Turn Your Windows Interface to Apple Mac OS X Leopard Interface
ကျွန်တော်တို့တွေ Microsoft Windows ကို သုံးရင်း တခါတလေ Apple ရဲ့ Mac OS ကို စိတ်ကူး ကြည့်မိကြမယ် ထင်ပါတယ်။ ကျွန်တော်က တကယ်တော့ Apple နဲ့ ပက်သက်လို့ အတွေ့အကြုံ လုံးဝမရှိပါဘူး။ ကျွန်တော် ပထမဆုံး စကိုင်ဘူးတဲ့ ကွန်ပျူတာက Apple ရဲ့ Mac ကွန်ပျူတာပါ။ ငယ်ငယ်တုန်းက ကျောင်းမှာ Multimedia Class Room လုပ်မယ် ဆိုတုန်းက သူများတွေ လှူထားတဲ့ Apple အဟောင်းတစ်လုံးကို စသုံးဖူးတာပေါ့။ မကြာပါဘူး Class Room မဖွင့်ခင် ၂ ပတ်လောက်ပဲ ကိုင်လိုက်ရတယ် ဖွင့်လည်းပြီးရော လုံးဝကို မကိုင်ရတော့ဘူး။ အခုတော့ Mac ဆိုတာ မေ့ကိုနေပြီ။ =) မဆိုင်တာတွေ ပြောနေမိပြီထင်တယ်။ ကျွန်တော်တို့ အခု Microsoft ရဲ့ Windows XP Graphical User Interface ကို Apple ရဲ့ Mac OS X Leopard ဒီဇိုင်း ပြောင်းကြည့် ကြရအောင်။ ဘယ်လိုပြောင်းမလဲဆိုတော့ Fly A Kite OSX (Version 3) ဆိုတဲ့ software ကို သုံးပြီးတော့ပါ။ သူ့ကို Download လုပ်ပါ။ free ရတာပါ။ Windows မှာပဲ တင်လို့ ရပါတယ်။ 25 MB လောက်ရှိပါတယ်။ နောက် ပြီးရင် install လုပ်ပြီး reboot လုပ်ရင် အားလုံး ပြောင်းပြီးသား ဖြစ်သွားမှာပါ။ ဒီ software မှာ တစ်ခုကောင်းတာက ဆော့ဝဲကို မသွင်းခင် system restore point လုပ်ပေးနိုင်တာက တစ်ခုခုမှား သွားခဲ့ရင် နဂိုအတိုင်း ပြန်ပြင်ယူနိုင်တာပါ။
နောက် သူက အခြား transformation pack တွေထက် သာတာက log in screen တွေ log in sound တွေ click sound တွေက အစ OS X အတိုင်းပြောင်းပေးသွားတာပါ။ နောက် task bar ကိုလည်း အပေါ်ကို ရွှေ့ပေးပြီးသားပါ နောက် အောက်ဘက်မှာ ကျွန်တော် ပုံမှာ ပြထားတဲ့ အတိုင်း OS X လို object dock တစ်ခုပါ ထည့်ပေးသွားမှာပါ။ နောက် system icons တွေကော အကုန်ပြောင်းသွားပါတယ်။ ကျွန်တော် အခု Fly A Kite OSX ကို Windows XP မှာ တင်ထားတာပါ။ သူက အရင်အဟောင်း Windows Version တွေပါ support လုပ်ပါတယ်။ တစ်ခုပဲ Windows Vista မှာ ရမရတော့ ကျွန်တော် မသိပါဘူး။ စမ်းလည်း မကြည့်ဖြစ်ဘူး ဘာလို့လည်းဆိုတော့ တင်လိုက်လို့ ဘာမှ မထိနိုင်ပေမယ့် ကျွန်တော့် Vista sidebar က gadgets တွေ setting ပြန်ချိန်ရမှာ ပျင်းလို့ပါ =)။ အခြား Mac OS X ပုံစံပြောင်းတဲ့ ဆော့ဝဲတွေ Stardock, Wincustomize တွေ ရှိပေမယ့် သုံးမိသလောက် ဒီတစ်ခုက Mac OS X Leopard နဲ့ အားလုံးနီးပါး ဆင်တူအောင် လုပ်ပေးနိုင်လို့ ပိုကြိုက်ပါတယ်။ ကျွန်တော်တို့ Windows GUI တွေကို ပျင်းလာတဲ့ အခါဒီ Fly A Kite OSX ကို စမ်းသုံးကြည့်ကြတာပေါ့ =) ။ ပျော်ရွှင်ပါစေ။
P.S - ဒီ Fly A Kite OSX ဆိုဒ်မှာ အခြား skin တွေလည်း ရနိုင်ပါတယ် WinDVD, MSN, WinRAR, PowerDVD (CyberLink) skins တွေပါရနိုင်ပါတယ်။Microsoft, Apple, Windows XP, Mac OS X Leopard, Operating System, Download, Macintosh, GUI
