What is it good for Absolutely Nothing


Rush Hour 3


မနက်ဖြန် Rush Hour 3 သွားကြည့်မယ်။ မနက်ဖြန် နေပြည်တော်မှာ ၇ုံတင်မယ်။ ဒီကားကြည့်ချင်နေတာ ကြာလှပြီ။ နိုင်ငံခြားမှာ August မှာ ကတည်းကစတင်တာ ဒီမှာ မနက်ဖြန် Sep 7 မှ စတင်မှာ တစ်လလောက်တောင်ကွာတယ်။ ဆိုးတော့မဆိုးပါဘူး အရင်ကထက်စာရင်။ Official Rush Hour 3 site ကိုလည်းသွားကြည့်ပါဦး အဲဒီမှာ Wallpaper တွေ Moblie Ringtone တွေ Email Signature တွေ ရှိတယ်။ မိုက်တယ်။ မနက်ဖြန် စောစောသွားမှ မှောင်ခိုမမိမှာ။ သွားကြည့်မယ်ဗျာ သီချင်းလေးဆိုပြီးတော့။
"Wooh!! Waah!! What is it good for Absolutely Nothing"
"Wooh!! Waah!! What is it good for Absolutely Nothing"


Technorati Tags: , , ,

AddThis Social Bookmark Button

Create Your Own Customized Legal Notic At Windows Startup

ဒီနည်းကို သုံးလို့သင့် ကွန်ပျူတာက မြန်လာမှာတော့ မဟုတ်ပါဘူး ဒါပေမယ့် သင့် ကွန်ပျူတာလာရောက် အသုံးပြုသူကို သင်ပြောချင်တဲ့ အကြောင်းအရာ သို့မဟုတ် သင့်ရဲ့ အရေးကြီး ကွန်ပျူတာ ဒေတာတွေကို ပြောင်းလဲမပစ်ဖို့ သတိပေးထားနိုင်ပါတယ်။ ဒီလို Windows Run က regedit နဲ့ ပြုပြင်ဖို့ Registry ကို အရင်ဖွင့်ပါ။ နောက် HKEY_LOCAL_MACHINE\SOFTWARE\Microsoft NT\CurrentVersion\Winlogon ကနေ ညဘက်မှာရှိတဲ့ panel မှာ legalnoticecaption နဲ့ legalnoticetext ဆိုပြီး ရှိပါတယ်။ အဲဒီက legalnoticecaption မှာ ကလစ်နှိပ်ပြီး သင်ပြောချင်တဲ့ message ကို ရိုက်ထည့်ထားနိုင်ပါတယ်။ ဒါဆိုရင် နောက်သင့်ကွန်ပျူတာဖွင့်တိုင်းမှာ စက် boot တက်ပြီး user account (log in မ၀င်ခင်)မရွေးခင် အချိန်မှာ သင်ရိုက်ထားတဲ့ message ကို Popup Windows Caption အနေနဲ့ မြင်ရမှာပါ။

Technorati Tags: , , ,

AddThis Social Bookmark Button

Making Flash Menu Bar

တစ်ရက်က ကိုသားဖြူ က သူ့ရဲ့ မိုးကုတ်မီဒီယာ အတွက် ကျွန်တော့် ဘလော့ခ်ကလို menu bar လုပ်ချင်လို့ ပါဆိုပြီး cbox မှာ လာအော်သွားပါတယ်။ ဒါနဲ့ ဒီပို့စ်ကို ရေးဖြစ်တာပါ။ ကျွန်တော် ဘလော့ခ်က menu bar ကို flash နဲ့ လုပ်ထားတာပါ။ အမှန်တော့ ကျွန်တော်က flash ကို မကျွမ်းပါဘူး။ ဒီလို့ပဲ menu bar လေး လုပ်ချင်လို့ အင်တာနက်မှာ လျှောက်ရှာရင်း ရလာတဲ့ ဆော့ဝဲလေးနဲ့ လုပ်ထားတာပါ။ ဆော့ဝဲက ယူဇာအတွက် အရမ်းကိုလွယ်ပါတယ်။ ဘာ flash အခြေခံမှ သိစရာမလိုပါဘူး။ အဲဒီ ဆော့ဝဲက Script Ocean က Horizontal Flash Menu Wizard v2.0 နဲ့ လုပ်ထားတာပါ။ အခု menu bar လုပ်ဖို့ အဲဒီ software ကို အရင်ဆုံး Download ချပါ။ Trial Version ရမှာပါ။ အဲဒီ trial version ကို ဒီ serial key နဲ့ register လုပ်ပါ။ S/N h84g39pm278k ဒါဆို စလုပ်လို့ရပါပြီ။


ပထမဆုံး software ကို စဖွင့်ပြီး အဲဒီမှာ ပေးထားတဲ့ template ၄ ခုထဲက ကြိုက်ရာ တစ်ခုရွေးလိုက်ပါ။
နောက် page မှာ flash size တွေ mouse over တွေ ဘက်ဂရောင်း ကာလာတွေ ရွေးပါ။
နောက် font ရွေးပါ။
button လုပ်ဖို့ page ရောက်ရင်တော့ button ရဲ့ စာသားနဲ့ link, နောက် target frame, button Width ရွေးပါ။ target frame မှာ _self ဆိုရင် user လက်ရှိဖွင့်ထားတဲ့ browser Windows ကပဲ လင့်ကိုသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီမှာ _blank သုံးပါတယ်။ _blank သုံးရင်တော့ ကလစ်လုပ်တဲ့ လင့်ကို နောက်ထပ် browser Windows တစ်ခုနဲ့ လာပြပေးမှာပါ။ နဂို page က ပြောင်းမှာမဟုတ်ပါဘူး။
နောက် Menu Item Color တွေ Sub Menu Item Color တွေ ချိန်ပါ။ အဲဒီမှာ Gradient အရောင်လည်း သုံးလို့ရပါတယ်။
နောက် Icon တွေထည့်ဖို့လည်းပါပါတယ်။ button shape တွေ ချိန်ပါ။ preview ကြည့်ကြည့်ပါ။ စိတ်တိုင်းမကျသေးရင် ပြန်ပြီး ကာလာတွေပြင်ပါ။ ပြီးရင်တော့ Flash Menu Bar လေး တစ်ခုရပါပြီ။ အဲဒီက step 3 က Copy Files Into နဲ့ save လုပ်မယ့်နေရာရွေးလိုက်ပါ။ နောက် အဲဒီနေရာက .swf ဖိုင်ကို အောက်မှာပြထားတဲ့ ကုဒ်နဲ့ ထည့်လိုက်ပါ။ ဆော့ဝဲကပေးထားတဲ့ ကုဒ်ကသုံးလို့မရပါဘူး။ စက်တိုင်းမှာမပေါ်ပါဘူး။ ကျွန်တော်တောင် အဲဒီကုဒ်နဲ့ထည့်တုန်းက မပေါ်လို့ ဦးသိန်း ကို လိုက်မေးနဲ့ အတော်တိုင်ပတ်ခဲ့ပါသေးတယ်။


<OBJECT height=150 width=950> <PARAM NAME="movie" Value="http://yourname.googlepages.com/flash.swf">

<embed height='150' src="http://yourname.googlepages.com/flash.swf"

type='application/x-shockwave- flash' width='950'> </embed></OBJECT></DIV>



အခုပြထားတဲ့ ကုဒ်ထဲမှာ အနီရောင်နဲ့ပြထားတဲ့ height နဲ့ width နေရာတွေမှာ သင်လိုသလောက် menu bar အရှည်ကိုထည့်ပါ။ နောက် .swf ဖိုင်ရဲ့ hosting နေရာနှစ်ခုကို သင်တင်ထားတဲ့ .swf ဖိုင်ရဲ့ လင့် အစားထိုးထည့်လိုက်ပါ။ နောက် embed height နဲ့ width ကိုလည်း အပေါ်က ပြောင်းခဲ့တဲ့ height နဲ့ width အတိုင်း အတူပြောင်းလိုက်ပါ။ ဒါဆိုရင် လှပတဲ့ flash menu bar လေးရပါပြီ။ နောက် Script Ocean မှာ ဒီလို flash menu bar လုပ်တဲ့ software အပြင် အခြား flash software တွေရနိုင်ပါသေးတယ်။ Software အားလုံး serial key က ကျွန်တော် အပေါ်က ရေးထားတဲ့ key တစ်ခုတည်းနဲ့ အကုန်ဖွင့်လို့ရပါတယ်။ ကျွန်တော့် ဘလော့ခ် side bar က ညီအကို၊ မောင်နှမများဆိုတဲ့ flash လေးကလည်း အဲဒီက flash text fader ဆော့ဝဲ သုံးပြီးလုပ်ထားတာပါ။ အခုတော့ ကျွန်တော့် ဘလော့ခ်က အဲဒီ flash လေးဖြုတ်ဖို့ စဉ်းစားထားပါတယ်။ ဘာလို့လဲဆိုတော့ ညီအကို၊ မောင်နှမတွေများလာတော့ အဲဒီ flash နဲ့လုပ်ရင် ဆိုဒ်ကြီးနေမှာမို့လို့ပါ။ ရိုးရိုးလင့်ခ်နဲ့ပဲ ပြောင်းတော့မှာပါ။




Technorati Tags: , , , , ,

AddThis Social Bookmark Button

What iWon't Do?

Image Hosted by ImageShack.us


အိုင်ဖုန်းမှာ မရနိုင်တဲ့ အချက်တွေကို ကျွန်တော် iPhone Sucks ဆိုပြီးရေးခဲ့ပြီးပါပြီ။ အခုဒါက အတိုနဲ့ အရှင်းပုံလေးပါ။ အခုလောလောဆယ်မှာ iPhone ကို teenager တစ်ယောက်၊ နောက် ဥရောပက DVD John ကတစ်ယောက် နှစ်ယောက် Hack လုပ်ထားကြပါတယ်။ အခြား အသေးအဖွဲ့hack လုပ်ထားသူတွေလည်း အများကြီးပါ။ iPhone ကို hack ဖို့ tips & tricks တွေကို ဖတ်ဖို့ ဒီနေရာတွေမှာ ကြည့်ရှုနိုင်ပါတယ်။

  • Hack The iPhone
  • iPhone Hacks

    Technorati Tags: , , , ,

  • AddThis Social Bookmark Button

    You Can Win Now

    မိတ်ဆွေ သင်ကံထူးရှင် ဖြစ်နိုင်ပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆိုရင်တော့ အင်းစိန်တောရမှာ အခမဲ့ တရားစခန်းဝင်လို့ ရပါမယ်။
    Image Hosted by ImageShack.us


    Technorati Tags: ,

    AddThis Social Bookmark Button

    Blog Day 2007

    Blog Day 2007
    Happy Blog Day ပါ။ ဒီနေ့ 31 August ဘလော့ခ်ဒေး အတွက် နှစ်သက်တဲ့ ဘလော့ခ်ဂါ ၅ ယောက်ရွေးထားပါတယ်။ သူတို့တွေက --

  • Vincent Chow


    He is one of my favorite blogger from Malaysia (I think). He wrote about technology, blogging, funny and other.. I try to write posts like him. Sometimes I translate some of useful his posts.

  • CMS MDY



    He is a blogger from my country Myanmar (Burma). He worte about computer, technology and other tips & tricks. I also like him. He is also a one of my favourite Myanmar Bloggers. I always ask him if i got a computer problem. Everytime I used internet I always check his blog and subscribe feed from blog.

  • Myo Kyaw Htun


    Myo Kyaw Htun is also my favorite blogger from Myanmar (Burma). He said "He is a programmer studies web development". He wrote about web development, blogging, tutorials and some cool stuffs. I always ask him when i have blogging problems. I subscribe feed from him to read new posts from blog.

  • Sharing The Life


    Sharing the life is a one of my fav blog. I try to search information of latest technology. I think this blogger crazy latest cars. Aniway, I like that blog.

  • Tips For New Bloggers



    I got ani blogging problems, I always try to solve by one blog. That blog is tips for new bloggers. That blog is a useful blog for newbie blogger like me. You'll see blogging tips and information about many widget there.

    သူတို့ ၅ ယောက်က ကျွန်တော်အမြဲ အင်တာနက်သုံးတိုင်း ကြည့်ဖြစ်တယ်။ သူတို့ရေးတာက ၅ ယောက်လုံးများသော အားဖြင့် ကွန်ပျူတာနှင့် နည်းပညာ အကြောင်းကို အဓိကထားရေးကြတယ်။ ကျွန်တော်သူတို့ကို အားကျတယ်။ ဒါကြောင့် သူတို့လို ရေးဖို့လည်းလိုက် ကြိုးစားကြည့်တယ်။ ကျွန်တော်က ဘာမှတော့ မတတ်ပါဘူး။ သင်တန်းတက်ဖို့လည်း မတတ်နိုင်ပါဘူး။ ဒီလိုပဲ ကိုယ်ရေးချင်တဲ့ အကြောင်းအရာကို အင်တာနက်ကနေ ရှာဖတ်ပါတယ်။ ပြီးတော့ ကိုယ်သိသလောက် ပြန်ရေးပါတယ်။ စာဖတ်သူလည်းဖတ်လို့ရမယ် ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ဘာသာရှာဖတ်ရင်းနဲ့ အကျင့်လုပ်ကြည့်တာပါ။ မသိတဲ့ အကြောင်းအရာတွေဆိုရင်တော့ ကျွမ်းကျင်သူတွေ လိုက်မေးယူရတာပါပဲ။ သင်တန်းတက်ဖို့ မတက်နိုင်လို့ self learning လုပ်ဖို့ အတွက် အဓိကထားပြီး ဘလော့ခ် လုပ်ဖြစ်ခဲ့တာပါ။ ကျွန်တော်အတွက်တော့ သူတို့ ၅ ယောက်က မြင်ဆရာတွေပါပဲ။ သူတို့ဘယ်မှာနေလဲ ကျွန်တော် မသိပါဘူး။ သူတို့ အသက် ဘယ်လောက်ရှိပြီလဲ ကျွန်တော်မသိပါဘူး။ သူတို့တွေကို မမြင်ဖူးပေမယ့် သူတို့ရဲ့ ပို့စ်တွေက တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ သူတို့တွေ အမြဲ ဘလော့ခ်ေ၇းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

    Happy Blog Day 2007 !!


  • Tag : www.technorati.com
    www.blogday.org

    Technorati tags:
    , , , ,

    AddThis Social Bookmark Button

    My Hand Made Blogger Mobile Themes

    မနေ့ညက အားနေတာနဲ့ Blogger logo နဲ့ Sony Ericsson theme လေးလုပ် ကြည့်လိုက်တယ်။ လုပ်ထားတာက K800i နဲ့ W880 အတွက် ၂ မျိုးပဲ စမ်းလုပ်ကြည့်ထားတယ်။ တခြား မော်ဒယ် အတွက် လိုချင်ရင်ပြောပါဦး။

    Download For K800i

    Download For W880

    AddThis Social Bookmark Button

    How to read Guitar tab notes

    This is easy way to play guitar. You should try this. Actually, I can only read tab notes by reading books. This is some of my Myanmar Guitar Tab Notes Books. I'll post English version next time.







    AddThis Social Bookmark Button

    MRTV-4 Channel Can Watch From Online Now

    MRTV 4 နှင့် ဆက်စပ်ရုပ်သံလိုင်းများကို အွန်လိုင်းတွင် ကြည့်ရှုနိုင်အောင် စီစဉ်နေပါပြီ။ ယခု လောလောဆယ် beta version ပဲရှိပါသေးတယ်။ မြန်မာရုပ်သံတွေထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးက MRTV 4 ပါ။ အဲဒီလိုင်းက တစ်ခုကောင်းတာက သတင်းနှင့် ကြော်ငြာ မလာတာပါ။ တချို့ အစီအစဉ်တွေက လွဲရင် အကုန်ကြိုက်ပါတယ်။ ကြိုက်တာက ဂစ်တာတီးသင်တဲ့ အစီအစဉ်လည်းကြိုက်တယ်။ လောလောဆယ် ကိုစိုင်း နှင့် နိုင်ဇော် (lazy club) တို့က သင်တဲ့ အစီအစဉ်ရှိတယ်။ နောက် Movie Mistakes အစီအစဉ် ကြိုက်တယ်။ အဲဒီဆိုဒ်မှာ သုံးထားတာက Myanmar 2 Unicode ကို သုံးထားပါတယ်။

    AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font