Profile | More Videos.


    Technorati Tags: , , , , , ,

  • AddThis Social Bookmark Button

    What is it good for Absolutely Nothing


    Rush Hour 3


    မနက်ဖြန် Rush Hour 3 သွားကြည့်မယ်။ မနက်ဖြန် နေပြည်တော်မှာ ၇ုံတင်မယ်။ ဒီကားကြည့်ချင်နေတာ ကြာလှပြီ။ နိုင်ငံခြားမှာ August မှာ ကတည်းကစတင်တာ ဒီမှာ မနက်ဖြန် Sep 7 မှ စတင်မှာ တစ်လလောက်တောင်ကွာတယ်။ ဆိုးတော့မဆိုးပါဘူး အရင်ကထက်စာရင်။ Official Rush Hour 3 site ကိုလည်းသွားကြည့်ပါဦး အဲဒီမှာ Wallpaper တွေ Moblie Ringtone တွေ Email Signature တွေ ရှိတယ်။ မိုက်တယ်။ မနက်ဖြန် စောစောသွားမှ မှောင်ခိုမမိမှာ။ သွားကြည့်မယ်ဗျာ သီချင်းလေးဆိုပြီးတော့။
    "Wooh!! Waah!! What is it good for Absolutely Nothing"
    "Wooh!! Waah!! What is it good for Absolutely Nothing"


    Technorati Tags: , , ,

    AddThis Social Bookmark Button

    Transformers ( 7.3.7 )








    Transformers (2007) - The most amazing bloopers are here

    အရမ်းမိုက်တဲ့ ဇာတ်ကား အသစ် တစ်ကား ဟိုအရင်တနေ့ က ကြော်ငြာ ကြည့်လိုက် ရတယ်။ Metacafe မှာ ကြည့်လိုက်ရတာ။ ဇာတ်ကာနာမည်က Transformers တဲ့။ ရုံတင်မယ့်ရက်ကို ကြော်ငြာထဲမှာ ပြထားတာ 7.4.7 ပါတဲ့။ ဒါပေမယ့် တကယ့် official site သွားကြည့်လိုက်တော့ 7.3.7 ဖြစ်နေတယ်။ နောက်မှ ရက်ချိန်းလိုက်တာ ဖြစ်မယ်။ ဒီကားက အရင် ကျွန်တော် ငယ်ငယ်တုန်းက ကြည့်ခဲ့တာ ကာတွန်းကား ဂျပန်က ဆွဲထားတာ။ အရမ်းမိုက်တယ်။ အရင် အဲဒီ အရုပ်လေးတွေ ရောင်းတုန်းက တစ်ရုပ်ဝယ်ရင် ဗူးထဲမှာ အဲဒီ စက်ရုပ် ကာတွန်း vcd ခွေလေး တစ်ခွေပါတယ်။ အခု အဲဒီ ဂျပန်ကာတွန်းကို Hollywood ကနေ ရိုက်ထားတာ။ ကြော်ငြာ ကြည့်တာနဲ့တင်ကို ကြိုက်သွားတယ်။ ကြော်ငြာမှာ surround နဲ့ အသံက ရေလယ်မိုက်တယ်။ ဒါရိုက်တာက Michael Bay တဲ့။ Pearl Harbor ရိုက်တဲ့ ဒါရိုက်တာ။ Paramount နဲ့ Dream Works က Animation ဆွဲပြီး ပေါင်းထုတ်တာ။


    ကြော်ငြာထဲက background music က Linkin Park ရဲ့ Minute To Midnight ထဲက What've I Done? သီချင်းနဲ့။ ဇာတ်ကား ထဲက စက်ရုပ် တွေက အရင် ကာတွန်းက စက်ရုပ်တွေနဲ့ မတူတော့ဘူး။ အရင် ကာတွန်းကို ဇာတ်ကား ကျောရိုးနဲ့ ဇာတ်ကောင် တွေရဲ့ ပုံစံလောက်ပဲ ယူဆွဲထားတာ။ ဒါပေမယ့် graphic ဆွဲထားတာ အ၇မ်းမိုက်တယ်။ စက်ရုပ်တွေက PS1, PS2 ဂိမ်းတွေက Front Mission ဂိမ်းထဲက စက်ရုပ်တွေ နဲ့ ပိုတူတယ်ဗျ။ ဒီမှာ ရုံတင်ဖို့ကတော့ ကြာဦးမယ်ထင်တယ်။ ဒါပေမယ့် နိုင်ငံခြားမှာ ပြရင် ဒီမှာ ရုံထဲမှာ ခိုးကူးထားတဲ့ ၀ါးတားတား အခွေတွေ တော့ ထွက်မှာပဲ။ ထွက်လည်း မကြည့်တော့ဘူး DVD အကြည်ထွက်မှပဲ ကြည့်တော့မယ်ဗျာ။

    Technorati tags:
    , , , , , , , , , , , , , , , ,

    AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font