2007 AFF Women's Champion Myanmar
15 Sept 2007 ရက်နေ့က AFF Women’s Championship ရဲ့ ဗိုလ်လုပွဲပွဲစဉ် အဖြစ် မြန်မာ နှင့် ထိုင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီနေ့က အမှန်တော့ ကျွန်တော်လည်း ဒုတိယပိုင်းမှစကြည့်ရတာပါ။ ပထမပိုင်းက ကျူရှင်သင်နေတာနဲ့ မကြည့်ရဘူး။ ဒုတိယပိုင်းမှ ဆရာမက ဘောလုံးပွဲ ကြည့်ရအောင် ခဏနားပေးတယ်။ အမှန်တော့ သူငယ်ချင်းတွေနဲ့ သုဝဏကွင်းမှာ သွားကြည့်ချင်တာ စာမေးပွဲက နောက်လဖြေရမှာဆိုတော့ ကျူရှင်ပဲတက်လိုက်ရတယ်။ ဒုတိယပိုင်းက ကြည့်ရတာ အားမရပါဘူး မြန်မာ အသင်းက တိုက်စစ်မှုးတွေ ခဏတိုင်း လူကျွံတာဖြစ်ဖြစ်နေတယ်။ အချိတ်အဆက်လည်း မမိဘူး။ နှစ်သင်းလုံးက ကန်တာ အရမ်းအေးစက်နေတယ်။ တစ်ခါမှာ တော့ မြန်မာ အလယ်တန်းက တစ်ယောက်ထောင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်က ပင်နယ်တီ ဧရိယာလောက်ကနေ ခေါင်းတိုက်လိုက်တာ ထိုင်း ဂိုးသမား ဒိုက်ပစ်ပေမယ့် နောက်ကျသွားခဲ့ပြီး လှလှပပ ပထမဆုံးဂိုးကို မြန်မာက စရပါတော့တယ်။ ဂိုးလည်းဝင်ရော ဟေး ဆိုတဲ့ အသံကြီးက အိမ်တိုင်း အိမ်တိုင်းက အော်လိုက်တာ။ တကယ်ပါ ကျွန်တော်လည်း ကြက်သီးတောင်ထမိတယ်။ ဒီလို မိသားစုတွေ အတူတူ တီဗီ ကြည့်ကြပြီး ပျော်ရွင်နေကြတဲ့ အသံတွေ ကြားရတာ တကယ်စိတ်ချမ်းသာပါတယ်။ ကျူရှင် တိုက်ခန်းရဲ့ မျက်နှာချင်းဆိုင် အခန်းတွေ ကြည့်လိုက်တော့ အားလုံးပဲ ထခုန်နေကြတယ်။ ပျော်စရာကြီးဗျာ။
နောက်တော့ မြန်မာ အသင်းက ဂိုးရပြီးတော့ တိုက်စစ်ကနေ ခံစစ်ပြောင်းကစားပုံရပါတယ်။ ဒီလိုနဲ့ မကြာပါဘူး ထိုင်း ဘက်က ဖိကစားလာတာ ကော်နာ ပေးလိုက်ရတဲ့အခါမှာတော့ ထိုင်း အသင်းက တစ်ဂိုးပြန်သွင်းတယ်။ ဒီလိုနဲ့ ဒုတိယပိုင်းပြီးသွားပြီး အချိန်ပိုကန်ရတယ်။ နောက်တော့ ပင်နယ်တီပေါ့။ အဲဒီမှာတော့ မြန်မာဂိုးသမားက တစ်လိုက်တယ်။ နောက် ထိုင်းက တစ်ယောက်က နောက်ထပ် လွဲပြီးကန်တယ်။ ဒါနဲ့ပဲ မြန်မာအသင်းက အနိုင်ရခဲ့ပါတော့တယ်။ တကယ်ပါ အမျိုးသမီးတွေသာဆိုတယ် တကယ်ပြေးနိုင်ကြတယ်။ ကွင်းပတ်ပြေးတာ မမောတမ်းပဲဗျာ။ နောက်ကန်ချက်တွေကလည်း အားပြင်းပုံရတယ်။ မနေ့က အရင်ကန်ခဲ့တဲ့ပွဲတွေကို ဟိုက်လိုက် ပြန်ပြတာ သွင်းသွားတာတွေ အကုန်လုံး တကယ်လှပါတယ်။ ဖရီးကစ်ကန်တာ တကယ်ကောင်းပါတယ်။ ဖရီးကစ်နဲ့ ရခဲ့တဲ့ ဂိုးကိုက မနဲဘူး။ နောက် ဂိုးသမားကလည်း ဖိုင်နယ်ပွဲမှာသာ ဂိုးမပေးရရင် ပေးဂိုးမရှိစံချိန်တင်မှာပါ။ ဒီပွဲ အတွက် ဘယ်လောက် လေ့ကျင့်ထားသလဲမသိဘူး။ ဘာပဲပြောပြော မြန်မာ အမျိုးသမီး ဘောလုံး အသင်း AFF Women’s Championship ဆုရခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်။
Read 2007 AFF Women's Champion Myanmar News
ASEAN FOOTBALL CHAMPIONSHIP 2007 ROLL OF HONOUR
ဒီပုံလေးတွေက ကျွန်တော်တို့ နှင့် ကလေးတွေ ကျူရှင်မှာ စာမသင်ပဲ အားပေးကြပုံပါ။
Technorati Tags: Myanmar News, Myanmar Women Football team, AFF, AFF Champion 2007, Football News, ASEAN Women's Championship 2007
