Concrete Jungle

Black Label Society ရဲ့ သီချင်း Concrete Jungle ကိုနားထောင်ရင်း Vector ပုံဆွဲကြည့်မယ်ဆိုပြီး photoshop နဲ့စမ်းဆွဲကြည့်လိုက်တယ်။ ဆွဲပြီးမှ ကိုယ်ပုံကို သဘောကျနေမိတယ်။ ပုံကို Wallpaper လုပ်ပြီးသုံးထားတာ ကြည့်တိုင်း တမျိုးခံစားရတယ်လို့ ထင်တယ်။ နာမည်ကိုလည်း သီချင်းအတိုင်းပဲ Concrete Jungle လို့ပဲပေးလိုက်တယ်။ ကျွန်တော်တို့တွေက ဒီ ကွန်ကရစ်တောအုပ် ထဲမှာပဲ အမဲလိုက်နေကြရတာ မဟုတ်လား။


Download Wallpaper (1024x768)

Music Video:



Technorati TagBLS, Zakk Wylde, Vector

AddThis Social Bookmark Button

Gibson Robot Guitar


ဂစ်တာတီးတဲ့သူတွေမှာ နာမည်ကျော် ဂစ်တာသမားတွေရဲ့ သီချင်းတွေကို တီးဖို့ ကြိုးစားရင် ပထမဆုံးကြုံရမှာက tuning ပြသနာပါပဲ။ ကျွန်တော်ဆိုရင် ဂစ်တာ တီးတတ်ခါစက လုံးဝကြိုးမညှိတတ်ပါဘူး အခုတောင် standard tuning တောင် မနည်းညှိနေရတာ။ အဲဒီလို ပြသနာတွေ အဆင်ပြေဖို့ ကမ္ဘာပထမဆုံး Robot Guitar ဆိုတာလာပါပြီ။ Gibson ကနေ သူရဲ့နာမည်ကျော်ဂစ်တာ Les Paul အတိုင်း Robot Guitar ကို ထုတ်လိုက်ပါပြီ။ ဒီဂစ်တာမျိုးထုတ်နိုင်ဖို့ Gibson က လွန်ခဲ့ ၁၅ နှစ်ခန့် ကတည်းက သုတေသနလုပ် ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဂစ်တာက ဘာလုပ်ပေးနိုင်မလဲ ? ဒီ ဂစ်တာက ကြိုးလဲတဲ့အခါမှာ ကြိုးတပ်ပြီး control ကိုလှည့်လိုက်တာနဲ့ standard tuning ဒါအပြင် non-standard tuning 6 မျိုးကို အလိုလျှောက်ညှိပေးနိုင်ပါတယ်။

ဒီ ဂစ်တာကို Robot Guitar အပြင် Voodoo Child Guitar လို့လည်း နာမည်ပေးထားတယ်လို့ ဆိုပါတယ်။ ဒီဂစ်တာရှိယုံနဲ့ သင့်ရဲ့ ဂစ်တာသံက Guitar God Jemi Hendrix ရဲ့ Voodoo Child လို နာမည်ကျော် သီချင်းသံမျိုး ထုတ်ပေးနိုင်မှာပါ။ Voodoo Child သီချင်းက တကယ်ကောင်းတဲ့ သီချင်း အရင် Gibson နှစ် ၁၀၀ ပြည့်ပွဲတုန်းက Slash (Velvet Revolver, ex - Guns N Roses) နှင့် Zakk Wylde (Ozzy Osbourne, Black Label Society) တို့ နှစ်ယောက် အတူတွဲတီးကြပါသေးတယ်။ တခါတလေ မြန်မာကားတွေမှာလည်း နောက်ခံ တီးလုံး အနေနဲ့ ကြားရတတ်ပါတယ်။

Robot Guitar ကို limited edition အနေနဲ့ လောလောဆယ် အလက် 4,000 ပဲ ထုတ်ပါတယ်။ အရောင်က အားလုံး silver blue တွဲထားတဲ့ အရောင်ပါ။ US မှာ December 7 ရက်က စဖြန့်ပါတယ်။ $2,500 ပါ။ Standard Robot edition ကိုတော့ Jan 2008 မှာ စဖြန့်ပါလိမ့်မယ်။ နောက်ဆို ဂစ်တာ effect ပါ နာမည်ကျော်တွေလို အလိုလျှောက် ချိန်ပေးနိုင်မယ့် ဂစ်တာမျိုးတွေ ထွက်မလာဘူးလို့ ဘယ်သူပြောနိုင်သလဲ။

  • Gibson Robot Guitar
  • Jimi Hendrix - Voodoo Child
  • Slash & Zakk Wylde - Voodoo Child

    Related Posts
  • Jackson Guitar

    Technorati TagGibson, Robot Guitar, Voodoo Child Guitar, Jimi Hendrix

  • AddThis Social Bookmark Button

    High Security Vista

    Yep, that's true. Bill Gates said Vista have high security


    Related Post
  • Meaning Of Ultimate From Windows Vista

    Via : Slayer

    Technorati TagVista Cartoon, Windows Vista, Vista

  • AddThis Social Bookmark Button

    American Pie - Beta House

    Nothing!! Just Information =) New American Pie Series Beta House will release in 12/23 =P. But I never heard of any bands from Beta House Soundtrack.


    Technorati TagAmerican Pie, Beta House, Funny Movie

    AddThis Social Bookmark Button

    Orange Snow in Omsk, Russia

    ဒီနှစ် ၂၀၀၇ နှစ်ဦးပိုင်းက Russia က Omsk မှာ ကျတဲ့နှင်းတွေက အ၀ါရောင်နဲ့ လိမ္မော်ရောင်တွေကျပါသတဲ့။ ၂၀၀၈ မှာရော ကျဦးမှာလားမသိဘူး။ ကဲ ယုံချင်ယုံ မယုံချင်နေ။


  • Ripleys
  • BBC.co.uk
  • Zetatalk

    Technorati TagSnow, Snow In Omsk, Orange Snow

  • AddThis Social Bookmark Button

    Rubik's Cube

    Cube ဒီလေးထောင့်တုံးလေးကို ၈တန်းလောက် ကတည်းက ဗီဒီယိုတွေထဲ မြင်ဖူးပေမယ့် ဒီမှာရောင်းတဲ့ဆိုင် မရှိတော့ မဆော့ကြည့်ဖူးဘူး။ နောက်ပြီးခဲ့တဲ့ လတွေတုန်းက Will Smith ရဲ့ Pursuit Of Happyness ကားကြည့်တော့မှ သတိပြန်ရပြီး လိုချင်လာမိတယ်။ ဒါနဲ့ နာမည်လေးများ သိရမလားဆိုပြီး လိုက်ရှာတော့တွေ့ပြီ Rubik's Cube တဲ့။ အင်း အခုတော့ ဒီမှာ အဲဒီ cube လေးဝယ်လို့ရပါပြီ တရုတ်ကလာတာတွေ အများကြီးပဲ 3x3x3 ဆိုဒ်တွေပေါ့ အရင်လတွေက ပလာဇာမှာ တွေ့တယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးက ဒီ cube ရဲ့ အလုပ်လုပ်ပုံပဲ။ Professor Rubik တီထွင်ခဲ့တာတဲ့။ တော်ပါပေတယ်။ official site မှာ ကိုယ်က အမြန်ဆုံး ဖြေရှင်းနိုင်တယ် ထင်ရင် ဗီဒီယိုနဲ့ သွားပြိုင်လို့ရသေးတယ်။ ကြာတယ် အားတာနဲ့ သွားဝယ်ပြီး ဆော့ကြည့်ဦးမယ်။




  • Rubik's Cube
  • Rubik's Cube @ Wikipedia
  • Cube @ Sciencenews
  • 26 moves for Rubik's Cube [pdf]
  • Rubik's Cube Solutions


    Technorati TagRubiks, Rubiks Cube, Cube Game, Toy, Solutions OF Rubiks Cube, Rubiks Cube Game

  • AddThis Social Bookmark Button

    Meaning of Ultimate from Windows Vista



    Technorati Tagvista, Windows, Microsoft, Ultimate Vista, Funny Microsoft

    AddThis Social Bookmark Button

    Epiphone SG (Special Discount for Xmas)

    Xmas discount တွေ မ၀ယ်နိုင်ဘဲ လျှောက်ကြည့်ရင်း Musician Friend ဆိုဒ်မှာ သွားကြည့်လိုက်တော့ Epiphone (A part of the Gibson family of brands) SG Guitar set ကို US $ 200 နဲ့ ရောင်းနေတာတွေ့တော့ မ၀ယ်နိုင်ဘဲ သရေကျပြန်ခဲ့ရတယ်။ ဟင်း ဟင်း 200 လောက်ကတော့ ကျွန်တော် Adsense အကောင့်ထဲမှာ .. အဲလောက်မရှိဘူးလို့ =( ပိုက်ပိုက်ရှိတောင် ဒီနိုင်ငံကို ဘယ်ပို့မလဲ။ တင်းတယ် ပိုက်ပိုက်ရှိလည်း ၀ယ်လို့မရနိုင်ဘူး။ အဲဒီ ဂစ်တာ ဒီဇိုင်းလည်း အရမ်းကြိုက်ပဲ AC-DC ကိုင်ကတည်းက ကြိုက်တယ် နောက် School Of Rock ထဲမှာ Jack Black ကိုင်ထားတာ မြင်တော့ ခိုက်တယ်။


    ဒီ Guitar Set တစ်ခုလုံးကို ၂၀၀ ဆိုတာကတော့ တကယ်တန်ပါတယ်။ အဲဒီ ၂၀၀ ရဲ့ မြန်မာငွေနဲ့ ဒီမှာ ကိုရီးယားထုတ် ဂစ်တာ (ဂစ်တာကြည့်ပဲ Amp မပါ) ပဲ ဂစ်တာတောင် အကောင်းမရနိုင်ဘူး။ အခု ၂၀၀ ကတော့ Amp ရော၊ လွယ်ကြိုး၊ tuner၊ soft bag၊ နောက် picks လေးတွေတောင် ပါလိုက်သေးတယ်။ တကယ်ပါဗျာ ဒီမှာသာ 200 နဲ့ ၀ယ်လို့ရနိုင်ရင် အိမ်ကမသိအောင် ရှိတဲ့ ပစ္စည်းခိုးရောင်းပြီး ၀ယ်လိုက်မယ်။ ဟင်း ဟင်း နောက်နှစ် Xmas ကျမှ ၀ယ်မယ် အခုတော့ Ads နဲ့ အခြား ဟာတွေကနေ ပိုက်ပိုက်ရှာဦးမယ်။

    Related Post

  • Jackson Guitar

    Technorati TagGuitar, guitar discount, Epiphone SG, Jackson Guitar

  • AddThis Social Bookmark Button

    Merry Christmas in 360+ Languages

    Christmas မှာ ဘာတွေ discount ချလည်းလို့ လိုက်ရှာရင်း ဆိုဒ်တစ်ခုရောက်သွားတယ် အသုံးတည့်မယ်ထင်လို့ ပြန်ရှဲလိုက်တာပါ။ ဆိုဒ်မှာ Merry Christmas ဆိုတဲ့ စကားလုံးကို ဘာသာစကား 360+ ကျော်ရဲ့ အသံထွက် အတိုင်း အင်္ဂလိပ်လို ပေါင်းထားတာပါ။ မြန်မာလိုတော့ တွေ့မိဘူး အစက မေးပို့ဦးမလို့ပဲ ကွန်နက်ရှင်က တက်မလာတော့ စိတ်ကုန်သွားတာနဲ့ မတင်ဖြစ်တော့ဘူး။

    Merry Christmas in 360+ Languages


    Technorati TagMerry Christmas, Xmas, Merry Christmas In 360 Languages

    AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font