Microsoft wants to buy Yahoo!!
ဒီနေ့ အတွက် RSS Feed တွေဖတ်ကြည့်ရင်းနဲ့ ကျွန်တော် subscribe လုပ်ထားတဲ့ ဆိုဒ်၊ ဘလောခ့်တော်တော်များများမှာ ဒီနေ့ သတင်းထူး တွေ့လိုက်ရတယ်။ Microsoft က search engine Yahoo!! ကို $ 44.6 Billion နဲ့ဝယ်မလို့ဆိုပါလား။ ဒီ Microsoft က Yahoo!! ကို ၀ယ်ချင်လို့ဆိုပြီးသတင်းတွေ အရင်နှစ်တွေကလည်း ထွက်ခဲ့ဘူးပါ။ Opensource Software တွေ OS တွေနေရာရနေတဲ့ ဒီနေ့လို အချိန်တွေမှာ Microsoft က သူ့ရဲ့ အဓိက၀င်ငွေ Windows OS နဲ့ အခြား ဆော့ဝဲတွေသက်သက်နဲ့ ရပ်တည်ဖို့ ခက်ခဲလာလို့ web ပေါ်မှာပါ နေရာရချင်ပုံရပါတယ်။ Yahoo!! ကလည်း သူ့ရဲ့ ပြိုင်ဖက် Google ကို ယှဉ်ပြိုင်ဖို့ ခက်ခဲလာပြီး နှစ်စဉ်ဝင်ငွေလည်း ကျကျလာလို့ အခြေအနေ ဟန်ပုံမရပါဘူး။ Yahoo!! က ၂၀၀၇ နှစ်လည်လောက်တုန်းက MyBlogLog ကိုဝယ်လိုက်ပါသေးတယ်။ ဒီအတိုင်းဆို ကျွန်တော်တို့သုံးနေတဲ့ MyBlogLog Community က Microsoft ဆီရောက်တော့မှာပေါ့ =) ။ ဘာပဲဖြစ်ဖြစ်လေ သူတို့နှစ်ခုပေါင်းတာကနေ Google လို free service တွေ ပေးနိုင်ပါ့မလားလို့ပဲ စိတ်ဝင်စားတယ်။
"We have great respect for Yahoo!, and together we can offer an increasingly exciting set of solutions for consumers, publishers and advertisers while becoming better positioned to compete in the online services market," said Steve Ballmer, chief executive officer of Microsoft.
Read More

