Megapixels များတိုင်း ကင်မရာ ကောင်းသလား ?
ကင်မရာ ရောင်းချသူများသည် ၄င်း၏ ဒစ်ဂျစ်တယ် ကင်မရာတွင် megapixels မည်မျှ အရည်အသွေး ရှိကြောင်း ညွှန်းဖွဲ့ ကြေငြာတတ်ကြသည်။ သို့ရာတွင် ထိုညွှန်းဆိုချက်ဖြင့် ကင်မရာ၏ အရေအသွေးကို ဆုံးဖြတ်ယူရသည် မဟုတ်ပေ။ ထို Mega-pixels သည် resolution ကို ဖော်ညွှန်းခြင်း သာဖြစ်သည်။ ဆိုလိုသည်မှာ megapixels ပိုရလျှင် ပုံရိပ် ကို အသေးစိပ် ဖမ်းယူနိုင်သည်ဟုသာ မှတ်ယူရမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ megapixels ပိုများပါက နှစ်သက်စရာ အချက်တစ်ချက် ဖြစ်ကြောင်းကိုမူ လက်ခံ ရပေလိမ့်မည်။
အခြေခံ သဘောအရ ကင်မရာ၏ sensors များသည် မည်သည့် အခြေအနေအထိ image တစ်ခုကို ဖမ်းပေးနိုင်သည် ဟု ညွန်ပြခြင်းသာ ဖြစ်သည်။ ကင်မရာ၏ ကောင်းခြင်းကို ဆုံးဖြတ်ရန် အခြား အကြောင်း အချက်များစွာ လိုနေပါသေးသည်။ မှန်ဘီလူး အရေအသွေး၊ built-in software အရည်အသွေးနှင့် ကင်မရာ၏ output ဖြစ်သည့် image file များကို မည်သို့ မည်ပုံ ထုတ်ပေးနိုင်စွမ်းရှိသည်များ အပါအ၀င် အခြားအကြောင်း အချက်များစွာတို့ အပေါ် ခြုံငုံပြီးမှသာ ကင်မရာ ကောင်း မကောင်း သိနိုင်ပါသည်။ တနည်းအားဖြင့် ပုံထွက် အရည်အသွေးကောင်း ဖြစ်လာရန် အကြောင်း အချက်များတွင် Resolution (Megapixels) သည် အကြောင်းတစ်ခု အနေနှင့်သာ လက်ခံရမည့် သဘော ဖြစ်သည်။ ဒစ်ဂျစ်တယ် ကင်မရာ၏ output ပိုမိုကောင်းမွန်စေရန် dynamic range အနေအထား optical sharpness နှင့် color အင်အားတို့သည် pixels ပမာဏ အားထက် ပိုမိုအရေးကြီးပါသည်။
ဒီဂျစ်တယ် ကင်မရာကို အသုံးပြုရာတွင် ရှောင်ရန်အချက် အနေနှင့် သိထားသင့်သည်မှာ စူးရှသော အလင်းရောင်များ ကင်မရာ sensor နှင့် ထိတွေ့ခြင်းမှ ရှောင်ခြင်းဖြစ်သည်။ နေ ကို လူ့မျက်စိဖြင့် တိုက်ရိုက်ကြည့် ၍ မရနိုင်ပေ။ ထို့အတူ ဒစ်ဂျစ်တယ် ကင်မရာ ကိုသုံး၍ နေ ကို ဓာတ်ပုံ ရိုက်ယူ၍ မရနိုင်ပါ။ Cannon မှ ပြောရေးဆိုခွင့်ရသူ အဆိုအရ ကင်မရာ၏ မျက်လုံး ဟု သတ်မှတ်နိုင်သော image sensor ကို စူးရှသော အလင်းရောင်မှ ဖျက်ဆီး စေနိုင်သည်ဟု သိရှိရသည်။ နေ ကို ဓာတ်ပုံ ရိုက်ယူလိုလျှင် ယေဘုယျ အားဖြင့် တိုက်ရိုက် တည့်တည့် မဟုတ်သော ရိုက်ချက်ဖြင့် ရိုက်ခြင်း သို့မဟုတ် special filters များ အသုံးချ ခြင်းဖြင့်သာ ရိုက်ကူး နိုင်သည်ဟု ဆိုသည်။ ထိုသို့မဟုတ်က အလွန် အန္တရာယ်များသော အလုပ်ကို စွန့်စား လုပ်ယူသည်နှင့် တူစေသည်။ ဒစ်ဂျစ်တယ် ကင်မရာအကြောင်း အသေးစိတ် လေ့လာလိုပါက www.dpreview.com , www.digitalcameras.com နှင့် www.tinyurl.com တို့တွင် ၀င်ရောက်ကြည့် ရှုနိုင်ပါသည်။
Technorati tags:
camera lens, camera sensor, digital camera, digital camera tips, tip for digital camera
