Me & Thumb Drive

မင်္ဂလာပါ။ ကျွန်တော်ပြီးခဲ့တဲ့ရက်တွေမှာ အဆင်မပြေတာတွေမရှိလို့ ပို့စ်မတင်ဖြစ်ခဲ့ဘူး။ အခုပြန်တင်ပါပြီ။ ပြီးခဲ့တဲ့ရက်တွေက ကျွန်တော့်ရဲ့ Thumbdrive (mp4) ကို သူငယ်ချင်းတစ်ယောက်က MTV က ရှိုးပွဲတစ်ပွဲ ကူးစရာရှိလို့ ဆိုပြီးငှားသွားတာ။ လာမပေးသေးတော့ ကွန်တော်ပို့်စ် အသစ်တင်လို့ မရဘူးခင်ဗျ။ ကျွန်တော်က cyber cafe က သုံးတာဆိုတော့ အဲဒီ drive မရှိရင် ဘာမှလုပ်လို့ မ၇ဘူးခင်ဗျ။ ကျွန်တော်က ဘလောခ့်ပို့စ်တွေကို အိမ်မှာပဲ notepad နဲ့ကြိုရေးထားတာ ပြီးမှ cafe ရောက်မှ ကူးထည့်တာ။ နောက် Portable Firefox ကိုပဲ သုံးတာဆိုတော့ အမြဲ drive ကလိုပါတယ်။ Portable Firefox ဆိုတော့ အဲဒီထဲမှာပဲ bookmark တွေ extension တွေနဲ့ပဲ အလုပ်လုပ်တာဆိုတော့ အဲဒါမရှိတော့ ဘာမှကို လုပ်ချင်စိတ် မရှိတော့ဘူး။ Blogger ကိုလည်း အမြဲအဆင်ပြေအောင် ပြန်ရင် log out မလုပ်ဘူးခင်ဗျ။ နောက်တစ်ခါပြန်ဖွင့်ရင် log in ၀င်စရာမလိုတော့ဘူး ပေါ့ခင်ဗျ။ ပြောရင် ယုံချင်မှ ယုံမယ် Blogger ကို log in ၀င်ဖို့ကို ဒီမှာ နာရီဝက်လောက်ကြာတယ်ခင်ဗျ။ ဒါတောင် တခါတလေ အချိန်ပိုပါသေးတယ်။ Bagan က Blogger ကို လုံးဝဘန်းထားတယ်။ MPT က မဘန်းထားဘူးခင်ဗျ ဖွင့်ရင်တော့ စောင့်ပေတော့ပဲ refresh လုပ်ရတာကိုက အကြိမ်မနည်းပဲ။ တက်လာပြန်တော့ ကွန်နက်ရှင်ကမကောင်းတော့ log in page တက်လာပေမယ့် log in ၀င်ဖို့နေရာတောင်မပေါ်သေးဘူး done ဖြစ်သွားရောပဲ။ အဲဒီလိုကြာတတ်တာက Portable Firefox လေးရှိတော့ အဆင်ပြေတယ်ခင်ဗျ။ restore session လုပ်လိုက်တာနဲ့ Create post ကို တန်းတက်လာတော့ အဲဒီ ဒုက္ခမကြုံရဘူးခင်ဗျ။ drive လည်းမရှိရော ရေးပါမယ်ဆိုတာတောင် တက်မလာတာဗျာ =( ထားပါလေ နိုင်ငံခြားသားတွေကို ဒီက ကွန်နက်ရှင်အကြောင်း ဗဟုသုတ ရအောင် ပြောလို့ရတာပေါ့ဗျာ။ စကားမစပ်ဗျာ - drive အခုပြန်ရပြီ ဖိုင်တွေ ပျက်နေလို့ format ချလိုက်ရတာ အရင် Portable Firefox က bookmark တွေ extension တွေ theme တွေ အကုန်ပြောင်ပါလေရောဗျာ။ အဲဒီဖိုင်တွေ ဘယ်နားရှာရမယ်တောင် မသိတော့ဘူး။ အစကပြန်စနေရတယ်ဗျာ။ အခုတော့ အဆင်ပြေသွားပါပြီ ပို့စ်တွေပြန်ရေးပါတော့မယ်။

Technorati TagFirefox, Firefox 3 beta 2, Tay Zar, Blogger

AddThis Social Bookmark Button



Earn $$ with WidgetBucks!

RecentPosts

RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font