Are You An A List Bloglebrity?


ကျွန်တော်ရဲ့ ပို့စ်အဟောင်း Technorati ကို ဖတ်ပြီးပြီလို့ ထင်ပါတယ်။ အခုစမ်းကြည့်ရမှာက Technorati ရဲ့ authority ကို အခြေခံထားတဲ့ widget လေးပါ။ သင့် blog ရဲ့ နောက်ဆုံး ၆ လ အတွင်းရခဲ့တဲ့ authority အခြေအနေကိုလိုက်ပြီး A, B, C, D လေးခုထဲက အဆင့်တစ်ခုကို ရမှာဖြစ်ပြီး ရလာတဲ့ အဆင့်ကို code (Badge, Chicklet) လေးကိုကူးပြီး သင့် ဘလောခ့်ဆိုဒ်ဘားမှာ ဖြစ်ဖြစ် ထည့်ထား နိုင်ပါတယ်။ သင်ဟာ Technorati မှာ ဒါမှမဟုတ် widget တွေနဲ့ သင့်ရဲ့ authority ကို ကြည့်နေကြ ဆိုရင်တော့ မစမ်းခင်ကတည်းက အဖြေကို ကြိုသိနိုင်ပါတယ်။ ကျွန်တော်ကတော့ C ပဲရပါတယ်။ ကျွန်တော် ဘလောခ့်က authority နိမ့်လို့ပါ လောလောဆယ် 54 blogs ပဲရှိသေးလို့ပါ။ ကဲပါ Are You An A List Bloglebrity? ကိုစမ်းကြည့်ရအောင်။ အခု တစ်ဆက်တည်း ပြောပါဦးမယ် အခုချိန်ကစပြီး ကျွန်တော့် ဘလောခ့်နဲ့ link exchange လုပ်နိုင်ပါပြီ =) ကျွန်တော့် ဘလော့ခ်ကို ဆိုဒ်ဘားမှာ လင့်ပေးပါ။ လင့်ချင်ရင် ကွန်မန့်မှာလင့်ပေးခဲ့ပါ။ စိတ်တော့မရှိပါနဲ့ update ဖြစ်တဲ့ ဘလောခ့်နဲ့သာ လင့်ချိန်းပါရစေ။ ကျွန်တော်လည်း ပြန်လင့်ပေးပါ့မယ်။ Authority တက်ချင်လို့ပါ =) ။
A-list ~ 500 or more
B-list ~ 100 - 499
C-list ~ 10 - 99
D-list ~ 3 - 9
Related Posts

