Gmail Add New Feature - Custom Time

Gmail မှာ ပြီးခဲ့တဲ့ ၃ ရက်လောက်က feature အသစ်တစ်ခု Google က ပေါင်းထည့်ပေး လာပါတယ်။ အဲဒါကတော့ codenamed "Custom Time" လို့ ခေါ်တဲ့ ကိုယ်ကြိုရေးထားတဲ့ email ကို Gmail က သိမ်းထားပေးပြီး သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် အလိုလျောက် send လုပ် သွားတာပါ။ ဒီပုံစံနဲ့ အလားတူ ကိုယ်တင်ချင်တဲ့ အချိန် blog မှာပို့စ်တင် အောင် လုပ်တာကိုလည်း Google က ပြီးခဲ့တဲ့ အပတ်လောက်က Draft Blogger မှာ ထည့်ပေးခဲ့ပါသေးတယ်။ Time Schedule Posts In Draft Blogger ဆိုပြီး ကျွန်တော် ရေးခဲ့ပြီးပါပြီ။ အရင်က ကျွန်တော်တို့ ဒီလို feature ပုံစံ mail တွေပို့ချင်ရင် အခြားဆိုဒ် ဥပမာ mailfreezer လိုဆိုဒ်မှာ သွားပို့ရပါတယ်။ အခုတော့ Gmail မှာ ပေါင်းထည့်လိုက်ပြီ ဖြစ်လို့ အဆင်ပြေသွားပါပြီ။ သူက အနာဂတ်မှာ ရောက်မယ့် အချိန်တင် ပို့လို့ ရတာ မဟုတ်ပဲ ပြီးခဲ့တဲ့ အတိတ် နေ့စွဲတွေ နဲ့လည်း ပို့လို့ ရပါတယ်။ ဒါပေမယ့် အတိတ်နေ့တွေ အတွက် အကန့် အသတ်တော့ရှိပါတယ်။ ဘာလည်းဆိုတော့ April 1, 2004 အထိပဲရနိုင်မှာပါ။ Gmail ကို စပြီး launched လုပ်ခဲ့တဲ့ နေ့အထိပဲပေါ့။ အဲဒီထက် ဘာလို့ ထက်စောပြီး လုပ်လို့ မရလည်းဆိုတာကို Mountain View Company က ဒီလို ပြောထားပါတယ် "If we were to let you send an email from Gmail before Gmail existed, well, that would be like hanging out with your parents before you were born -- crazy talk." ဒီ feature အသစ်ကို ဘယ်နေရာမှာ အသုံးချလို့ရသလဲ ? ဒါကတော့ဗျာ သူငယ်ချင်းမှာ ရည်းစားရှိရင် သူ့မွေးနေ့ date မတိုင်ခင် ကတည်းက sweet heart ...... ဘာညာ ဘာညာ ရေးထားပြီး မွေးနေ့ date နဲ့ ပို့ထားလိုက်ပေါ့။ တကယ်လို့ မွေးနေ့ရောက်ခဲ့ email မပို့လို့ ပြသနာ မတက်တော့ဘူးပေါ့ =) ။ အဲဒီနေ့မှာ ဘာမှလုပ်စရာ မလိုတော့ဘူးပေါ့။ ကဲ ဒီလောက်ဆို အသုံးတည့်မှန်း သိလောက်ပြီပေါ့နော်။ ပျော်ရွှင်ပါစေ။

Technorati TagGmail, email, Google, Custom Time

AddThis Social Bookmark Button



Earn $$ with WidgetBucks!

RecentPosts

RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font