ချို့ယွင်းနေတဲ့ PC ပြန်ကောင်းအောင်
သင့် PC ဟာ ဘာမှန်း မသိအောင် ဖြစ်နေပြီး ဘယ်လို နည်းနဲ့မှ စမ်းကြည့်လို့ အဆင်မပြေရင် သင့်ရဲ့ thumb drive ကို recovery drive အနေနဲ့ အသုံးချနိုင် ပါတယ်။
Recovery Drive အနေနဲ့ လုပ်ဆောင် ပေးနိုင်တဲ့ အချက်ကလည်း thumb drive တွေရဲ့ အသုံးအ၀င်ဆုံး လုပ်ဆောင်ချက် တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ PC ဟာ USB Drive ကနေ Boot လုပ်နိုင်တဲ့ PC ဖြစ်ခဲ့ရင် system start မလုပ် တော့တဲ့ အဲဒီ PC ကိုပြင်နိုင် ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ဟာ အရင်တုန်းက Windows မှာ Floppy Disk တွေကို format လုပ်တာနဲ့ ဆင်တူ ပါတယ်။
အဲဒီလို လုပ်ဆောင်ဖို့ အချက် နှစ်ချက် လိုပါတယ်။ တစ်ခုက Master Boot Record (MBR) ကို ဖန်တီးဖို့နဲ့ floppy ဒါမှမဟုတ် စီဒီ ကနေ boot လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ CD နဲ့ Floppy ကနေ Boot လုပ်ဖို့ အွန်လိုင်း ကနေ ရယူနိုင်ပါတယ်။ အဲဒီ ထဲမှာ MBR Creators (try MKBT ၊ find.pcworld.com ) နဲ့ bootable drive image ထဲက ရွေးနိုင်ပါတယ်။ အဲဒီလိုပဲ PC ရဲ့ BIOS ကနေ USB Drive ကို အရင်ဆုံး boot လုပ်ဖို့ ရွေးရပါမယ်။ Bootable thumb drive လုပ်ဆောင်ပုံ အဆင့်ဆင့်ကို find.pcworld.com/50610 မှာ အသေးစိတ် လေ့လာနိုင် ပါတယ်။
သင့်ရဲ့ drive ဟာ bootable drive အနေနဲ့ ဆောင်ရွက် ပြီးပြီ ဆိုရင် အဲဒီ drive ကနေ boot လုပ်ပြီး သာမန် system error တွေနဲ့ Hardware ဆိုင်ရာ ပြသနာ တွေကို ဖြေရှင်းနိုင် ပါတယ်။ အခမဲ့ အမြည်းသဘော စမ်းသပ်နိုင်တဲ့ ပရိုဂရမ် တွေမှာလည်း အလားတူ လုပ်ဆောင်မှုမျိုးကို လုပ်ဆောင် ပေးနိုင် ကြပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ disk နဲ့ RAM စမ်းသပ်ပေးနိုင်တဲ့ application တွေ ဥပမာ - Memtest 86 ၊ Registry တွေ ပြုပြင် ဆောင်ရွက် ပေးတဲ့ Registry Mechanic နဲ့ back up နဲ့ recovery ပရိုဂရမ် တွေထဲက Drive Image XML၊ Partition တွေကို စီမံတဲ့ tools တွေထဲက Disk Director ၊ ဖိုင်တွေကို delete လုပ်မရအောင် ကာကွယ်ပေးမဲ့ Undelete စတဲ့ ဆော့ဝဲ တွေဟာ PC ရဲ့ အဆိုးဝါးဆုံး အခြေအနေတွေကို ကျော်ဖြတ် သွားနိုင် စေပါတယ်။ သင့် အနေနဲ့ ရွေးချယ် စရာတွေ အများကြီး ရှိနေပြီး 46 Best-ever Freeware Utilities page ၊ Ultimate Boot CD တို့မှာ ရှာဖွေ ကြည့်နိုင် ပါတယ်။
U3 USB drive သုံးစွဲသူတွေ အတွက် McAfee Virus Scan နဲ့ Avast scanner တွေကို download လုပ် ရယူနိုင် ပါတယ်။
ဒီပို့စ်ကို www.pcworld.com မှ ကောက်နှတ် ထားခြင်းပါ။
Technorati tags:
technology, thumb drive, flash drive, usb drive
