Deviant Art
ကျွန်တော့်ရဲ့ ၀ါသနာတွေထဲမှာ ဓာတ်ပုံလှလှလေးတွေစုရတာလည်း ၀ါသနာပါပါတယ်။ ဘယ်လိုပုံတွေစုဖြစ်လဲဆိုတော့ ကာတွန်းတွေ နဲ့ music band ပုံတွေက အများဆုံးပေါ့။ နောက် ရှုခင်းအလှပုံတွေ ရှားပါးဓာတ်ပုံတွေလည်းစုပါတယ်။ နောက်အဲဒီပုံတွေနဲ့ တစ်နေ့တစ်မျိုး မရိုးရအောင် ကွန်ပျူတာ desktop ပုံတွေလည်း ပြောင်းပါတယ်။ တနေ့က ဂိမ်းကာတွန်းပုံတွေ လျှောက်ရှာရင်းနဲ့ ဆိုဒ်တစ်ခုကိုသွားတွေ့တယ်။ Deviant Art တဲ့။ ပုံတွေက အစုံပဲဗျာ။ ကာတွန်းရော လူပုံတွေရော။ နောက် ရှုခင်းအလှ ဓာတ်ပုံတွေ။ အကုန် ဂရပ်ဖစ် မိုက်တယ်။ template banner လုပ်ဖို့ ကာတွန်းလေးတွေဆိုလည်း အဆင်သင့်ပဲ။ ကဗျာ ဘလောခ့်တွေ အတွက် ကဗျာ သရုပ်ဖော်ပုံတွေ ထည့်ရင် တော်တော်လှမှာပါ။ နောက်ကိုဆွဲထားတဲ့ ပုံတွေလည်း အကောင့်လုပ်ပြီး ပြန်ရှဲလို့ရတယ်။ လောလောဆယ် ကျွန်တော်ကူးလာတဲ့ ပုံလေးတွေ နမူနာကြည့်ကြည့်ရင် ဘယ်လောက်ကောင်းတယ်ဆိုတာ သိမှာပါ။
Technorati Tags: deviantart, art, photo, image, photo sharting, web site, graveyard
