Wordpress 2.4 will release in January 2008

The official web site of Wordpress already released information about Wordpress 2.4 that is expected to completed by January 24, 2008.

Among the new features are:

* The redesign of administration panel.
* Widget-based administration panel.
* The ability to ctrl+z (undo) in comment editing.
* System search for both posts and pages.

via : Wordpress And Akoogle

Technorati TagWordpress, Wordpress 2.4, Blogging News

Related Post

  • Moving From Blogger to Wordpress

  • AddThis Social Bookmark Button

    Happy Birthday To Helena

    မွေးနေ့မှာ ပျော်ရွှင်ပါစေ ဒေါ်လေး

    AddThis Social Bookmark Button

    Reaper's Death Notes

    အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် template ပြင်တဲ့ ကိစ္စကို ဒီနေ့ရပ်လိုက်ပြီး ဘလောခ့်လည်း ပြန်ဖွင့်လိုက်ပါပြီ။ စိတ်ထဲမှာ template ကို ထပ်ပြင်ဖို့စဉ်းစားထားပေမယ့်။ ဘလောခ့်ပိတ်ထားတာ အချိန်ကြာသွားမှာ စိုးလို့ ပြန်ဖွင့်လိုက်တာပါ။ အမှန်တော့ template က မပြီးသေးပါဘူး။ ပို့စ်ခေါက်တာတို့နောက် အခြား ဟာတွေလည်းပြင်ချင်ပါသေးတယ်။ web desing tutorial ဆိုဒ်တွေ သွားပြီး အဲဒီကဟာတွေ စမ်းရင် ပြသနာတက်လိုက် ပြင်လိုက် စမ်းလိုက်နဲ့ တပတ်လောက် ကြာသွားတာပါ။ ကုဒ်အကြောင်းဘာမှမသိတော့ ပြင်ရင်း ပြင်ရင်းခေါင်းတွေ မူးလာတာပဲ။ အခုပြောင်းလိုက်တဲ့ ဒီဇိုင်းက အရင် template ထက်တော့ loading time မြန်မှာပါ။ နောက် ဖတ်ရတာလည်း ရှင်းလိမ့်မယ်လို့ ထင်တယ်။ နောက်ခံအဖြူ ပြောင်းလိုက်တော့ ရှင်းမှာပါ။ template က Wordpress လို ဒီဇိုင်းမျိုးပါ Jack Book က ယူထားတာပါ။ ပြီးမှ နောက်ခံပုံတွေ အကုန် ပြန်ပြင်လိုက်တာပါ။ CBox ကိုလည်း sidebar မှာ မထားတော့ပဲ သတ်သတ် ခွဲထုတ်လိုက်ပါတယ်။ အပေါ်က CSS menu မှာ Chat Box ဆိုတာနှိပ်ရင် ရပါတယ်။


    အရင်လို mp3 ပလေယာလည်း ထည့်မထားတော့ပါဘူး။ ဘယ်သူမှနားထောင်မှာ မဟုတ်လောက်ဖူးထင်လို့ပါ။ သီချင်းတင်ရင်လည်း ပို့စ်ထဲမှာပဲထည့်ထားပါမယ်။ နောက် အခြား ယူဇာတွေ မသုံးဘူးထင်တဲ့ widget တွေ ဖြုတ်ပစ်လိုက်ပါတယ်။ ၀င်ငွေလေးများရမလားဆိုပြီး Ads နည်းနည်း ထည့်ထားပါတယ်။ စိတ်ဝင်စားရင် ကလစ်နှိပ် အားပေး သွားနိုင်ပါတယ် =P ။ နောက် ပို့စ်တွေမှာ Rating လည်းထည့်ထားပါတယ်။ ကွန်မန့်မရေးတောင် Rating လေးတော့ လုပ်ပေးသွားကြဖို့ မေတ္တာရပ်ခံပါရစေ။ အစက Blog Catalog Recent Readers ပါထည့်ဖို့ စဉ်းစားပေမယ့်။ Blog Catalog က မြန်မာ ယူဇာက မရှိသလောက်နည်းလို့ မထည့်ဖြစ်တော့ဘူး။ နောက် categories ကိုလည်း ကျွန်တော် အရေးများတဲ့ အကြောင်းအရာတွေပဲ စီထားလိုက်တယ်။ လောလောဆယ်တော့ ကျွန်တော့် template မှာ အဲဒါတွေပဲ ထည့်ရပါသေးတယ်။ နောက် အားရင် အားသလို ကလိပါဦးမယ်။ တကယ်လို့ ကျွန်တော့်ဘလောခ့်လာတဲ့ အခါ ပုံမှန်မဟုတ်တာတွေ တွေ့ရင် ကျွန်တော်ကလိနေလို့ဆိုတာ သည်းခံပေးပါဦး။ အခုလောလောဆယ် template ကို ဘယ်လိုမြင်လည်း ဘာတွေလိုလည်း ပြောပေးသွားပါဦး။

    AddThis Social Bookmark Button

    ဘလောခ့်ရေးခြင်း ခဏနားခွင့်ပြုပါ

    ကျွန်တော် ဘလောခ့်ရေးခြင်းကို မနားချင်ပဲ ခဏနားပါဦးမယ်။ စာမေးပွဲဖြေစရာရှိလို့ပါ။ ပို့စ်တွေ အများကြီးရေးဖို့ စိတ်ထဲမှာရှိနေပေမယ့် စာမေးပွဲရှိနေလို့ အခုလကုန် ဒီဇင်ဘာမှ ပြန်ရေးပါမယ့်။ template အသစ်ကလည်း ပြင်နေတုန်းမို့ လကုန်မှပဲ ပြောင်းပါ့မယ်။ အလည်လာကြတယ့် သူငယ်ချင်းတွေရော subscribe လုပ်ဖတ်နေတဲ့ သူငယ်ချင်းတွေရော အားလုံး ကျေးဇူးပါ။

    AddThis Social Bookmark Button

    \m/ Greatest Metal Fan Ever \m/

    I know you'll hate this music. But, you see those greatest men love metal!!
    Damn it!!! They Rock!!! \m/ \m/







  • tipsqueal @ flickr

  • AddThis Social Bookmark Button

    အိတ်ထဲမှာ ဘာပါလဲ ?



    အမ ဒီမို နဲ့ အမ ဘာညာက မနေ့က ကျွန်တော့်ကို အိတ်ထဲရှိတာသွန်ဖို့ tag ပါတယ်။ ကျွန်တော့် အိတ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ ရေးပေးဖို့တဲ့။ ကျွန်တော်က ဘယ်သွားသွား wallet သာမပါရင်နေမယ်။ အိတ်မပါရင် မနေတတ်ဘူး။ ကျောပိုးအိပ်ဖြစ်ဖြစ် ဘေးလွယ်အိတ်ဖြစ်ဖြစ် တခုခုတော့ပါတယ်။ အိတ်ပေါ့နေရင် လည်းမနေတတ်ဘူး။ အိတ်ထဲက ပစ္စည်းတွေ ဘာတွေပါလည်း ဆိုတော့ ထုတ်ကြည့်လိုက်မယ်။

  • 1 - ကျောင်းသားကတ်ပေါ့ မပါမဖြစ်ပဲ။ မပါရင် ကျောင်းထဲ လက်မှတ်ထိုးပြီး ၀င်ရတယ်။

  • 2 - old model casio fx-991MS calculator ပါတယ်။ သချာင်္တွက်ရမှာ ပျင်းပေမယ့် ဘာသာတိုင်းလိုလိုက လိုနေပြန်တော့ သယ်ရတယ်။ အမြဲပဲ။ စာမေးပွဲမှာဆို ခဲတံနဲ့ constant တွေ အလွတ်မကျက်ချင်လို အဖုံးမှာ ရေးသွားတတ်တယ်။ =P

  • 3 - ခဲတံ တစ်ချောင်း၊ ဘောပင်တစ်ချောင်းရယ် နောက် အရောင်မှိန်နေတဲ့ line pan တစ်ချောင်းပါတယ်။ ပေတံတော့မရှိဘူး ကျောင်းသားကဒ်နဲ့ပဲ ဆွဲလိုက်တာပဲ။ စာအုပ်ထဲ စာရှိဖို့ထက် ခေါင်းထဲစာရှိဖို့က ပိုအရေးကြီးတယ် မဟုတ်လား။ =P ဒါကြောင့် ပေတံ မရှိဘူး တခါတရံ ခဲတံ ပါမေ့ကျန်တတ်တယ်။

  • 4 - Name card အချို့နဲ့ Phone စာအုပ်။ အရေးပါတယ်။ မှတ်ပုံတင်နံပါတ်တွေ၊ ကျောင်းဝင်နံပါတ်၊ ၁၀ တန်း ခုံနံပါတ် တွေ မှတ်ထားတယ်။ ဖုန်းနံပါတ်ဆို မှတ်ရမှာပျင်းလွန်းလို့ ဆောင်ထားရတယ်။ ဘယ်ဖုန်းနံပါတ်မှ ကိုယ့်ဖုန်းနံပါတ်တောင် တခါတလေ မှန်လားမှားလား ရှေ့နောက်လွဲနေလား သိတာမဟုတ်ဘူး။ ဂဏန်းဆို လူက မမှတ်ချင်တော့ဘူး။



  • 5 - mp4 player နဲ့ usb cable အရေးအကြီးဆုံးပဲ။ သီချင်းနားမထောင်ရရင် မနေနိုင်လို့။ အိမ်ကနေထွက်ရင် ဘယ်တော့မှ မေ့မကျန်ခဲ့ဘူး။ ကျောင်းစာအုပ်သာ မပါရင်နေမယ်။ အိမ်က စပြီးခြေလှမ်းလှမ်းကတည်းက သီချင်းနဲ့ စလှမ်းတာဆိုတော့ မပါရင် မနေတတ်တော့ဘူး။ cyber cafe မှာ သုံးရင်လည်း သူနဲ့ပဲ portable applications တွေ နဲ့ သုံးတယ်။ အိမ်အပြန် data သယ်တယ်။ ipod နဲ့ တပုံစံထဲပဲ။ ipod တော့ မဟုတ်ဘူး။ i pood =P 1 GB ပဲ ဆံတယ်။

  • 6 - မပါမဖြစ်ပဲ Sony Ericsson K800i ဖုန်းက bluetooth သုံးတယ်။ camera ကို ကြိုက်တာ။ ပုံထွက်ကောင်းလို့။ အမ ဒီမို ဖုန်းလည်း K800i ပဲ။ အမ ဒီမို ဖုန်းက James Bond ကိုင်တဲ့ silver ရောင် ကျွန်တော်က လိုက်ရှာတာ ဘယ်မှာမှ မရလို့ အနက်ရောင်။ ဖုန်းက တစ်နေ့မှ အလွန်ဆုံး ၃ call လောက်ပဲခေါ်တယ်။ ဘော်ဒါမှ မရှိတာ ဆက်စရာလည်းမရှိဘူး။ တချို့ ရက်တွေမှာ အ၀င် call အထွက် call မရှိ။ cyber cafe ထဲမှာဆို လိုင်းမမိတော့ ဖုန်းမလာဘူး။ ဖုန်းက web browser လေးနဲ့ mobile Internet ရလာမယ့်နေ့ကို အခုထိ အိမ်မက်မက်နေတုန်းပဲ။

  • 7 - နောက်ကျောင်းစာအုပ် ၄ အုပ်လောက်ပါတယ်။ linux အကြောင်း အခြေခံသင်နေတော့ linux စာအုပ် ၂ အုပ်ပါတယ် ။ wireless network ဖတ်စာအုပ်ပါတယ်။ ရေးတဲ့ စာအုပ်က ပျောက်သွားပြီ။ =P

  • 8 - နောက် ပိုက်ဆံ အကြွေအတော်များများရယ် အတန်ကြီးနဲနဲရယ်ပါတယ်။ ပိုက်ဆံကို wallet ထဲ ထည့်တဲ့ အကျင့်မရှိဘူး။ ကျောပိုးအိပ် အနောက် အပေါ်နားက အိတ်လေးထဲမှာပဲ အမြဲထည့်တယ်။ wallet နဲ့ဆို အလုပ်ရှုပ်လို့။ တခါတရံ အိတ်ထဲမှာပဲ စာအုပ်တွေနဲ့ ရောထည့်ထားတာပဲ။

  • 9 - လက်ကိုင်ပ၀ါ။ မိန်းကလေးတွေကိုင် သလို Pooh တွေ Mickey Mouse ပုံတွေနဲ့တော့ မဟုတ်ဘူး။ UK အလံနဲ့ ပ၀ါ ထည့်ထားတာ။ ချွေးသုတ်ဖို့ မဟုတ်ဘူး ဂစ်တာ သုတ်ဖို့ ထည့်ထားတာ။ tissue ဆောင်တဲ့ အကျင့်မလုပ်ဘူး ပိုက်ဆံကုန်လို့။

  • 10 - ဘီးကုပ် နဲ့ ခေါင်းစည်းကြိုး။ ဘီးတော့ မဆောင်တတ်ဖူး။ မှန်လည်း မယူတတ်ဖူး။ ဘီးကုပ် နဲ့ ခေါင်းစည်းကြိုးက အရင် ဆံပင်ရှည်တုန်းက ယူနေကျကနေ အခု ဆံပင် အတို ညှပ်လိုက်ပေမယ့် ယူနေတုန်းပဲ။ ဆံပင် အရှည်ပြန်ထားမလို့။ အခု ဆံပင်နဲနဲ ပြန်ရှည် လာနေပြီ။

  • 11 - Oxford eng to eng dictionary ပါတယ်။ english grammar ရေးတတ်ချင်လို့ အမြဲထည့်ထားတာ ၂ ပတ်လောက်ပဲ ရှိသေးတယ် ထည့်ထားတာ။ meaning က မပိုင် vocabulary က မသိ idiom ဆို လုံးဝမရတော့ ဆောင်ထားရတယ်။

    အိတ်ထဲမှာရှိတာ အဲဒါ အကုန်ပဲ အရင်က ခေါက်ထီး ၁ ချောင်းပါတယ်။ အခု မိုးမရွာတော့ဘူးထင်လို့ မဆောင်တော့ဘူး။ ဟိုနေ့ကတော့ မိုးရေချိုးပြီး အိမ်ပြန်လိုက်ရတယ်။ November Rain ပေါ့။ ကျောပိုးအိတ်က မပါမဖြစ်ပါပဲ။ အိတ်ထဲက ပစ္စည်းတွေကလည်း မပါမဖြစ်ပဲ။ ။

  • AddThis Social Bookmark Button

    Addicted To Technorati

    AddThis Social Bookmark Button

    Subscribe

    Reaper's RSS


  • Subscribe By Feed Reader




    ကျွန်တော့် ဘလောခ့် Reaper's Death Notes ကို Feed Reader တွေက နေဖတ်နိုင်ပါပြီ။ Reader တွေကနေ Reaper's Death Notes ရဲ့ပို့စ် အသစ်တွေကို စောင့်ဖတ်ရုံပါပဲ။ ဘလော့ခ်ကို ဘန်းထားလည်း Reader ကနေ အလွယ်တကူ ဖတ်နိုင်ပါတယ်။ သင် နှစ်သက်ရာ reader ကို dropdown ကနေ select လုပ်ဖတ်ရုံပါပဲ။ အဲဒီလို ဖတ်ဖို့ သက်ဆိုင်ရာ Feed Reader ဆိုဒ်မှာ အကောင့်လုပ်ထားဖို့ လိုပါတယ်။ သင့်မှာ အကောင့်တခုမှ မရှိသေးရင်တော့ ရိုးရှင်းပြီးလွယ်ကူတဲ့ Google Reader ကို သုံးဖို့ အကြံပေးပါရစေ။

  • Subscribe By Email

    Enter your email address:

    Delivered by FeedBurner



    Reaper's Blog ရဲ့ပို့စ် အသစ်တွေကို Feed Reader မသုံးပဲ သင့်ရဲ့ email ကနေ တိုက်ရိုက် ဖတ်နိုင်ပါတယ်။ email နှင့် ဖတ်ဖို့က အပေါ်က ပေးထားတဲ့ box ထဲမှာ သင့် email ရိုက်ပြီး Subscribe လုပ်ရုံပါပဲ။ အဲဒီနောက်မှာ ပေါ်လာတဲ့ web page ထဲက security code ကို ရိုက်ထည့်ပါ။ ပြီးရင်တော့ နောက် ၅ မိနစ်ခန့် အတွင်းမှာ သင့် email ကို စာတစ်စောင် ရောက်လာပါလိမ့်မယ်။ အဲဒီစာမှာ ပေးထားတဲ့ verify လုပ်ဖို့ link ကို ကလစ် လုပ်လိုက်ပါ။ ဒါဆိုရင်တော့ သင့် email ကို Reaper's Blog မှာ ပို့စ်အသစ် တင်တဲ့နေ့တွေမှာ စာတစ်စောင်နဲ့ အတူ နောက်ဆုံး တင်လိုက်တဲ့ ပို့စ်တွေကို email နှင့် ဖတ်နိုင်ပါပြီ။ ပို့စ်အသစ် တင်တဲ့အခါမှသာ စာလာမှာပါ။ မတင်တဲ့နေ့တွေမှာ စာလာမှာ မဟုတ်ပါဘူး။ ပြီးတော့ သင် စိတ်ပူစရာမလိုပါဘူး သင် ထည့်လိုက်တဲ့ email ကို အများကို ပြသမှာမဟုတ်ပါဘူး၊ email ကိုရောင်းမှာ မဟုတ်ပါဘူး၊ spam mail လည်း ပို့မှာ မဟုတ်ပါဘူး၊ Reaper's Blog ရဲ့ updated posts က လွဲပြီး ကျန်တာ ဘာမှပို့မှာ မဟုတ်ပါဘူး။ သင် အလိုရှိတဲ့ အချိန်မှာပြန်ပြီး unsubscribe လုပ်နိုင်ပါတယ်။


  • Subscribe Updated posts Headlines By Your Browser

    Reaper's Blog ရဲ့ Updated Posts တွေရဲ့ ခေါင်းစဉ်တွေ (Headlines) တွေကို သင့်ရဲ့ Web Browser ကနေ တိုက်ရိုက် ကြည့်နိုင်ပါတယ်။ Firefox 2.0 + နှင့် Internet Explorer 7+ တွေမှာ ရနိုင်ပါတယ်။ အောက်မှာ ပေးထားတဲ့ လင့်ကို copy ကူးပြီး Browser က Add Bookmark ( Ctrl+D , mostly) က Properties မှာ ထည့်ပေးရုံပါပဲ။

    Copy and Paste into Browser Bookmark Properties or RSS Properties

    http://feeds.feedburner.com/tayzar44



  • AddThis Social Bookmark Button

    What Kind Of Blogger Are You?

    သင်က ဘယ်လို ဘလောခ့်ဂါ တစ်ယောက်လည်း? သိချင်လား စမ်းကြည့်ရအောင်။ မေးခွန်းလေးတွေ ဖြေကြည့်ပါပြီးရင် သင့် result ကို code နဲ့ ယူပြီး ဘလောခ့်မှာ တင်နိုင်ပါတယ်။ ကျွန်တော်လား ကျွန်တော့်ကို link blogger လို့ပြောတယ်။ ဟုတ်မှာပါ။ ကျွန်တော်ပို့စ်ရေးတိုင်း ပို့စ်နဲ့ သက်ဆိုင်တဲ့ related link တွေကို video ဖြစ်ဖြစ် ကိုးကားစရာ ဆိုဒ်တွေ ဖြစ်ဖြစ် အတတ်နိုင်ဆုံးရှာထည့်ပေးပါတယ်။ အခြား မြန်မာဘလောခ့်တွေမှာ အကြောင်းအရာတူတွေ ရှိရင် ပို့စ်မှာ လင့်လုပ်ထည့်တယ်။ သီချင်းတွေဆိုလည်း related links တွေနဲ့ ထည့်ပေးပါတယ်။ ဒါကြောင့်လို့ ထင်တယ်။ မိတ်ဆွေလည်း စမ်းကြည့်နိုင်ပါတယ်။

    You Are a Link Blogger!

    Your blog is more about cool links than thougtful posts.
    Better to be entertaining and breif than longwinded and boring!


    Related Posts
  • Blogger Spelling Test
  • How Addicted To Blogging Are You?

    Technorati Tags: , , , , , , ,

  • AddThis Social Bookmark Button



    Earn $$ with WidgetBucks!

    RecentPosts

    RecommededAds

  • AuctionAds
  • Agloco
  • Earn $$ with WidgetBucks
  • Monetize your Website or Blog with BidVertiser
  • Download

  • Myanmar Font