Firefox 3 Beta 2 Review

Mozilla က Firefox 3 Beta 2 ကို ပြီးခဲ့ Christmas ကာလတုန်းက စမ်းသပ် အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ပို့စ်တင်ဖို့စဉ်းစားပေမယ့် ကိုယ်တိုင်သုံးပြီးမှ ပို့စ်တင်မယ်လို့ ရည်ရွယ်ပြီး မရေးပဲနေခဲ့တာ ခုမှရေးဖြစ်ပါတယ်။ Firefox 3 Beta 2 ကိုသုံးကြည့်တဲ့ အခါမှာ အဆင့်မြင့်ထားတယ်ဆိုတဲ့ အတိုင်း တကယ်ကို features အသစ်တွေ များစွာ ပါဝင်ပါတယ်။ အကြိုက်ဆုံး features တွေကို စပြောရရင် Address (URL) auto completion ပါပဲ။ အရင် Firefox 2 တွေမှာလည်း ပါတယ် ဆိုပေမယ့် အဲဒီတုန်းက address တူမှရှာပေးတာပါ။ ဒီ Firefox 3 Beta 2 မှာပါတာက အရင် address တူတာပြပေးတာ အပြင် web sites တွေရဲ့ title တွေထဲက၊ keyword တူတာတွေထဲက ပါ လာပြပေးပါတယ်။ သွားနေကျဘလောခ့်တွေ သွားရင် ဘာမှ နှိပ်စရာမလိုပဲ keyword တစ်လုံးရိုက်လိုက်တာနဲ့ တူရာတွေလာပြပေးတာ အဆင်ပြေဆုံးပါပဲ။ နောက် ကြိုက်မိတဲ့ feature ကတော့ Download လုပ်ရင် အရင်လို ဟန်းမသွားတာပါပဲ။ အရင် Firefox 2 တုန်းက Download ဆွဲလိုက်တဲ့အခါ အစ ၁၀ စက္ကန့် (သို့) သင်ဖွင့်ထားတဲ့ tab များရင် များသလို ခဏဟန်းသွားပါတယ် ယခုအသစ်မှာတော့ အဲဒီလို မဖြစ်တော့ပါဘူး။ Download ဆွဲတဲ့အခါ virus ပါစစ်ပေးနိုင်ပါတယ်။


နောက်ထပ်အသစ်အနေနဲ့ အရင်လို့ Extensions, Themes အပြင် Plugins ဆိုတာ အသစ်ပါလာပြီး Plugins တွေ download လုပ်နိုင်ပါတယ်။ နဂိုပါတဲ့ plugin တွေက Adobe Acrobat Reader, Java, Microsoft DRM, Quicktime, Real Player, Windows Media Player စတာတွေပါပါတယ်။ လောလောဆယ် ကျွန်တော်ရှာကြည့်တာတော့ Extensions တွေ Themes တွေ Firefox 3 Beta 2 အတွက် support လုပ်တာ မရှိသေးပါဘူး။ Extensions မှာ နာရီအတော်ကြာ support လုပ်တာရှာကြည့်တာ တစ်ခုပဲတွေ့ခဲ့ပါတယ်။ Speed Dial 0.7.0.3 ဆိုတဲ့ extension ပါ။ သူက အဆန်းတော့ မဟုတ်ပါဘူး Opera မှာလို Multiple Web Sites တွေကို Page တစ်ခုထဲမှာ thumbnail ပြပေးတာပါ။ Themes မှာတော့ support လုပ်တာ ရှာမတွေ့ပါဘူး။ FF2 မှာ သုံးလို့ရတာတွေ FF3 B2 မှာ support မလုပ်ကြပါဘူး။ Persons (Lightweight Themes) သာလျှင်ရပါတယ်။

Bookmarks အနေနဲ့ အသစ်ပါလာတာက Most Visited ဆိုတာရယ် Recently Bookmarked နောက် tag ရယ် အသစ်ပါပါတယ်။ လောလောဆယ် Firefox 3 Beta 2 မှာ extensions တွေမရသေးတဲ့ အတွက် Social Bookmarking Sites တွေအတွက်တော့ အဆင်မပြေသေးပါဘူး။ လောလောဆယ် Delicious extension ကလည်း support မလုပ်တဲ့ အတွက် ကျွန်တော့် အတွက်တော့ bookmark လုပ်ရတာ နဲနဲအဆင့်များနေရပါတယ်။ Mozilla Firefox ရဲ့ နည်းပညာအသစ် Weave ကို ဒီ Firefox 3 မှာ အလုပ်လုပ်နိုင်ပါလိမ့်မယ်။ Weave ဆိုတဲ့ add on က သင့်အိမ်ကစက်က Firefox မှာ မှတ်ထားတဲ့ bookmarks ကို လမ်းပေါ်မှာ ဒါမှမဟုတ် အခြားနေရာကနေ Firefox Browser သုံးပြီး ရယူနိုင်တဲ့ နည်းပညာပါ။ FF extension Google Browser Sync ကိုသုံးပြီး online account တစ်ခုလုပ် log in ၀င်ပြီး အသုံးပြုရမှာပါ။ Weave ကိုတော့ ကျွန်တော် cafe ကသုံးတဲ့ အတွက် စမ်းမကြည့်ရသေးပါဘူး။ လောလောဆယ်တော့ ကျွန်တော့်အတွက် Online Social Bookmarks တွေက အဆင်ပြေပါတယ်။ နောက် နှစ်သက်တဲ့ sites ရှိရင် Favicon ကို Drag လုပ်ပြီး tool bar ပေါ်တင်လိုက်ရုံပါပဲ။ အရင်ကလည်း အဲဒီလိုလုပ်လို့ရပေမယ့် အခုဟာက ကိုယ်ဆွဲယူလိုက်တဲ့ favicon လေးနဲ့ပဲ အမြဲပြပေးတာပါ။




Firefox 2 တွေမှာတုန်းက zoom ဆွဲကြည့်တဲ့အခါ text ကိုသာလျှင် ကြည့်လို့ရပါတယ်။ ယခု အသစ်မှာတော့ web page တစ်ခုလုံးကို zoom ဆွဲလို့ရပါတယ်။ Images, text, flash စတာတွေ အကုန်ကြည့်လို့ရတာပါ။ နောက် site တွေမှာ log in ၀င်တဲ့အခါ အရင်လို password save လုပ်ထားမလားမေးတဲ့ pop up က pop up အနေနဲ့မဟုတ်တော့ပဲ။ tab အောက်မှာ လာပြပါတယ်။ နောက် Download windows မှာ အရင် download လုပ်ထားခဲ့တဲ့ထဲက ဖိုင်တွေရှာရလွယ်အောင် search box တစ်ခုပါလာပါတယ်။ tab မှားပိတ်မိတဲ့ အခါလည်းစိတ်ပူစရာမလိုပါဘူး။ History အောက်မှာ Recent Close Tabs ဆိုတာကနေ ပြန်ပြီး အလွယ်တကူ ဖွင့်နိုင်ပါတယ်။ နောက် Browser ပိတ်တဲ့ အခါမှာလည်း pop up တစ်ခုတက်လာပြီး လက်ရှိဖွင့်ထားတဲ့ tab တွေကို နောက်တစ်ကြိမ် ပြန်ဖွင့်တဲ့အခါ ပြန်ပွင့်နိုင်ဖို့ save လုပ်မလားမေးပါတယ်။ အရင်လိုပဲ Browser ကနေ RSS သုံးပြီး Headlines တွေကိုဖတ်နိုင်ပါတယ်။ အခြား ဒီထဲမှာမပါတဲ့ feature အသစ်တွေလည်း ကျန်ပါသေးတယ်။ ဒီနှစ်ထဲမှာပဲ Firefox က mobile တွေအတွက် extensions တွေ themes တွေပါ အသုံးပြုနိုင်တဲ့ mobile browser ကို လည်းရနိုင်ပါတော့မယ်။ ဒီ Firefox 3 Beta 2 ကို Portable Applications မှာ ရနိုင်ပြီး thumb drive နဲ့ သုံးနိုင်ပါတယ်။ Firefox 2 သုံးနေတဲ့သူတွေ အနေနဲ့ Firefox 3 Beta 2 ကို browser ရဲ့ Help က Check For Update ကနေ update လပ်လို့ မရနိုင်ပါဘူး။ Mozilla site မှာ သီးသန့် download လုပ်မှရနိုင်ပါမယ်။ Firefox 3 Beta 2 ဟာ နည်းပညာသစ်တွေအပြင်နောက် extensions, themes, plugins အသစ်တွေသာ ရလာမယ်ဆိုရင် အကောင်းဆုံး browser ဖြစ်လာမှာသေချာပါတယ်။ လောလောဆယ်တော့ Microsoft ရဲ့ Internet Explorer 8 လည်း ရနေပြီလို့ဆိုပါတယ်။ ဒါပေမယ့် သေချာပါတယ် ကျွန်တော်ကတော့ Firefox နဲ့ပဲ လှိုင်းစီးဖြစ်မှာပါ။

  • Firefox 3 Beta 2 Release Note

    Download
  • Download Firefox 3 Beta 2
  • Download Firefox 3 Beta 2 Portable
  • Portable Firefox Support



  • I Am
    Firefox 2


    Related Posts
  • Personas For Firefox
  • Mozilla Prism


    Technorati TagFirefox, Firefox 3 Beta 2, Personas For Firefox, Moziall Prism

  • AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font