Showing posts with label Personal. Show all posts
Showing posts with label Personal. Show all posts

ကျွန်တော်နှင့် ပြသနာများ

ကျွန်တော် အခုရက်ပိုင်း သင်္ကြန်ပြီးကတည်းက ပို့စ်မတင်ဖြစ်တာ တော်တော်ကြာသွားပါတယ်။ အမှန်တော့ နေ့တိုင်း တင်ဖို့ ကြိုးစားပေမယ့် ကွန်နက်ရှင်က စိတ်ပျက်ဖို့ကောင်းအောင် နေ့တိုင်း ကျနေတော့ ဘာမှကို တင်လို့ မရခဲ့တာပါ။ ကျွန်တော်ထင်တာ ကျွန်တော်တို့ မြို့နယ် PSTN မှာ တစ်ခုခုဖြစ်နေတယ်လို့ ထင်ပါတယ်။ အခြား မြို့နယ်တွေမှာ မဆိုးပါဘူး။

တစ်နေ့တစ်နေ့ cafe မှာ ကိုယ်လုပ်ချင်တာ ဘာမှမလုပ်ရဘဲ နေ့တိုင်းထိုင်နေရသလို ဖြစ်လာတော့ ကြာတော့ ကျွန်တော်လည်း စိတ်မရှည်တော့ဘူး =) နောက် ဒီရက်ပိုင်းမှာ နယ်က သူငယ်ချင်းတစ်ယောက် ရောက်လာတာနဲ့ သူနဲ့ အတူတူ လျှောက်လည်နေဖြစ်တယ်။ ကျွန်တော်တို့ ရန်ကုန်ကို သိပ်မပူဘူးနော်တဲ့ သူငယ်ချင်းပြောလို့ လန့်သွားတယ် ကျွန်တော် ဒီမှာ နေ့ဘက် ဘယ်နားနေရမှန်းတောင် မသိဘူး ပူတာ သူက သိပ်မပူဘူးနော်ဆိုတော့ မေးကြည့်တော မန္တလေးဘက်မှာ နေ့ဘက်ဆို ဒီမှာထက်ပူတယ် လို့ပြောတယ်။

အခုရက်ပိုင်းမှာ နေ့ဘက် သိသိသာသာပူလာတယ်လို့ ထင်တယ် နေ့ဘက်ဆို အပြင်တောင် မထွက်ချင်ဘူး ဒီရက်ပိုင်းတော့ ကျွန်တော် ပို့စ်တင်တာ နည်းနည်း နဲလိမ့်မယ်ထင်တယ် အဓိကက ကွန်နက်ရှင်ကျနေတာကြောင့် ဖြစ်ပြီး နောက်တစ်ခုက ဒီလထဲမှာ project နောက်ဆုံးတင်ဖို့ assignment တင်ဖို့တွေ နဲ့ ရှုပ်နေတာကြောင့်ပါ။ ကွန်နက်ရှင်ကောင်းရင်တော့ တက်နိုင်သလောက် တင်သွားမှာပါ။ ပျော်ရွှင်ပါစေ။

Technorati Tagtayzar44, Personal, Tay Zar

AddThis Social Bookmark Button

Children Of Bodom - Chaos Ridden Years

ဒီနေ့ အခွေဆိုင်မှာ ကျွန်တော်ရှာနေတဲ့ အခွေတစ်ခွေတွေ့လို့ ၀ယ်ဖြစ်ခဲ့တယ်။ လမ်းဘေးက အခွေဆိုင်တွေထက်စာရင် ဈေးကြီးပေမယ့် ကျွန်တော် လိုချင်လို့ ရှာနေတဲ့ အခွေမို့ တန်ပါတယ်။ Children Of Bodom ဆိုတဲ့ band ပေါ့။ သူတို့ရဲ့ live show CHAOS RIDDEN YEARS ပေါ့။ အဲဒီ live show ခွေရှာနေတာကြာပြီ အခြား MTV တွေ show တွေရှိပေမယ့် အဲဒါမရှိသေးလို့။ အမျိုးအစားက နားငြီးတဲ့ music ပေါ့ Melodic Metal မျိုးတွေ Vocal Alexi Laiho ရဲ့ signature guitar အကြောင်းတောင် အရင်က ကျွန်တော်ရေးခဲ့သေးတယ်။ ကျွန်တော့်ရဲ့ အခု ဘလောခ့် Reaper's Blog ဆိုတာ သူတို့ သီချင်းတစ်ပုဒ်နားထောင်ရင်း ကျွန်တော် နာမည်ပေးလိုက်တာလေ =)။ ဒီနှစ် ဖေဖော်ဝါရီလောက်က ကျွန်တော် အခုပုံမှာ ပြထားတဲ့ သူတို့ logo Reaper ပုံလေးတောင် ကျွန်တော် banner မှာ သုံးလိုက်သေးတယ်။ ကျွန်တော်ကတော့ သူတို့ သီချင်းတွေ ကြိုက်ပါတယ် ခုနကတောင် အိမ်မှာ ဂစ်တာလိုက်တီးခဲ့သေးတယ်။ သူငယ်ချင်းတို့လည်း YouTube ဘက်ရောက်ရင် သူတို့ Mtv တွေ ရှာပြီး နားထောင်ကြည့်ပါဦး။ Needled 24/7 လို သီချင်းတွေ မိုက်တယ်။ ဂစ်တာကတော့ တကယ် ကျွမ်းကျင်ကြတာပဲ သီချင်းတစ်ပုဒ်တစ်ပုဒ်ကို တီးလိုက်တဲ့ solo တွေ မနည်းကျင့်ယူရတယ်။ နောက်မှ သီချင်းတစ်ပုဒ်ချင်းစီ အကြောင်း ထပ်တင်ပေးပါဦးမယ်။ =)

Technorati TagChildren Of Bodom, COB, Alexi Laiho, Guitar Jackson, ESP Guitar, COBHC

AddThis Social Bookmark Button

My Google Adsense PIN Code Received!


ကျွန်တော့်ရဲ့ Google Adsense အကောင့် PIN Code ပို့စ်ကတ်လေး တနေ့က ရပါပြီ အခုတစ်ခေါက်ရအောင် Google မှာ ၂ ခါ request လုပ်လိုက်ရတယ်။ ပထမ တစ်ခေါက်တုန်းက ရောက်မလာဘူး။ တနေ့ကမှ sg က ၀မ်းကွဲအကိုဆီ စာရောက်လာတာ။ အမှန်တော့ GoogleAds ကထည့်ထားတာ ၇ လနီးပါးလောက်ရှိပြီ။ ပိုက်ပိုက်တွေ အများကြီးရနေတယ်လို့တော့ မထင်လိုက်ပါနဲ့ဦး အခုမှ 25 ပဲရပါသေးတယ်။ နိုင်ငံခြားက ဘလော့ခ်ဂါတွေနဲ့ ၀င်ငွေက မိုးနဲ့မြေလိုပဲ။ ကျွန်တော့် ၇ လစာက သူတို့ တစ်နေ့စာတောင် မမှီဘူး ဟီး ဟီး။ Google က Ads ပိုက်ဆံကို 100 ပြည့်မှ ငွေလွဲပေးတာပါ။ ၇ လကို 25 ဆိုတော့ ထားပါတော့ ၁ နှစ်ကို ၅၀ ၊ ကျွန်တော် ၂ နှစ်လောက်နေမှ ပိုက်ဆံထုတ်လို့ ရမှာပါ။ ပိုက်ဆံလိုချင်လို့ ဘလောခ့်ရေးတာ မဟုတ်ပေမယ့် Ads အတွေ့အကြုံလေးရအောင် ထည့်ထားတာပါ။ ဘယ်သူမှလည်း ကလစ်လုပ်တာ မတွေ့မိဘူး =) ဟီး ဟီး။ တကယ်တော့ GoogleAds ကသာ နေ့တိုင်း 0.001 တောင်ရချင်မှရတာ ကျွန်တော် cafe ကနေ ဘလောခ့်ရေးတာ တနေ့ကို 1$ ကျော်ကျော်လောက်တော့ ကုန်ပါတယ်။ ကျွန်တော် အခု 25 လောက်ရတာကလည်း သူငယ်ချင်းတို့ လာဖတ်ရင်း နှိပ်ပေးကြတဲ့ ကျေးဇူးကြောင့်ပါပဲ။ ပိုက်ပိုက် ထုတ်လို့ရရင် ကော်ဖီလိုက်တိုက်ပါဦးမယ် =) ။ တကယ်တိုက်မှာနော်။ သူငယ်ချင်းတို့လည်း GoogleAds နဲ့ ပိုက်ပိုက်ရှာချင်ရင် အောက်က လင့်ကို ကလစ်နှိပ်ပြီး sign up လုပ်နော် အဲဒီလိုလုပ်ရင် ကျွန်တော် ညွန်းပေးခ ပိုက်ပိုက်နဲနဲ ရတယ်။ =)


AddThis Social Bookmark Button

သင်္ကြန်မှာ ဘာလုပ်မလဲ

တဖြည်းဖြည်းနဲ့ သင်္ကြန်တောင် နီးလာပြီ ကျွန်တော် ဒီနှစ် သင်္ကြန်ဘာလုပ်ရမယ်မှန်း အခုထိမသိသေးဘူး။ သူငယ်ချင်း တော်တော်များများက ခေါ်ကြတယ် သူတို့တွေ မဏ္ဏပ်တွေမှာ လိုက်ထိုင်ပါလားတဲ့။ ၄ ရက် ၅ သောင်း၊ ၄ သောင်းလောက်လို့ ဆိုပါတယ်။ သူငယ်ချင်း အချို့က သင်္ကြန်မှာ မလည်ပဲ ဘီယာသောက်ပြီး အေးဆေးနေမယ်တဲ့။ သူငယ်ချင်း အချို့က အိမ်မှာပဲ နေမယ်တဲ့။ ကျွန်တော်ကတော့ ဘာလုပ်ရမယ်မှန်း မသေချာသေးဘူး။ အရင်နှစ်တွေကဆိုလည်း ကျွန်တော် အိမ်မှာ လျှောက်လည်မယ်ဆိုပြီး မုန့်ဖိုးတောင်းပြီး မနက်ကို ကျောပိုးအိပ်ထဲ စားစရာ အပြည့်ထည့်ပြီး တနေကုန် ကျွန်တော်သွားချင်တဲ့ဆီ taxi ငှားပြီး လျှောက်သွားနေကျ အခု အဲဒီလို သွားဖို့ ၀ါသနာတူ ဘော်ဒါကလည်း မတွေ့တာကြာပြီဆိုတော့ ဒီနှစ် ဘာလုပ်ရမှန်း မသိတော့ဘူး။

ကျွန်တော်က လျှောက်လည်ရတာ မဏ္ဏပ်မှာထိုင်ရတာတွေထက် စာရင် အဲဒီလို taxi ငှားပြီး ကြည့်ချင်တဲ့ music band တွေရှိတဲ့ မဏ္ဏပ်သွားပြီး ရှိုးကြည့်ရတာ ၀ါသနာပိုပါတယ်။ Taxi နဲ့ဆိုတော့ ဈေးကြီးပေမယ့် ကားပိတ်တဲ့ နေရာရောက်ရင် ရပ်ခိုင်းပြီး လမ်းလျှောက်သွားရုံပဲ ကားနဲ့လည်မယ်ဆို အဲဒီလို ကားထားပြီး လျှောက်သွားလို့ မှမရဘဲ။ အခုတော့ အရင် လိုက်နေကြ သူငယ်ချင်းလည်း မရှိတော့ (သဘောင်္ လိုက်သွားတယ် ထင်တယ်) အခုနှစ်ဘာလုပ်ရမယ် မှန်းမသိတော့ဘူး။ သင်္ကြန်အိမ်မှာပဲနေပြီး ဟော်လို ဂစ်တာ ကောင်းကောင်းတစ်လက် စိတ်ကြိုက် ဒီဇိုင်းနဲ့ လုပ်ရင် ကောင်းမလားလို့ စဉ်းစားနေမိတယ်။
သူငယ်ချင်း တချို့ကတော့ သူတို့နဲ့လိုက်ပြီး မဏ္ဏပ်မှာထိုင်ဖို့ပြောတယ် ကျွန်တော်က အဲဒါကျတော့ စိတ်မပါဘူး ပိုက်ဆံပေးရပြီး ကျွန်တော်က ရေပက်မယ့်သူ မဟုတ်ဘူးလေ ပြီးတော့ ဘီယာလေးသောက်ပြီး ကနေရအောင်ကလည်း ကျွန်တော်က ဘီယာတွေ အရက်တွေ မသောက်တတ် ကလည်း မကတတ်ဘူး။ မဏ္ဏပ်က ပြီးတော့ ခိုင်ပါ့မလား =) ပြီးတော့ ပိုက်ဆံနှမြောတယ်။ ကားနဲ့လည်း မလည်ချင်ဘူး နေပူပြီး ကားလမ်းပိတ်ရင် အသားမည်းတာ အဖတ်တင်တာပဲ။ ဒါမှမဟုတ် Gibson les paul ဒီဇိုင်းနဲ့ ကျွန်တော့်စိတ်ကြိုက် ဂစ်တာ တစ်လက်လုပ်လိုက် တော့ရင်ကောင်းမလား စဉ်းစားနေမိတယ်။ အခုလောလောဆယ်တော့ မြို့တော်ခန်းမရှေ့မှာ မဏ္ဏပ် စဆောက်နေပြီ။ ပြီးတော့ သင်္ကြန်မှာ အိမ်နားက cyber cafe တွေဖွင့်ပါ့မလား လည်း မသိရသေးဘူး။ သင်္ကြန်အကြို မတိုင်ခင် တစ်ရက်မှာတော့ သူငယ်ချင်းတွေရဲ့ underground bands တချို့ စုပြီးလုပ်တဲ့ ရှိုးပွဲ တစ်ပွဲ ရှိတယ်။ အဲဒီတော့ သွားဖြစ်လိမ့်မယ် ကျွန်တော့်ကိုတောင် တီးဖို့ခေါ်နေသေးတယ် ဒါပေမယ့် ကျွန်တော် မကျွမ်းကျင်လို့ မတီးဖြစ်ဘူး။ လောလောဆယ် သေချာတာကတော့ ဂစ်တာလုပ်ဖို့ပဲ ဖြစ်နေတယ်။ သူငယ်ချင်းတို့ရော သင်္ကြန်မှာ ဘာလုပ်ကြမလဲ =) ။ သင်္ကြန်မှာ လူတွေ အန္တရာယ်ကင်းဖို့ ဆုတောင်းပါတယ်။ လူတွေက အရက် သောက်ပြီး မူးကြပြီး ရန်ဖြစ်ကြနဲ့ ဖြစ်တတ်ကြတယ်။ နောက် မဏ္ဏပ် တွေလည်း ခိုင်ခိုင် ဆောက်လိမ့်မယ်လို့ မျှော်လင့်မိတယ်။

Technorati Tagwater festival, H2O festival, Thin Gyan, Tha Gyan, Myanmar, Burma

AddThis Social Bookmark Button

Hacking is Fun?

အရင် ၄ ရက်လောက်က ကျွန်တော်ကျောင်းမှာ သုံးတဲ့ စက်မှာ မထင်မှတ်ပဲ keylogger တစ်ခုထည့်ထားတာ တွေ့လိုက်ရတယ်။ အမှန်ဆို သတိထားမိဖို့ မလွယ်ဘူး။ ကျွန်တော်က အင်တာနက်သုံးတိုင်း portable browser နဲ့ပဲ သုံးတာဆိုတော့ browser firefox က extension တွေထည့်တာများသွားတော့ ချက်ချင်းမတက်ဘူး။ ဒါကြောင့် အမြဲဖွင့်တိုင်း Firefox ကို task manager က process မှာ firefox ကို priority မှာ အမြဲမြင့်ပေးနေကျဆိုတော့ ဖွင့်လိုက်တော့ အဲဒီမှာ keylogger ဆိုတဲ့ အကောင် run နေတာတွေ့ရတာပဲ။ ဒါနဲ့ မသိတော့ gtalk မှာ စခါစက password ရိုက်လိုက်မိတော့ ချက်ချင်း password ပြောင်း ရတယ်။ password ပြောင်းတော့ အသစ်ပြောင်းတာကို ရိုက်မထည့်ပဲ အိမ်က ယူလာတဲ့ notepad ထဲက စကားလုံးတစ်လုံးကို အသစ်ပြောင်းလိုက်တယ်။ ကျွန်တော်နဲ့ တွေ့တဲ့ keylogger မှာ snap ဖမ်းတဲ့ဟာ တော့ မပါတော့ နဲနဲလှည့်လို့ရသေးတယ်။ နောက် အဲဒီ keylogger အကောင်ကို uninstall လုပ်ဖို့လုပ်တော့ ဒီကောင်က password တောင်းတယ်။ မရဘူး။ ဒါနဲ့ registry မှာ သူ့ကိုလိုက်ရှာပြီး ဖျက်ရတယ်။ ပြီးတာနဲ့ ချက်ချင်း အဲဒီ keylogger name နဲ့ uninstall လုပ်ဖို့ လိုက်ရှာရပြန်ရော။ ကျောင်းမှာတော့ စက်ထဲမှာ keylogger တွေ့ရပေမယ့်။ အမြဲသုံးနေကျ အိမ်နားက ကဖေးမှာတော့ မတွေ့မိဘူး။ သူတို့က ဒါမျိုးလုပ်လိမ့်မယ်လို့လည်း မထင်ဘူး။

အဲဒီအကောင်ကို ဘယ်သူသွင်းသွားလည်းတော့ ကျွန်တော်လည်း မသိဘူးဗျ။ ကျွန်တော်စက်မှာ ထိုင်တော့ ကျွန်တော့်အရှေ့က သုံးသွားပုံရတဲ့ သူရဲ့ အကောင့်နာမည်ကို Gtalk မှာ တွေ့ရတယ်။ နောက် ကျွန်တော်တို့ စာသင်ပြီးတော့ ကျွန်တော့်ဘေးက စက်မှာ တစ်ယောက်လာထိုင်တယ် သူသုံးတာ ခုနက ကျွန်တော့်စက်မှာတွေ့ရတဲ့ Google အကောင့်ပဲ ပြီးတော့ အဲဒီတစ်ယောက် ကျွန်တော့်စက်ဘက်ကို မသိမသာကြည့်နေတာတော့တွေ့ရတယ်။ ကျွန်တော်လည်း အသေအချာတော့မပြောနိုင်ဘူး။ ထားပါလေ ဒီလို သူများ အကောင့်ကို ခိုးဖို့ကြိုးစားတာကတော့ တကယ်စိတ်ပျက်ဖို့ ကောင်းတဲ့ အလုပ်ပဲဗျာ။ ကျွန်တော် screenshot ဖမ်းတာကို လက်ခံနိုင်သေးတယ် ဒီလို အကောင့်ခိုးတာတော့ လုံးဝစိတ်ပျက်တယ်ဗျာ။ ကျွန်တော်မှာ ဒီအကောင့် အခိုးခံရပြီဆိုရင် အခုရေးနေတဲ့ ဘလော့ခ်တောင် ရေးလို့ရမှာမဟုတ်တော့ဘူး။ ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေပဲဗျ။ ကျွန်တော်တို့ တစ်ခုခုလုပ်တော့မယ်ဆိုရင် ပထမဆုံး ခံရမယ့်သူနေရာကနေ အရင်ခံစားကြည့်သင့်တယ်လို့ထင်တယ်။ အပျော်လုပ်တာပဲဖြစ်ဖြစ် အတည်ပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒီလိုမျိုးတွေ hacker တွေဘာတွေ လုံးဝ စိတ်ပျက်တယ်။ သူများကို ဒုက္ခရောက်အောင်လုပ်ရတာ ပျော်စရာကောင်းတယ်လို့ မထင်မိဘူးဗျာ။ သူများကို hacking လုပ်ရတာ ပျော်စရာကောင်းမကောင်း ကိုယ်တိုင်ခံရမှ သိမှာပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကြုံရင် hacking ဆိုဒ်တွေမှာ ၀င်ဖတ်ပေမယ့် သူများ ဒုက္ခရောက်အောင်မလုပ်ဘူး။ ကိုယ့်ဘာသာကိုယ် သိထားရုံနဲ့ ကိုယ့်ဖာသာကာကွယ်နိုင်အောင်ပဲ ဖတ်တယ်။ မိတ်ဆွေတို့လည်း သူများကို hack ခါနီးရင် စဉ်းစားပါ ငါလုပ်တာ ပျော်စရာကောင်းရဲ့လားလို့။

Technorati TagKey Logger, Hacking, Tracking

AddThis Social Bookmark Button

Happy Valentine

ဒီနေ့ Febuary 14 ရက်နေ့ဆိုတော့ Valentine's Day ပေါ့။ ဒီနေ့ ချစ်သူများနေ့ဆိုပြီး ဘယ်သူများ သတ်မှတ်ခဲ့ပါလိမ့် =) ကျွန်တော့် အတွက်တော့ ဘယ်သွားသွား အဆင်မပြေတဲ့နေ့ပဲ ဖြစ်လိမ့်မယ်။ ဘယ်နေရာသွားသွား စုံတွဲတွေတွေ့ရလိမ့်မယ်။ ကျွန်တော်ကတော့ တစ်ယောက်တည်းနေတာ အကျင့်လိုဖြစ်နေပါပြီလေ။ ဒီရက်တွေမှာ တကယ်တော့ နေရတာတမျိုးကြီးပဲ တစ်ယောက်ယောက်ကို သတိရနေရ သလိုပဲ သီချင်းနားထောင်ရင်လည်း အချစ်သီချင်းပေါ့သီချင်းတွေ နားထောင်မိတယ်။ မဖြစ်ဘူး သီချင်းနားထောင်ရင် စိတ်က တစ်ယောက်ယောက်ကို လွမ်းချင်လာလိမ့်မယ်ဆိုပြီး ခဏတိုင်း rock, metal, punk တွေနားထောင်ပြီး အော်ဆိုပြီး ပေါက်ကွဲနေလိုက်တယ်။ စိတ်ပျော့နေလို့တော့ မဖြစ်ဘူးပေါ့။ တကယ်တော့ ဒီရက်တွေရောက်တိုင်း တစ်ယောက်တည်းပဲ ဖြစ်နေတာ ငယ်ငယ်ကတည်းကပဲလေ။ တခါတလေတော့လည်း ကိုယ့်ကိုနားလည်ပေးမယ်သူတစ်ယောက်လောက် လိုချင်သလိုလိုဖြစ်တတ်တယ်၊ တစ်ခါတလေတော့လည်း တစ်ယောက်တည်းနေရတာ က ပိုကောင်းတယ်လို့ ခံစားမိတယ်။

တကယ်တော့ ကျွန်တော်က မိန်းကလေးကို လိုက်ပြောလို့ ဘော်ဒါတွေ ပြောလည်း မလုပ်ရဲဘူး။ မျက်လုံးချင်ဆုံရင်တောင် ကျွန်တော်ကပဲ အရင် ခေါင်းငုံတယ်။ ဘော်ဒါတွေနဲ့ဆို ရယ်စရာတွေပဲမနားတန်းပြောနိုင်ပေမယ့် မိန်းကလေးတွေရှေ့မှာကျ စကားတောင်မပြောရဲဘူး။ အဲဒီတော့ တစ်ယောက်တည်းဖြစ်တာ အဆန်းမဟုတ်ပါဘူးလေ။ တခါတလေတော့လည်း စိတ်ကူးယဉ်ကြည့်တယ် ကျွန်တော့်ကို နားလည်ပေးနိုင်မယ် ပြီးတော့ အရယ်သန်မယ် ဘာလို့လည်းဆိုတော့ ကျွန်တော်က ရယ်စရာပြောရတာ ၀ါသနာပါတယ်လေ။ လမ်းလျှောက်ရတာ ၀ါသနာပါမယ် ကျွန်တော်က လမ်းအရမ်းလျှောက်တယ်။ စကားမပြောဘဲ နေ၀င်တာကို အတူကြည့်မယ်။ နောက် သီချင်းအတူတူနားထောင်မယ်။ အဲဒီလိုမျိုးတွေတော့ စိတ်ကူးယဉ်တတ်တယ်။ တကယ်တော့ အပြင်မှာတော့ ထပ်တူမကျနိုင်ဘူးလေ။ ဟား ဟား တစ်ခါတလေတော့လည်း တစ်ယောက်တည်းနေရတာ ကောင်းတယ်လို့ထင်တယ်။ တစ်ယောက်တည်းနေ တစ်စိတ်တည်းထားပေါ့။ ဘာလို့လည်း ဆိုတော့ တခါတလေ ကိုယ့်စိတ်နဲ့ ကိုယ်တောင် မတည့်ချင်ဘူးလေ သူများနဲ့ တည့်ဖို့နေနေသာသာ။ တခါတလေပေါ့ ကိုယ်က ဥပမာ စိတ်က ဂိမ်းဆော့ချင်တယ် ဒါပေမယ့် လူကနေမကောင်းတော့ မထနိုင်ဘူး အဲဒါမျိုးတောင်ဖြစ်သေးတာပဲ နှစ်ယောက်သာတွဲနေရရင် ပိုဆိုးမှာပဲ။

တခါတလေတော့လည်း တစ်ယောက်ယောက်ကို မိုးတွေအုံ့ပြီးမှောင်ကျနေတဲ့ နေ့မှာ လက်အတူတွဲပြီး ကောင်းကင်ကို ကြည့်ချင်တယ်။ တခါတလေ မိုးရွာရင် တစ်ယောက်ဆောင်းထီးနဲ့ နှစ်ယောက်ဆောင်းပြီး သွားချင်ခဲ့တယ်။ အဲဒီအချိန်မှာ လမ်းပေါ်က လူတချို့က ကျွန်တော်တို့ကို သီချင်းလေးတစ်ပုဒ်ဆိုပြီး နောက်လိမ့်မယ်ထင်တယ်။ ပြီးရင် ပုဝါလေးနဲ့ ရေစိုနေတဲ့ ဆံပင်တွေကို ရေသုတ်ပေးချင်တယ်။ တခါတလေတော့လည်း သီချင်းတွေကို cdနဲ့ ကူးပြီး ပေးချင်ခဲ့တယ်။ Moffatts, M2M သီချင်းတွေနားထောင်ရင်းလည်း သတိရချင်တယ်။

ဒီနေ့တော့ ကံဆိုးတဲ့နေ့ပဲ mp3 က နားကျပ်တစ်ဖက်ပျက်သွားတယ်။ ဒီတစ်ခါနဲ့ ၈ ခုလောက်ရှိပြီပျက်တာ။ Valentine ဆိုတာ တကယ်တော့ ပျင်းစရာကြီးပဲ =) ကျွန်တော့်အတွက်မှမဟုတ်တာ။ ချစ်သူရှိလည်း ဒီနေ့မှာ ဘယ်မှသွားမှာမဟုတ်ဘူး လူတွေကို မျက်စိနောက်လို့ နောက်ရက်မှ လျှောက်လည်မိမှာပဲ။ ဒီနေ့က အတော်ပျင်းဖို့ကောင်းတဲ့ရင်ပဲ သင်္ကြန်အကြိုမတိုင်ခင် ညလောက်တောင် စိတ်လှုပ်ရှားဖို့ မကောင်းဘူး။ တကယ်တော့ တစ်ယောက်တည်းနေတာပဲ ကောင်းပါတယ်လေ။ ထားလိုက်တော့ ဒီနေ့က ကျွန်တော့်အတွက် မဟုတ်ဘူး ကျွန်တော့်အတွက်နေ့က မနက်ဖြန်မှစမှာ =) ။ ဘာပဲပြောပြော Valentine's Day မှာ ချစ်သူတွေ ပျော်ရွှင်ကြပါစေ။

AddThis Social Bookmark Button

ကျွန်တော့်နဲ့ အခုတလော

ကျွန်တော် အခုတလော ဘလောခ့်ကို ပို့စ်အသစ်မတင်နိုင်ဘူး ဖြစ်နေခဲ့တယ်။ အင်တာနက်လည်း မသုံးဖြစ်ဘူး ဖြစ်နေလို့ အရင် linux အကြောင်းမေးထားတဲ့ ပို့စ်ပြီးကတည်းက ပထမ ဟာ့ဒစ်တစ်လုံး ၀ယ်လိုက်ပြီး linux တွေ တစ်ခုပြီးတစ်ခု တင်လိုက် error တက်လိုက်နဲ့ အင်တာနက်တောင် မသုံးဖြစ်တော့ဘူး။ မီးကလည်း ကျွန်တော်တို့ မြို့ထဲပိုင်းတွေတောင် အခု အလှည့်ကျစနစ်နဲ့ ဖြစ်နေတော့ အင်တာနက်ကဖေးသွားလည်း မီးစက်သံတွေနဲ့ နားငြီးတာနဲ့ ဘလောခ့်ရေးရမှာ ပျင်းနေခဲ့တယ်။

linux က ကွန်မန့်မှာ အကြံပေးခဲ့တဲ့ ကို MBl0gger, အမ သဉ္ဖာ, နောက် ဘယ်သူမှန်းမသိတဲ့ Annoymous တို့ အကြံပေးတဲ့ အတိုင်း ကျွန်တော် တစ်ခုပြီးတစ်ခု အိမ်မှာစမ်းနေတာ။ ပထမ မြို့ထဲမှာ အခွေလိုက်ရှာတော့ linux အခွေတွေက version တွေက တော်တော်နိမ့်တာတွေပဲ တွေ့တယ်။ Ubuntu လိုက်ရှာတော့ ဘယ်မှာမှမတွေ့ဘူး ဒါနဲ့ Ubuntu နဲ့တူတယ်ဆိုတဲ့ gOS အခွေဝယ်လာပြီး စမ်းတင်ကြည့်လိုက်တယ်။ gOS က GUI တွေက အစိမ်းရောင်တွေ ကြည့်ပဲ ဒါကြောင့် gOS လို့ပေးထားတယ်မှတ်နေတာ မဟုတ်ဘူးဗျ Google App တွေ ထည့်ထားလို့ gOS ခေါ်တာတဲ့။ ဒါပေမယ့် သုံးရတာ ကျွန်တော်တော့ အဆင်မပြေဘူး အစိမ်းရောင်တွေကြည့်ပဲ ကြည့်ရလည်းဆိုးတယ်။ ဒါနဲ့ နောက်ထပ်မြို့ထဲမှာ အခွေရှာထွက်ရပြန်တယ် နောက်တော့ ဆိုင်တစ်ဆိုင်မှာ Red Hat, openSUSE, Fedora ခွေသုံးခွေ အသစ်တွေ့တာနဲ့ ၀ယ်ပြီး ပြန်စမ်းပြန်တယ် ခင်ဗျ။

ပထမ Red Hat တင်တယ် မဆိုးဘူးခင်ဗျ။ အဆင်ပြေတယ်။ နောက် Fedora တင်ကြည့်တယ် သူလည်း အဆင်ပြေတယ်။ GUI ကြိုက်တယ်။ နောက် openSUSE တင်ကြည့်တယ်။ သူလည်း အဆင်ပြေတယ်။ GUI လည်းလှပါတယ် ဒါပေမယ့် start button နေရာက ပုတ်သင်ညိုလို အကောင်ကြီးတော့ ကြည့်လို့မရဘူး။ တင်ကြည့်တာ linux အားလုံး အဆင်ပြေပါတယ် ခင်ဗျ။ ဒါပေမယ့် ကျွန်တော်တင်တာ Hard Disk တစ်လုံးထဲမှာ partition 6 ခုခွဲပြီး ပထမဆုံး Windows Server 2003 တင်ပါတယ်။ နောက် XP ။ နောက် Vista ပြီးမှ linux တွေတင်တာခင်ဗျ။ တင်လိုက်ရင် linux တစ်ခုတင်လိုက်ရင် အရင်တင်ထားတဲ့ linux ကို boot တက်တဲ့ အချိန်မှာ OS ရွေးခိုင်းတဲ့ အချိန်မှာ မမြင်ရတော့ဘူး ခင်ဗျ။ ကျွန်တော်တင်တုန်းက gOS စတင်တာခင်ဗျ။ ပြီး Red Hat လည်းတင်ရော gOS ကိုမမြင်ရတော့ဘူး။ Red Hat ပြီးတော့ Fedora တင်လည်း အဲဒီလိုပဲ Red Hat မမြင်ရတော့ဘူး။ Partition မတူတဲ့နေရာတွေမှာတင်တာပါပဲ ဒါပေမယ့် ဘယ်လိုဖြစ်လည်း ဆိုတာ သိတဲ့သူများ ပြောပေးကြပါဦး ခင်ဗျာ။ ကျန်တဲ့ Windows OS ၃ ခုကတော့ မပျောက်ပါဘူး ဘာတင်တင် ပျောက်တာက အရင်တင်တဲ့ linux ပါပဲ။ နောက်ဆုံးတင်တဲ့ linux ပဲ ပေါ်ပါတယ်။ ကျွန်တော်ထင်တာကတော့ boot တက်တဲ့ အချိန်မှာ OS ရွေးခိုင်းတဲ့နေရာမှာ linux အကုန်လုံးက အမြဲလိုလို သူတို့ OS ကို default ထားပြီး နောက်ခံပုံတွေကို သူတို့ OS ဒီဇိုင်းပြောင်းတာတွေ့တယ်ခင်ဗျ။ အဲဒီဖိုင်တွေ အချင်းချင်း ထပ်ကုန်လို့လို့ထင်တာပဲ ခင်ဗျ။


g | OS


လောလောဆယ်တော့ မြို့ထဲကဆိုင်မှာ Ubuntu 7.10 အခွေရှာလို့တွေ့ပါပြီ။ စမ်းတင်ကြည့်လိုက်ဦးမယ်။ Kubuntu ကတော့ ရှာလို့မတွေ့သေးဘူး။ ဒေါင်းလုဒ်လုပ်ဖို့ကတော့ မလွယ်ဘူး ကဖေးကသုံးတာဆိုတော့ အဲဒီဖိုင် ဒေါင်းလုဒ်လုပ်ရင် တစ်လလောက် ပိုက်ဆံပြတ်သွားနိုင်တယ် =)။ ကွန်နက်ရှင်ကလည်း mp3 တောင် ဘုရားတ ဒေါင်းလုဒ်လုပ်ရတာ =) ။ လောလောဆယ်တော့ အိမ်မှာ စက်မြင့်လိုက်လို့ ဂိမ်းတွေဆော့လို့ရသွားပြီ။ ဂိမ်းမဆော့ဘူးတာ တော်တော်ကြာပြီခင်ဗျ။ အရင် စက်က graphic က 64 ပဲရှိတာ ပြီးတော့ တော်တော်ရွဲနေပြီ စာလုံးသေးလေးတွေဆို ဖတ်လို့မရဘူး။ ၃ ရက်လောက်မြို့ထဲမှာ စက်မြင့်ဖို့ ဆိုင်တော်တော်များများ (အကုန်နီးပါး) ဖုန်းနဲ့ တမျိုး လူကိုယ်တိုင်ကော ဈေးတွေလျှောက်မေးပြီးမှ ဈေးလည်းမှန် ပစ္စည်းလည်း မှန်တဲ့ဆိုင်ကို ရှာပြီးဝယ်လိုက်တာ ဘလောခ့်တောင် မရေးအားဘူး ဖြစ်သွားတယ်။ အခုဆို ကွန်ပျူတာပစ္စည်း ၀ယ်ချင်ရင် ကျွန်တော်လမ်းညွှန်ပေးလို့ရပြီ =) တချို့ဆိုင်တွေက သက်သာတယ် 4 ထောင် ၅ ထောင်လောက်ကွာတယ်။ ကျွန်တော်ဝယ်တဲ့ mainboard ဆိုရင် တချို့ဆိုင်တွေက တရားဝင် ကိုယ်စားလှယ်က မယူထားဘဲ နယ်စပ်က သွင်းတဲ့ဆိုင်တွေဆို warranty 1 နှစ်ပဲပေးကြတယ် တရားဝင်ကိုယ်စားလှယ်ဆီက ယူတဲ့သူတွေက ၂ နှစ်ပေးတယ်။ ဈေးကျတော့လည်း လျှော့ပေးသေးတယ် ၁ သောင်းကျော်တောင်ကွာတယ်။ ပိုက်ဆံ နဲနဲပဲကွာပေမယ့် အဲဒီလို ဈေးသက်သာတဲ့ ဆိုင်က၀ယ်လိုက်တော့ နောက်ထပ် RAM တစ်ကဒ်ဖိုးလောက်တော့ ရနိုင်တယ် မဟုတ်လား။ အခုတော့ အဆင်ပြေသွားပါပြီ ဘလောခ့်ပြန်ရေးပါတော့မယ်။

AddThis Social Bookmark Button

Me & Thumb Drive

မင်္ဂလာပါ။ ကျွန်တော်ပြီးခဲ့တဲ့ရက်တွေမှာ အဆင်မပြေတာတွေမရှိလို့ ပို့စ်မတင်ဖြစ်ခဲ့ဘူး။ အခုပြန်တင်ပါပြီ။ ပြီးခဲ့တဲ့ရက်တွေက ကျွန်တော့်ရဲ့ Thumbdrive (mp4) ကို သူငယ်ချင်းတစ်ယောက်က MTV က ရှိုးပွဲတစ်ပွဲ ကူးစရာရှိလို့ ဆိုပြီးငှားသွားတာ။ လာမပေးသေးတော့ ကွန်တော်ပို့်စ် အသစ်တင်လို့ မရဘူးခင်ဗျ။ ကျွန်တော်က cyber cafe က သုံးတာဆိုတော့ အဲဒီ drive မရှိရင် ဘာမှလုပ်လို့ မ၇ဘူးခင်ဗျ။ ကျွန်တော်က ဘလောခ့်ပို့စ်တွေကို အိမ်မှာပဲ notepad နဲ့ကြိုရေးထားတာ ပြီးမှ cafe ရောက်မှ ကူးထည့်တာ။ နောက် Portable Firefox ကိုပဲ သုံးတာဆိုတော့ အမြဲ drive ကလိုပါတယ်။ Portable Firefox ဆိုတော့ အဲဒီထဲမှာပဲ bookmark တွေ extension တွေနဲ့ပဲ အလုပ်လုပ်တာဆိုတော့ အဲဒါမရှိတော့ ဘာမှကို လုပ်ချင်စိတ် မရှိတော့ဘူး။ Blogger ကိုလည်း အမြဲအဆင်ပြေအောင် ပြန်ရင် log out မလုပ်ဘူးခင်ဗျ။ နောက်တစ်ခါပြန်ဖွင့်ရင် log in ၀င်စရာမလိုတော့ဘူး ပေါ့ခင်ဗျ။ ပြောရင် ယုံချင်မှ ယုံမယ် Blogger ကို log in ၀င်ဖို့ကို ဒီမှာ နာရီဝက်လောက်ကြာတယ်ခင်ဗျ။ ဒါတောင် တခါတလေ အချိန်ပိုပါသေးတယ်။ Bagan က Blogger ကို လုံးဝဘန်းထားတယ်။ MPT က မဘန်းထားဘူးခင်ဗျ ဖွင့်ရင်တော့ စောင့်ပေတော့ပဲ refresh လုပ်ရတာကိုက အကြိမ်မနည်းပဲ။ တက်လာပြန်တော့ ကွန်နက်ရှင်ကမကောင်းတော့ log in page တက်လာပေမယ့် log in ၀င်ဖို့နေရာတောင်မပေါ်သေးဘူး done ဖြစ်သွားရောပဲ။ အဲဒီလိုကြာတတ်တာက Portable Firefox လေးရှိတော့ အဆင်ပြေတယ်ခင်ဗျ။ restore session လုပ်လိုက်တာနဲ့ Create post ကို တန်းတက်လာတော့ အဲဒီ ဒုက္ခမကြုံရဘူးခင်ဗျ။ drive လည်းမရှိရော ရေးပါမယ်ဆိုတာတောင် တက်မလာတာဗျာ =( ထားပါလေ နိုင်ငံခြားသားတွေကို ဒီက ကွန်နက်ရှင်အကြောင်း ဗဟုသုတ ရအောင် ပြောလို့ရတာပေါ့ဗျာ။ စကားမစပ်ဗျာ - drive အခုပြန်ရပြီ ဖိုင်တွေ ပျက်နေလို့ format ချလိုက်ရတာ အရင် Portable Firefox က bookmark တွေ extension တွေ theme တွေ အကုန်ပြောင်ပါလေရောဗျာ။ အဲဒီဖိုင်တွေ ဘယ်နားရှာရမယ်တောင် မသိတော့ဘူး။ အစကပြန်စနေရတယ်ဗျာ။ အခုတော့ အဆင်ပြေသွားပါပြီ ပို့စ်တွေပြန်ရေးပါတော့မယ်။

Technorati TagFirefox, Firefox 3 beta 2, Tay Zar, Blogger

AddThis Social Bookmark Button



Earn $$ with WidgetBucks!

RecentPosts

RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font