Please + Me
ကျွန်တော့် ဘလောခ့်နဲ့ ပက်သတ်ပြီး တောင်းဆိုချင်တာလေးတွေရှိတယ်ဗျ။ အဲဒါလေးတွေကို photoshop နဲ့ ပုံဆွဲထားတယ်။ ကြည့်ကြည့်ပါဦး။
ကျွန်တော်ပြောချင်တာကဗျာ ကျွန်တော့် ဘလောခ့်မှာ ပို့စ်နဲ့ သက်ဆိုင်တာလေးတွေ ရေးမယ်ဆိုရင် ကွန်မန့်မှာ ရေးပေးခဲ့စေချင်ပါတယ်။ အခုဆိုရင် Blogger Comment က အရင်လိုမဟုတ်တော့ပါဘူး အလွယ်တကူရေးလို့ ရနေပါပြီ။ Wordpress လိုပဲ အကောင့်မရှိလည်း nick name, link နဲ့ ရေးလို့ရတာပဲ။ အဲဒီလိုရေးတော့ ပိုတောင်ကောင်းပါသေးတယ်။ Pagerank အတွက်ရနိုင်တယ်လေ ကျွန်တော် No Follow ဖြုတ်ထားပါတယ်။ နောက် Recent Comment ထည့်ထားပါတယ်။ Index နှစ်ခါရနိုင်ပါတယ်။ ကွန်မန့်ကသိပ်မမျှော်လင့်ပါဘူး ကျွန်တော့်လို နည်းပညာ၊ ဘလောခ့်၊ ဟာသ ရေးနေတဲ့ မိတ်ဆွေ ဘလောခ့်တွေလည်း ကွန်မန့်မရှိတာ အတူတူပါပဲ =) ။ ကွန်မန့်မရေးရင်လည်း rate လေးတော့ နှစ်သက်သလို ပေးသွားခဲ့ကြ ပါခင်ဗျာ။ ကျန်တာတွေကတော့ မိတ်ဆွေတို့ သဘောပါပဲခင်ဗျာ။
