ကျွန်တော့်နဲ့ အခုတလော
ကျွန်တော် အခုတလော ဘလောခ့်ကို ပို့စ်အသစ်မတင်နိုင်ဘူး ဖြစ်နေခဲ့တယ်။ အင်တာနက်လည်း မသုံးဖြစ်ဘူး ဖြစ်နေလို့ အရင် linux အကြောင်းမေးထားတဲ့ ပို့စ်ပြီးကတည်းက ပထမ ဟာ့ဒစ်တစ်လုံး ၀ယ်လိုက်ပြီး linux တွေ တစ်ခုပြီးတစ်ခု တင်လိုက် error တက်လိုက်နဲ့ အင်တာနက်တောင် မသုံးဖြစ်တော့ဘူး။ မီးကလည်း ကျွန်တော်တို့ မြို့ထဲပိုင်းတွေတောင် အခု အလှည့်ကျစနစ်နဲ့ ဖြစ်နေတော့ အင်တာနက်ကဖေးသွားလည်း မီးစက်သံတွေနဲ့ နားငြီးတာနဲ့ ဘလောခ့်ရေးရမှာ ပျင်းနေခဲ့တယ်။
linux က ကွန်မန့်မှာ အကြံပေးခဲ့တဲ့ ကို MBl0gger, အမ သဉ္ဖာ, နောက် ဘယ်သူမှန်းမသိတဲ့ Annoymous တို့ အကြံပေးတဲ့ အတိုင်း ကျွန်တော် တစ်ခုပြီးတစ်ခု အိမ်မှာစမ်းနေတာ။ ပထမ မြို့ထဲမှာ အခွေလိုက်ရှာတော့ linux အခွေတွေက version တွေက တော်တော်နိမ့်တာတွေပဲ တွေ့တယ်။ Ubuntu လိုက်ရှာတော့ ဘယ်မှာမှမတွေ့ဘူး ဒါနဲ့ Ubuntu နဲ့တူတယ်ဆိုတဲ့ gOS အခွေဝယ်လာပြီး စမ်းတင်ကြည့်လိုက်တယ်။ gOS က GUI တွေက အစိမ်းရောင်တွေ ကြည့်ပဲ ဒါကြောင့် gOS လို့ပေးထားတယ်မှတ်နေတာ မဟုတ်ဘူးဗျ Google App တွေ ထည့်ထားလို့ gOS ခေါ်တာတဲ့။ ဒါပေမယ့် သုံးရတာ ကျွန်တော်တော့ အဆင်မပြေဘူး အစိမ်းရောင်တွေကြည့်ပဲ ကြည့်ရလည်းဆိုးတယ်။ ဒါနဲ့ နောက်ထပ်မြို့ထဲမှာ အခွေရှာထွက်ရပြန်တယ် နောက်တော့ ဆိုင်တစ်ဆိုင်မှာ Red Hat, openSUSE, Fedora ခွေသုံးခွေ အသစ်တွေ့တာနဲ့ ၀ယ်ပြီး ပြန်စမ်းပြန်တယ် ခင်ဗျ။
ပထမ Red Hat တင်တယ် မဆိုးဘူးခင်ဗျ။ အဆင်ပြေတယ်။ နောက် Fedora တင်ကြည့်တယ် သူလည်း အဆင်ပြေတယ်။ GUI ကြိုက်တယ်။ နောက် openSUSE တင်ကြည့်တယ်။ သူလည်း အဆင်ပြေတယ်။ GUI လည်းလှပါတယ် ဒါပေမယ့် start button နေရာက ပုတ်သင်ညိုလို အကောင်ကြီးတော့ ကြည့်လို့မရဘူး။ တင်ကြည့်တာ linux အားလုံး အဆင်ပြေပါတယ် ခင်ဗျ။ ဒါပေမယ့် ကျွန်တော်တင်တာ Hard Disk တစ်လုံးထဲမှာ partition 6 ခုခွဲပြီး ပထမဆုံး Windows Server 2003 တင်ပါတယ်။ နောက် XP ။ နောက် Vista ပြီးမှ linux တွေတင်တာခင်ဗျ။ တင်လိုက်ရင် linux တစ်ခုတင်လိုက်ရင် အရင်တင်ထားတဲ့ linux ကို boot တက်တဲ့ အချိန်မှာ OS ရွေးခိုင်းတဲ့ အချိန်မှာ မမြင်ရတော့ဘူး ခင်ဗျ။ ကျွန်တော်တင်တုန်းက gOS စတင်တာခင်ဗျ။ ပြီး Red Hat လည်းတင်ရော gOS ကိုမမြင်ရတော့ဘူး။ Red Hat ပြီးတော့ Fedora တင်လည်း အဲဒီလိုပဲ Red Hat မမြင်ရတော့ဘူး။ Partition မတူတဲ့နေရာတွေမှာတင်တာပါပဲ ဒါပေမယ့် ဘယ်လိုဖြစ်လည်း ဆိုတာ သိတဲ့သူများ ပြောပေးကြပါဦး ခင်ဗျာ။ ကျန်တဲ့ Windows OS ၃ ခုကတော့ မပျောက်ပါဘူး ဘာတင်တင် ပျောက်တာက အရင်တင်တဲ့ linux ပါပဲ။ နောက်ဆုံးတင်တဲ့ linux ပဲ ပေါ်ပါတယ်။ ကျွန်တော်ထင်တာကတော့ boot တက်တဲ့ အချိန်မှာ OS ရွေးခိုင်းတဲ့နေရာမှာ linux အကုန်လုံးက အမြဲလိုလို သူတို့ OS ကို default ထားပြီး နောက်ခံပုံတွေကို သူတို့ OS ဒီဇိုင်းပြောင်းတာတွေ့တယ်ခင်ဗျ။ အဲဒီဖိုင်တွေ အချင်းချင်း ထပ်ကုန်လို့လို့ထင်တာပဲ ခင်ဗျ။
လောလောဆယ်တော့ မြို့ထဲကဆိုင်မှာ Ubuntu 7.10 အခွေရှာလို့တွေ့ပါပြီ။ စမ်းတင်ကြည့်လိုက်ဦးမယ်။ Kubuntu ကတော့ ရှာလို့မတွေ့သေးဘူး။ ဒေါင်းလုဒ်လုပ်ဖို့ကတော့ မလွယ်ဘူး ကဖေးကသုံးတာဆိုတော့ အဲဒီဖိုင် ဒေါင်းလုဒ်လုပ်ရင် တစ်လလောက် ပိုက်ဆံပြတ်သွားနိုင်တယ် =)။ ကွန်နက်ရှင်ကလည်း mp3 တောင် ဘုရားတ ဒေါင်းလုဒ်လုပ်ရတာ =) ။ လောလောဆယ်တော့ အိမ်မှာ စက်မြင့်လိုက်လို့ ဂိမ်းတွေဆော့လို့ရသွားပြီ။ ဂိမ်းမဆော့ဘူးတာ တော်တော်ကြာပြီခင်ဗျ။ အရင် စက်က graphic က 64 ပဲရှိတာ ပြီးတော့ တော်တော်ရွဲနေပြီ စာလုံးသေးလေးတွေဆို ဖတ်လို့မရဘူး။ ၃ ရက်လောက်မြို့ထဲမှာ စက်မြင့်ဖို့ ဆိုင်တော်တော်များများ (အကုန်နီးပါး) ဖုန်းနဲ့ တမျိုး လူကိုယ်တိုင်ကော ဈေးတွေလျှောက်မေးပြီးမှ ဈေးလည်းမှန် ပစ္စည်းလည်း မှန်တဲ့ဆိုင်ကို ရှာပြီးဝယ်လိုက်တာ ဘလောခ့်တောင် မရေးအားဘူး ဖြစ်သွားတယ်။ အခုဆို ကွန်ပျူတာပစ္စည်း ၀ယ်ချင်ရင် ကျွန်တော်လမ်းညွှန်ပေးလို့ရပြီ =) တချို့ဆိုင်တွေက သက်သာတယ် 4 ထောင် ၅ ထောင်လောက်ကွာတယ်။ ကျွန်တော်ဝယ်တဲ့ mainboard ဆိုရင် တချို့ဆိုင်တွေက တရားဝင် ကိုယ်စားလှယ်က မယူထားဘဲ နယ်စပ်က သွင်းတဲ့ဆိုင်တွေဆို warranty 1 နှစ်ပဲပေးကြတယ် တရားဝင်ကိုယ်စားလှယ်ဆီက ယူတဲ့သူတွေက ၂ နှစ်ပေးတယ်။ ဈေးကျတော့လည်း လျှော့ပေးသေးတယ် ၁ သောင်းကျော်တောင်ကွာတယ်။ ပိုက်ဆံ နဲနဲပဲကွာပေမယ့် အဲဒီလို ဈေးသက်သာတဲ့ ဆိုင်က၀ယ်လိုက်တော့ နောက်ထပ် RAM တစ်ကဒ်ဖိုးလောက်တော့ ရနိုင်တယ် မဟုတ်လား။ အခုတော့ အဆင်ပြေသွားပါပြီ ဘလောခ့်ပြန်ရေးပါတော့မယ်။
