ကွန်ပျူတာမှာ Register Owner Name ဘယ်လို ပြောင်းမလဲ
ကျွန်တော်တို့ ကွန်ပျူတာ ၀ယ်တဲ့ အခါမှာ တခါတလေ ဆိုင်က OS တင်ပေး လိုက်ရင် Register Owner Name ကို ကြုံရာ ကျပန်း ရိုက်ထည့်ကြပါတယ်။ များသော အားဖြင့် ကိုယ့်ဆိုင် နာမည် ရိုက်ကြတယ်။ အဲဒီ နဂို ပါလာတဲ့ Register Owner Name ကို ပြင်ချင်ရင် ဒီလိုပြင်လို့ ရပါတယ်။
Adminstrator အဖြစ်နဲ့ Log On ဖွင့်လိုက်ပါ။ Run ကနေ regedit ကို ဖွင့်ပါ။ ပြီးရင် HKEY_LOCAL_MA-CHINE\SOFTWARE\Microsoft\WindowsNT\Current Version အထိ ရောက်အောင် ဖွင့်ပါ။ အဲဒီ အဆင့် ရောက်ရင် ညာဘက် pane လို့ ခေါ်တဲ့ ဘောင်ထဲမှာ RegisteredOwner ဆိုတဲ့ စာသားကို ရှာပြီး ကလစ် နှိပ်လိုက်ရင် မိမိ အမည်ထည့်လို့ ရမယ့် ၀င်းဒိုး တစ်ခု ပေါ်လာပါမယ်။ အဲဒီမှာ အမည် ရိုက်ထည့်ရုံပါပဲ။
ကျွန်တော် အရင် ဒီနည်းကို မသိခင်က ကျွန်တော့် စက်မှာ ဆိုင်က တင်ပေးလိုက်တဲ့ OS မှာ Register Owner Name က သူတို့ဆိုင် နာမည် ထည့်ပေးလိုက် ပါတယ်။ ကျွန်တော် အဲဒါပြင်ချင်တာနဲ့ admin ကနေ ကိုယ့်နာမည်နဲ့ admin account တစ်ခု ထပ်ဆောက်ပြီး နဂို OS တင်တုန်းက ပါလာတဲ့ account ကိုဖျက်လိုက်ပါတယ်။ အစကတော့ အဆင်ပြေ သလိုလိုနဲ့ နောက်တော့ regedit ခေါ် ကြည့်တော့ admin မဟုတ်လို့ ခေါ်လို့မရပါတဲ့ error လာလာပြပါတယ်။ ကျွန်တော် account က admin လုပ်ထားတာပါ ဘယ်လို ဖြစ်ပါလိမ့်လို့ စဉ်းစားမရ ဖြစ်ခဲ့ပါတယ်။ နောက်တော့ မှ နဂို OS တင်တုန်းက admin နဲ့ နောက်မှ တင်တဲ့ admin power မတူမှန်းသိရ ပါတယ်။ အခုပြင်ချင်ရင် အပေါ်က ရေးထားတဲ့ အတိုင်း Register Owner Name ကို ပြင်လို့ ရပါတယ်။
Technorati tags:
edit name, microsoft OS, operating system, os, Owner Name, regedit, Register Owner Name, regstry edit
